Monday, December 24, 2012

ကချင်ပြည်နယ် ဝန်ကြီးချုပ် ဒေသ ဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်

Posted by drmyochit Monday, December 24, 2012, under | No comments

Monday, 24 December 
အဖွဲ့နှင့် ကချင်ပြည်နယ် နယ်စပ် ဒေသနှင့် တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနတို့အား ရှင်းလင်း တင်ပြခြင်း အခမ်းအနားကို ပြည်နယ် အစိုးရ အဖွဲ့ရုံး အစည်းအဝေး ခန်းမ(၂)၌ ကျင်းပရာ နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန ကချင်ပြည်နယ် ဒေသကြီး ကြပ်ရေးမှူး ဒုတိယ ညွှန်ကြား ရေးမှူး ဦးဇော်ဝင်းအောင်က နတလ ဦးစီး ဌာနနှင့် WFP တို့ အကောင် အထည်ဖော် ဆောင်ရွက်နေ မှုများ၊ Mr. Kai . Alexander. Roehm (Head of Program. Unit, WFP, Country ,Office) က ကုလသမဂ္ဂ ကမ္ဘာ့ စားနပ်ရိက္ခာ အစီအစဉ် (PRRO- 2000299) ၂ဝ၁၃-၂ဝ၁၅ တွင် ဆောင်ရွက်မည့် စီမံကိန်းနှင့် စပ်လျဉ်း၍ လည်းကောင်း ရှင်းလင်း တင်ပြ ကြသည်။

ထို့နောက် ပြည်နယ် ဝန်ကြီးချုပ် ဦးလဂျွန်ငန်ဆိုင်းက ကုလ သမဂ္ဂ ကမ္ဘာ့ စားနပ် ရိက္ခာ အစီအစဉ် (PRRO- 2000299) ၂ဝ၁၃-၂ဝ၁၅ တွင် ဆက်လက် ဆောင်ရွက်မည့် စီမံကိန်း များနှင့် စပ်လျဉ်း၍ သိလိုသည် များကို မေးမြန်း ဆွေးနွေးသည်။

ဆက်လက်၍ ဒီဇင်ဘာ ၁၉ ရက် နံနက် ၉ နာရီက ဧရာဝတီဘဏ် လီမိတက် (မြစ်ကြီးနား ဘဏ်ခွဲ) ဖွင့်ပွဲ အခမ်းအနားကို ကချင်ပြည်နယ် မြစ်ကြီးနားမြို့ မြို့မရပ်ကွက် အမှတ်(၆၄) ဗိုလ်ချုပ် အောင်ဆန်းလမ်း၌ ကျင်းပရာ ပြည်နယ် လုံခြုံရေးနှင့် နယ်စပ် ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး သန်းအောင်၊ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီး ဦးညွန့်အောင်၊ ဂျိတ်လင်းန် ကုမ္ပဏီ ဥက္ကဋ္ဌ ဦးယွပ်ဇော်ခေါင်၊ ဧရာဝတီ ဘဏ်ခွဲ အုပ်ချုပ်မှု ဒါရိုက်တာ ဦးသန်းဇော်နှင့် ဦးလဖိုင် ခွန်ဆာတို့က အဆောက်အအုံ သစ်ကို ဖဲကြိုးဖြတ် ဖွင့်လှစ် ပေးကြပြီး ပြည်နယ် ဝန်ကြီးချုပ် ဦးလဂျွန်ငန်ဆိုင်းက ဘဏ်ဆိုင်းဘုတ်အား စက်ခလုတ်နှိပ် ဖွင့်လှစ် ပေး၍ ဘဏ်လုပ်ငန်းများ ဆောင်ရွက်မှုကို ကြည့်ရှု စစ်ဆေး ခဲ့ကြောင်း သိရသည်။

(မြ၀တီ)

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်