Monday, January 21, 2013

ကချင် လွတ်လပ်ရေးအဖွဲ့ KIO/KIA နဲ့ အပစ်အခတ် ရပ်စဲရန် မြန်မာ အစိုးရ၏ သဘောထား ကြေငြာချက်ကို ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်က ကြိုဆို

Posted by drmyochit Monday, January 21, 2013, under | No comments

ကချင်လွတ်လပ်ရေးအဖွဲ့ KIO/KIA နဲ့ အပစ်အခတ် ရပ်စဲရန် မြန်မာအစိုးရ၏ သဘော ထားကြေညာ ချက် ကို ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်က ကြိုဆိုကြောင်း ယနေ့ ထုတ်ပြန် လိုက်သည်။ KIO/KIA နှင့် ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးဆောင်ရွက်နိုင်ရန်အတွက် ယုံကြည်မှု တည်ဆောက်ခြင်း ကို တိုးမြှင့်ရန်နှင့် နိုင်ငံရေးဆွေးနွေးမှုများ ဆောင်ရွက် ရန် နှစ်ဖက် စလုံးကိုလည်း ဆက် သွယ်ပြောကြား ခဲ့ကြောင်း လည်း ကြေညာချက်တွင် ဖော်ပြထားသည်။ 

ဇန်န၀ါရီလ ၁၈ ရက်က ထုတ်ပြန်ခဲ့သော ကြေညာချက်တွင် တပ်မတော် အနေဖြင့် နိုင်ငံတော်သမ္မတ ၏ ညွှန်ကြား ချက်ဖြစ်သည့် မိမိကိုယ်မိမိ ခုခံကာကွယ်ရန်မှအပ ပစ်ခတ်တိုက်ခိုက်မှုများ မပြုလုပ်ရန်ဆို သည့် အချက် ကို တိကျစွာ လိုက်နာသွားမည်ဖြစ်ကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က ထပ်မံ အ တည်ပြု ပြောကြားသည်ဟု ခဲ့သော်လည်း နှစ်ဖက်တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသေးကြောင်း သတင်း ရရှိ သည်။ 


From: 7 Days

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်