Monday, January 21, 2013

KIA မှ ဟိုပင်နဲ့ ပင်းဘောကြား ရထားမိုင်းခွဲပြန်


19 ရက်နေ့ ၁၁နာရီခန့်မှာ ဟိုပင်နဲ့ ပင်းဘောကြား ကြာကြီးကွင်းရွာအနီးမိုင်တိုင်အမှတ် ၆၅၄/၁၈ နဲ့ ၁၉ ကြားမှာ ဟိုပင်ကနေမြစ်ကြီးနားဘက်ထွက်လာတဲ့ နဘားခေါက်ပြန်မီးရထားကို KIAကအဝေးထိန်းမိုင်းနဲ့ ခွဲလိုက် လို့ စက်ခေါင်းနောက်က ခရီးသည်လိုက်ပါလာတဲ့ရထားတွဲကို မိုင်းထိမှန်ပြီး ရထားတွဲ ၅ တွဲ လမ်းချော် ခဲ့ရပါတယ်။

မိုင်းပေါက်ကွဲမှုကြောင့် ရထားပေါ်ပါလာတဲ့ ခရီးသည်တစ်ဦး ကွဲသွားတဲ့ကြမ်းပေါက်ကထွက်ကျပြီး ရထား ကြိတ် မိသေဆုံး သွားပါတယ်။ ဒါ့အပြင်ခရီးသည်တစ်ဦးကလည်း ဦးခေါင်းမှာ ဒါဏ်ရာ အနည်းငယ် ရသွားခဲ့ ပါတယ်။သေဆုံးသွားတဲ့သူက အသက်၃၂ နှစ်ရှိ ဟိုပင်သားဦးမြင့်နိုင်ဆိုသူဖြစ်ပြီးတော့ ဒါဏ်ရာရ သွားတဲ့ သူကတော့ နွားတွေကိုရထားတွဲနဲ့တင်ပို့နေတဲ့အသက် (၄၀)ရှိ ဦးဇော်အောင် ဖြစ်ကြောင်းသိရပါတယ်။

ပေါက်ကွဲမှုကြောင့် အနောက်ဘက်ရထားသံလမ်း ၃ ပေပြတ်ထွက်၊ သံလမ်း ပေ ၅၀ခန့် ဘယ်ညာ ကားထွက်၊ ဇလီဖားတုံး ၄၀ ခန့်ပြုတ်ထွက်ပျက်စီးခဲ့တယ်လို့သတင်းရရှိပါတယ်။ ၂၀၁၂ ဒီဇင် ဘာလောက် ကစပြီး KIA က ရထားလမ်းများ၊ကားလမ်းများ၊ ဌာနဆိုင်ရာအဆောက်အအုံများ၊ ရဲစခန်းနဲ့ပြည်သူ့ စစ်စခန်းတွေကို အင်အားသုံးတိုက်ခိုက်ခြင်း၊မိုင်းထောင်ဖျက်ဆီးခြင်းစတဲ့ အဖျက် အမှောက် လုပ်ငန်းတွေ ကိုပိုမို လုပ်ဆောင်လာပြီး ယခုကာလတွေမှာ ရထားတွဲတွေမထိမထိအောင် အချိန်ကိုက်ဖေါက်ခွဲလာပြီး အပြစ်မဲ့ပြည် သူလူထုကိုပါ တမင်ရည်ရွယ်ချက်နဲ့ ထိခိုက်အောင် လုပ်လာနေ တာကြောင့် အစိုးရ၊ လွှတ်တော် နဲ့ တပ်မတော်ကထိထိရောက်ရောက် အရေးယူဆောင်ရွက်သင့်ကြောင်း ဒေသခံတွေက ပြောကြားနေ တယ်လို့သတင်းရရှိပါတယ်။ ဓာတ်ပုံများရရှိက KIAရဲ့အကြမ်းဖက်မှု ကိုဆက် လက်တင်ပြ သွားပါမယ်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်