Monday, January 21, 2013

မန်ဝိန်းကြီးရွာမှ ကျောင်းသားများ KIA အဖွဲ့မှ ထောင်ထားသော မိုင်းနင်းမိသဖြင့် (၁) ဦးသေဆုံး (၂) ဦးဒဏ်ရာရ

Posted by drmyochit Monday, January 21, 2013, under | No comments







မန်စီ ဇန်န၀ါရီလ (၂၁) ရက်
မန်စီမြို့။ မန်ဝိန်းကြီးရွာမှ ကျောင်းသား (၃) ဦးသည် ယမန်နေ့မနက် (၈) နာရီခန့်တွင် ရွာမှ ကိုက်ထိပ် သွားလမ်း တွင် ဟင်းသီးဟင်းရွက်ရှာရန် ဆိုင်ကယ်ဖြင့်သွားစဉ် KIA ထောင်ထားသော မိုင်းနင်းမိပြီး (၁) ဦးသေဆုံး ကာ (၂) ဦးမှာ အပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

သေဆုံးသွားသူမှာ အထက (ခွဲ) မန်ဝိန်းကြီးမှ (၇) တန်းကျောင်းသား မောင်မျိုးလှိုင်ဖြစ်ကာ၊ မောင်ဂမ်ပန် (၁၅) နှစ် နှင့် မောင်ဆန်မိုင် (၁၄) နှစ်တို့သည် အသက်အန္တရာယ် စိုးရိမ်ရသည့် ဒဏ်ရာ များရရှိခဲ့ပြီး။ ၎င်းတို့မိဘများမှ နမ့်ခမ်းဆေးရုံသို့ ပို့ဆောင်ကုနေကြောင်း သိရှိရသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်