Monday, January 21, 2013

ဇောတိက စီမံကိန်းမှ သဘာဝဓာတ်ငွေ့ပိုက်လိုင်း သွယ်တန်းရန် လုပ်ဆောင်နေသော သင်္ဘောတစ်စီး နစ်မြုပ်မှုဖြစ်ပွား

Posted by drmyochit Monday, January 21, 2013, under | No comments

မုတ္တမ ကမ်းလွန်ဒေသမှ ရှာဖွေတွေ့ရှိထားသည့် ဇောတိက သဘာဝဓာတ်ငွေ့ စီမံကိန်းအတွက် ပင်လယ် တွင်း ပိုက်လိုင်း သွယ်တန်းနေသည့် PTTEP ကုမ္ပဏီပိုင် PANRITH သင်္ဘောသည် ဇန်န၀ါရီလ ၁၇ ရက်နေ့က ပိုက်လိုင်း သွယ်တန်းမှု ပြုလုပ်နေစဉ် ရေအောက် ကျောက်ဆောင်နှင့် တိုက်မိသဖြင့် နစ်မြုပ်မှု ဖြစ်ပွား ခဲ့ကြောင်း သတင်းရရှိပါသည်။

အဆိုပါ သင်္ဘောနစ်မြုပ်မှုမှာ တနင်္သာရီတိုင်း ဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ဖောင်းတော ကျေးရွာ အုပ်စု၊ မော်ကြီးကျေးရွာနှင့် ရေမိုင် တစ်မိုင်ခန့် အကွာတွင် ရေအောက် သဘာဝဓာတ်ငွေ့ ပိုက်လိုင်း သွယ်တန်းမှု ပြုလုပ်နေစဉ် ကျောက်ဆောင်နှင့် တိုက်မိ၍ နစ်မြုပ်ခြင်း ဖြစ်ကြောင်းလည်း သိရှိ ရပါ သည်။

“သင်္ဘောက ကျောက်ဆောင်နဲ့ တိုက်မိနစ်မြုပ်တယ်လို့ပဲ သိရပါသေးတယ်။ အသေးစိတ် အချက်အလက် တွေကတော့ ရုံးဖွင့်မှပဲ ဆက်သွယ် သိရှိနိုင်ပါမယ်” ဟု အဆိုပါ ကုမ္ပဏီမှ မတင်နီလာစိုးက ပြောပါသည်။

အဆိုပါ သင်္ဘောပေါ်တွင် နိုင်ငံခြားသား လူမျိုး ၄၂ ဦး အလုပ် လုပ်ကိုင်နေပြီး သင်္ဘောနစ်မြုပ်မှုကြောင့် ၂ ဦး ဒဏ်ရာရရှိ သွားခဲ့သည်။ သင်္ဘော နစ်မြုပ်နေစဉ် စက်လှေနှစ်စီးဖြင့် ကယ်ဆယ်၍ အနီးရှိ CONQUST သင်္ဘော ပေါ်သို့ ကယ်ဆယ်ခဲ့ကြောင်း သိရသည်။

သင်္ဘောပေါ်တွင် ပါဝင်သည့် စက်သုံးဆီများ၊ လုပ်ငန်းခွင်သုံး ဓာတု ဆေးဝါးများကြောင့် ပင်လယ်တွင်း ထိခိုက်မှုများနှင့် သဘာဝ ဂေဟစနစ်များ ထိခိုက်မှုများ ကြုံတွေ့မည်ကို ပူပန်နေကြောင်း Dawei Development Association မှ တာဝန်ရှိသူ တစ်ဦးက ပြောပါသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်