Monday, January 21, 2013

မြေမြှုပ်မိုင်းကြောင့် မသန်စွမ်းဖြစ်ခဲ့သူများ စားဝတ်နေရေး ခက်ခဲလျက်ရှိ

Posted by drmyochit Monday, January 21, 2013, under | No comments

ပဲခူးတိုင်းအတွင်း ပြည်တွင်းစစ်လက်ကျန် မြေမြှုပ်မိုင်းများကြောင့် ကိုယ် ခန္ဓာ မသန်စွမ်းဖြစ်ခဲ့သူများအနေဖြင့် စားဝတ်နေရေးအတွက် အလုပ် အကိုင်ရရှိစေရန် လိုအပ်နေကြောင်း ကျောက်ကြီး မြို့နယ်တွင်းရှိ မသန်စွမ်းများအား အကူအညီပေးနေသူ တစ်ဦးက ပြောကြားသည်။

အဆိုပါ မြေမြှုပ်မိုင်းများကြောင့် ကျောက်ကြီးမြို့နယ်တွင်း ၁၉၈၁ ခုနှစ်မှ ၂၀၁၀ ခုနှစ်ထိ အသက်ရှင်ကျန်ရစ်ပြီး မသန်မစွမ်းဖြစ်လျက် ရှိသူဦးရေ ၆၀၀ ဝန်းကျင်ခန့်ရှိကြောင်းနှင့် မသန်စွမ်းများအနေဖြင့် ခန္ဓာကိုယ် ချို့ယွင်းမှု၊ စီးပွားရေး ကျပ် တည်းမှုတို့ ကြောင့် အခြေခံလူတန်းစား ဘဝမှ တိုးတက်လာခြင်း မရှိကြောင်း သိရသည်။

မြေမြှုပ်မိုင်းများကြောင့် မသန်စွမ်းဘဝ ရောက်ရှိသူများနှင့် ပက်သက်၍ကျောက်ကြီးမြို့ သို့ ရောက်ရှိ ခဲ့သော ဒေါ်အောင်ဆန်းစုကြည်က "မြှေမုပ်မိုင်းကြောင့် မိမိတို့ ဘဝတွေ အင်မတန်မှ ခက်ခဲနေ ရတဲ့ ပြည် သူတွေ အတွက် ဘယ်လိုကျွန်မတို့က ကူညီနိုင်မလဲဆိုတာကို လေ့လာတဲ့သဘောနဲ့လာခဲ့တာပါ" ဟု ပြော ကြားသည်။

၎င်းးက "ဒီလိုကူညီဖို့အတွက် အဖွဲ့တွေလဲအများကြီးရှိပါတယ်။ ရံပုံငွေလှူဒါန်းထားတဲ့ နိုင်ငံတွေလည်း အများကြီးရှိပါတယ်။ လှူဒါန်းသမျှဟာ ထိရောက်ရဲ့လား။ ကူညီမှုတွေဟာ လုံလောက်ရဲ့လား။ ကျွန်မတို့
စောင့်ကြည့်ပေးဖို့လိုပါတယ်"ဟု ထပ်မံပြောကြားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်မှ အဆိုပါ ဒေသများသို့ လာရောက်ခြင်းနှင့် ပက်သက်၍ အသက် ၄၄ နှစ် အရွယ် ရှိပြီ ဖြစ်သော ကိုမြင့်တင်က "အသက် ၁၆ နှစ်အရွယ်မှာ တောထဲ ပိုက်ပစ်ရင်းနဲ့ မိုင်းမှန်ခဲ့တယ်။ အစိုးရ ဘက်ကကောဘယ်သူဆီကမှ ဘာအကူအညီမှ မရဘူး။ အမေစုလာတဲ့အတွက် အလုပ်အကိုင်တွေ ရဖို့မျှော်လင့်တယ်။ ကျွန်တော်တို့ မသန်စွမ်းတွေကြောင့်မိသားစု စားဝတ်နေရေး ကျပ်တည်းတယ်လေ" ဟု ၎င်း၏မျှော်လင့်ချက်အား ပြောကြားသည်။

အဆိုပါ မိုင်းများကြောင့် မသန်စွမ်းဖြစ်နေသူများတွင် ချို့တဲ့ဆင်းရဲသောအရပ်သားများ အများအပြားရှိပြီး တပ်မတော်သားများလည်း ရှိကြောင်းသိရသည်။

"ကျွန်တော်တို့ဆီမှာ ညီအစ်ကို လေးယောက်ရှိတယ်။ အမေအပါအဝင်ဆို ၅ ယောက်ကျွန်တော် မိုင်းထိတော့ လက်မောင်းတစ်ဖက်ပြုတ်သွားသလိုပဲ၊ အိမ်ကစီးပွားရေး ကျပ်တည်းသွားတယ်" ဟု ၂၀၁၀ ခုနှစ်တွင်မြေမြှုပ်မိုင်းကြောင့် ခြေထောက်တစ်ချောင်းဖြတ်လိုက်ရသူ အသက်၁၈ နှစ် အရွယ်ဖြူလေး က ပြောကြားသည်။

ထို့အပြင် ၎င်းးတို့ မသန်စွမ်းများအနေဖြင့် ဒေါ်အောင်ဆန်းစုကြည်လာရောက်ခြင်းအပေါ် ၎င်းတို့၏ အလုပ် အကိုင် အခွင့်အရေးများအပြင်ထောက်ပံ့ကြေးများပါ ရရှိနိုင်ဖွယ်ရှိသည်ဟု ကြားသိထားကြောင်းပြောကြား သည်။

ပဲခူးတိုင်းနှင့် ကရင်ပြည်နယ် နယ်စပ်အတွင်း ပြည်တွင်းစစ်များ ပြင်းထန်စွာဖြစ်ပွားခဲ့သည့် အချိန်များတွင် စစ်ကြောင်းများအား တိုက်ခိုက်ရန်အတွက်ထောင်ထားခဲ့သော မြေမြှုပ်မိုင်းများသည် ယနေ့ အချိန် ထိ ကောင်းမွန်စွာရှင်းလင်းနိုင်ခြင်း မရှိသေးကြောင်း ကျောက်ကြီးမြို့နယ်တွင်းတွင်နေထိုင်သူများထံမှ သိ ရသည်။

From: မြန်မာ့ခေတ်
စူးရှ
ဓါတ်ပုံ - စူးရှ

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်