လိုင်ဇာ ဇန်န၀ါရီလ (၂၁) ရက်
လိုင်ဇာမြို့ KIC ဥက္ကဌ ဦးအင်ဘန်လှ ပိုင် ကျင်ရှင်းဟိုတယ်တွင် ဇန်န၀ါရီလ (၁၉) ရက်နေ့ ညနေ (၂) နာရီ မှ (၃) နာရီခွဲအထိ KIA/KIO နှင့် ဗဟိုကော်မတီဝင်များနှင့် အရာရှိကြီးများ (၇၀) ဦး အစည်း အဝေးပြု လုပ်ခဲ့ ကြပါသည်။
အစည်းအဝေးသို့ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂမ်ရှောင် တက်ရောက်နိုင်ခြင်းမရှိကြောင်း သိရှိရသည်။ ဌာနချုပ် သတင်းရပ်ကွက်၏ ပြောဆိုချက်အရ ဦးစီးချုပ်မှာ ဇန်န၀ါရီလ (၂) ရက်နေ့ ခယာတောင်စခန်းတွင် လေယာဉ်ပစ်သေနတ်တပ်ဆင်မှုကို စစ်ဆေးနေစဉ် အစိုးရလေတပ် လေယာဉ်မှ ပစ်ခတ်မှုကြောင့် ဒဏ်ရာ ရရှိခဲ့ ကြောင်း ဒဏ်ရာကို လိုင်စင်ပို့တွင် ကုသနေသော်လည်း သက်သာခြင်းမရှိသည့်အတွက် (၁၄) ရက်နေ့က တရုတ်နိုင်ငံသို့ ပို့ဆောင်ပြီး ဆေးဝါးကုသမှု ခံယူနေသည့်အတွက် ခေါင်းဆောင်များ အစည်း အဝေးသို့ တက်ရောက်နိုင်ခြင်းမရှိကြောင်း သိရှိရသည်။
ဗိုလ်ချုပ်ဂမ်ရှောင်၏ ကျန်းမာရေးအခြေအနေ မည်သို့ရှိကြောင်းကို မည်သူမှ တိတိကျကျမသိဘဲ လျှို့ဝှက်ထားကြောင်း သိရှိရသည်။ အစည်းအဝေးတွင် KIO ဥက္ကဌ ဦးဇောင်းဟရားမှ ဦးဆောင်ပြီး အစိုးရမှ ထုတ်ပြန်သောသတင်းထုတ်ပြန်ချက်နှင့် ပတ်သက်ပြီး ဆွေးနွေးခဲ့ကြောင်း KIA အရာရှိ တစ်ဦးပြောကြား ချက် အရ သိရှိ ရသည်။
From: ကချင်နေ့စဉ်သတင်း
Time in Rangoon


0 comments:
Post a Comment