Monday, December 24, 2012

မြောက်ကိုရီးယားဒုံးကျည် အမေရိကန်သို့ ရောက်ရှိနိုင်ဟုဆို

Posted by drmyochit Monday, December 24, 2012, under | No comments

ဒီဇင်ဘာ ၁၂ ရက်နေ့က မြောက်ကိုရီယားက ပစ်လွှတ်ခဲ့သော အန်ဟာ-၃ တာဝေးပစ်ဒုံးကျည်တွင် ၅၀၀ မှ ၆၀၀ ကီလိုဂရမ်ရှိ ပေါက်ကွဲစေနိုင်သော ထိပ်ဖူးတစ်ခု တပ်ဆင်ထားမည်ဆိုပါက ကီလိုမီတာ ၁၀,၀၀၀ အကွာအဝေးအထိ ရောက်ရှိနိုင်မည်ဖြစ်ကြောင်း တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာနကဆိုသည်။ Posted on Dec 23 12 - 03:04 AM မြောက်ကိုရီးယားဒုံးကျည် အမေရိကန်သို့ ရောက်ရှိနိုင်ဟုဆို မြောက်ကိုရီးယားနိုင်ငံသည် ၎င်းတို့၏ တာဝေးပစ်ဒုံးကျည်အား အမေရိကန်ပြည်ထောင်စုအထိ ရောက်ရှိနိုင်သည်အထိ အဆင့်မြှင့်တင်မှု ပြုလုပ်ထားကြောင်း တောင်ကိုရီးယားက ပြောကြားလိုက်သည်။ ဒီဇင်ဘာ ၁၂ ရက်နေ့က မြောက်ကိုရီယားက ပစ်လွှတ်ခဲ့သော အန်ဟာ-၃ တာဝေးပစ်ဒုံးကျည်တွင် ၅၀၀ မှ ၆၀၀ ကီလိုဂရမ်ရှိ ပေါက်ကွဲစေနိုင်သော ထိပ်ဖူးတစ်ခု တပ်ဆင်ထားမည်ဆိုပါက ကီလိုမီတာ ၁၀,၀၀၀ အကွာအဝေးအထိ ရောက်ရှိနိုင်မည်ဖြစ်ကြောင်း တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာနကဆိုသည်။ အဆိုပါ အကွာအဝေးမှာ အမေရိကန်သို့ ရောက်ရှိနိုင်သည့် အကွာအဝေးလည်း ဖြစ်သည်။ ထို့အပြင် လေ့လာသုံး သပ်မှုများအရ မြောက်ကိုရီးယားသည် တာဝေးပစ်ဒုံးကျည်တွင် နျူကလီးယားထိပ်ဖူး တပ်ဆင်ပစ် လွှတ်နိုင်သော နည်းပညာကို အဆင့်မြှင့်တင် ဆောင်ရွက်ခဲ့ဖွယ်ရှိကြောင်းလည်း တောင်ကိုရီး ယားက ပြောကြားသည်။

ဂျပန်အစိုးရဟာ တောင်ကိုရီးယားသမ္မတအဖြစ် Park Geun-Hye ရွေးကောက်ခံရမှုနဲ့ ပတ်သက်ပြီး ၀မ်းမြောက် စွာ ကြိုဆိုကြောင်းပြောကြားခဲ့တယ်လို့ သိရပါတယ်။ Park Geun-Hye ဟာ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ က ကျင်းပပြီးစီးခဲ့တဲ့ တောင်ကိုရီးယားနိုင်ငံရဲ့ ရွေးကောက်ပွဲအတွင်း သူမရဲ့ ပြိုင်ဖက် Democratic United ပါတီခေါင်းဆောင် Moon Jae-in ကို အနိုင်ရရှိခဲ့ပြီး သူမဟာ တောင်ကိုရီး ယားနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီးသမ္မတ ဖြစ်လာခဲ့တာ ဖြစ်ပါတယ်။

ဂျပန်အစိုးရ အာဏာပိုင်တွေက ပတ်ဂင်ဟဲ ဟာ သံတမန်ဆက်ဆံရေးနဲ့ အတွေ့အကြုံ ပြည့်ဝနေတဲ့ နိုင်ငံ့ခေါင်းဆောင်တစ်ဦး ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ ပတ်ဂင်ဟဲ ကလည်း ဂျပန်နိုင်ငံဟာ တောင်ကိုရီး ယားနိုင်ငံရဲ့ အရေးပါတဲ့ အိမ်နီးချင်းနိုင်ငံ တစ်နိုင်ငံ ဖြစ်ကြောင်း ပြောကြားခဲ့ဖူးပါတယ်။ ဒါ့ကြောင့် တောင်ကိုရီးယားသမ္မတအဖြစ် ပတ်ဂင်ဟဲက တာဝန်လွှဲ ပြောင်းရယူချိန်မှာ ဂျပန်နိုင်ငံဟာ တောင်ကို ရီးယားနိုင်ငံနဲ့ နှစ်နိုင်ငံ ပိုမိုချစ်ကြည် ရင်းနှီးနိုင်မယ့် နည်းလမ်းေ တွ ဆွေးနွေးညှိနှိုင်းသွားမယ့် အစည်း အဝေး တစ်ရပ်ကို ကျင်းပဖို့ မျှော်လင့်ကြောင်း ဂျပန် နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားခဲ့ တယ် လို့ သိရပါတယ်။


From : mrtv4

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်