Monday, December 24, 2012

လက်ထပ်ပွဲဆင်နွှဲနိုင်ရန် အရပ် ၁၄ လက်မ ပိုရှည်အောင် ခွဲစိတ် ကုသခဲ့သည့် လူပု သတို့သမီး

Posted by drmyochit Monday, December 24, 2012, under | No comments

အမေရိကန်ပြည်ထောင်စု မန်ဆာ ချူးဆက်ပြည်နယ်မှ ခြေထောက်နှင့် လက်သာ မန်ထက် ပိုတိုနေသော အမျိုး သမီး တစ်ဦးသည် အရပ်ပိုမို ရှည်ထွက် လာစေရန် ခွဲစိတ် မှုနှစ်ကြိမ်ပြု လုပ်ခဲ့ပြီး နောက် အရပ် ၁၄ လက်မ ပိုရှည် ထွက် လာကာ သူမ၏ ချစ်သူနှင့် လက်ထပ်ပွဲ ဆင်နွှဲနိုင်ခဲ့ကြောင်း သိရသည်။

သူမသည် ခြေလက် အင်္ဂါများကို ခွဲစိတ်သည့် ပထမဆုံး သူဖြစ်ကြောင်း သူမအား ခွဲစိတ်ပေးသည့် ဆရာ ဝန် များ က ပြောကြား ခဲ့သည်။ သူမသည် အသက် ၈ နှစ်အရွယ်က ခြေထောက်များ ရှည်ထွက် လာစေရန် အတွက် ခြေသလုံး ရိုးအား ချိုးပြီး အရိုးများ ရှည် ထွက်စေရေး အနာခံ ခွဲစိတ်ကုသမှု ခံယူခဲ့ရသည်။ ၎င်း၏ အရိုး သည် ပထမအကြိမ် ခွဲစိတ်စဉ် ၁ဝ စင်တီမီတာ ရှည်ထွက်ခဲ့ပြီး အသက် ၁၅ နှစ်အရွယ် တွင် ဒုတိယ အကြိမ် ထပ်မံခွဲစိတ်၍ အရိုးများကို ဆန့်ထုတ်ခဲ့ရာ ၂၅ စင်တီမီတာ ရှည်ထွက်လာခဲ့သည်။

နှစ်ကြိမ် ခွဲစိတ်ပြီး အရပ်ရှည်ထွက်စေရန် ဆောင်ရွက်ခဲ့ရာတွင် အပြင်း အထန် နာကျင်မှု၊ အခန့်မသင့်လျှင် မသန် မစွမ်း ဘဝသို့ ရောက်ရှိနိုင် သည်ကိုမမှုဘဲ လုပ်ဆောင်ခဲ့သည်။ ယခုအခါ အသက် ၃၂ နှစ် အရွယ် ရှိပြီဖြစ် သည့် တစ်ဖနီ ဒီဒိုနာ တိုသည် ဆန်းသစ်သော သူမ၏ ခွဲစိတ်ကုသမှု အကြောင်းကို Daily Mail သတင်းစာသို့ ပြောကြားခဲ့သည်။

သူမသည် အရပ်အနည်းငယ် ပိုရှည်ခဲ့ သော်လည်း သူမအတွက် ထိုအရာမှာ မလွယ်ကူကြောင်း၊ အိပ်ရာ ထတိုင်း နာကျင်မှုကို ဆိုးရွားစွာ ခံစားရလေ့ရှိ ကြောင်း တစ်ဖနီက ပြောကြားခဲ့သည်။ သူမ သည် ၎င်း၏ ချစ်သူ မရိန်း တပ် သားနှင့် လက်ထပ်ပြီး သားတစ်ယောက် ရရှိနေပြီဖြစ်သည်။

သူမ၏ ပြင်းပြသော ဆန္ဒဖြင့် အရပ်ရှည်ထွက်အောင် ခွဲစိတ်ကုသမှု ပြုလုပ်ရာတွင် ဖြစ်လာနိုင်သည့် အန္တရာ ယ် များကို သူမ၏ စိတ်ဓာတ်ဖြင့် အခက်အခဲကို ကျော်လွှားနိုင် ခဲ့သည်မှာ အံ့သြ ဖွယ် ရာပင်ဖြစ်သည်။

မြ၀တီ

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်