Monday, January 21, 2013

KIO တိုက်နယ်မှူးမှ ရွာများတွင် ဆန်နှင့်ငွေများတောင်းခံ

Posted by drmyochit Monday, January 21, 2013, under | No comments

ဝိုင်းမော် ဇန်န၀ါရီ လ (၂၁) ရက်
KIO ၀ါရှောင်တိုင်နယ်မှူး ဇွတ်မိုင်မှ နန့်မြင့် ရွာရှိစာသင်ကျောင်းအနီးတွင် နေထိုင်ပြီး အနီးပတ် ၀န်းကျင်ရှိ နန့်ဝါရွာတို့ရှိ အုပ်ချုပ်ရေးမှူးတို့ကို အိမ်ထောင်စု တစ်စုလျှင် ဆန်(၁)တင်းတောင်းခံခဲ့ကြောင်း သိရှိရသည်။ ဆန်မပေးနိုင်ပါက ငွေ (၁၅၀၀၀) ကျပ်နှုန်းတောင်းခံနေကြောင်း သိရှိရသည်။

ဒေသခံများက KIO/ KIA ၏နှိပ်စက်မှုကို မခံလို၍ မပေးချင်သော်လည်း ပေးဆောင်နေရကြောင်း စားစရာမ ရှိပေမယ့် ၎င်းတို့ကို ပေးဆောင် နေရကြောင်း သိရှိရသည်။ KIO တိုက်နယ်မှူးမှ ဗဟို၏ ထောက် ပံ့မှုကို အပြည့်အ၀ မရရှိ၍ KIA တပ်ဖွဲ့ဝင်များအတွက် ကောက်ခံရခြင်းဖြစ်သည်ဟု ပြောဆိုခဲ့ သည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်