Monday, January 21, 2013

ဒုက္ခသည်များ၏ တောင်းဆိုမှုကြောင့်ဆိုပြီး KIA ငြိမ်းချမ်းရေးကို လက်ခံတော့မည်လား

Posted by drmyochit Monday, January 21, 2013, under | No comments


ကေအိုင်အေမှ လိုင်ဇာဒေသရှိ ဒုက္ခသည်များနှင့် ပြည်သူများအား ဆန္ဒပြမှု လုပ်ဆောင်စေခိုင်းခဲ့ပြီး အဆိုပါ ဆန္ဒပြပွဲတွင် ကေအိုင်အေ အပေါ် ထိုးစစ်ရပ်တန့်ရေး၊ ဒုက္ခသည်များကို စာနာထောက်ထားရေး တို့အပြင် ကေအိုင်အေနှင့် အစိုးရတို့ ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ပြုလုပ်ရေးတို့ကို ကြွေးကြော်ခိုင်းခဲ့ကြသည်။ ထိုသို့ ကြွေးကြော်ခိုင်းခဲ့ခြင်းမှာ ကေအိုင်အေ အနေဖြင့် တပ်မတော်၏ တိုက်ခိုက်မှုများကို ခုခံနိုင်ရန် အင်အား မရှိတော့ခြင်း၊ ဒေသခံ ကချင်လူမျိုးများက မထောက်ခံကြတော့ခြင်းနှင့် ဒုက္ခသည် စခန်းအတွင်း ကေအိုင်အေ၏ လုပ်ရပ်များကို မကျေမနပ်ဖြစ်မှုများ များပြားလာခြင်းတို့ကြောင့် ဖြစ်သည်။



အလင်းဝင်ရန် သတင်းပေးပို့ခဲ့သည့် ကေအိုင်အေ၏ လုပ်ရပ်များကို မကျေနပ်သူ ကေအိုင်အေ တပ်ဖွဲ့ဝင် တစ်ဦး မှ ကေအိုင်အေ တို့ အနေဖြင့် ထိုသို့ ဆန္ဒပြသည့် အတွက် အစိုးရနှင့် ငြိမ်းချမ်းရေး ဆွေးနွေးသည် ဟူေ သာ ခေါင်းစဉ်တပ်ရန်အတွက် ကြံစည် ထားခြင်း ဖြစ်ကြောင်း ပြောပြသည်။ တစ်ချိန်တည်းတွင် ငြိမ်းချမ်းရေး ဆွေးနွေးမှု ပြုလုပ်စဉ်အတွင်း မိုင်းထောင်၊ဗုံးခွဲ၊ လူသစ်စုမှုများကိုလည်း လုပ်ဆောင်သွားမည် ဖြစ်ကြောင်း၊ လိုင်ဇာဒေသခံ များ၏ ဆန္ဒအတိုင်း ၄င်းတို့ ကေအိုင်အေ အနေဖြင့် အစိုးရ နှင့် ဆွေးနွေးရန် ကြိုးစားနေကြောင်း တို့အား ဒုက္ခသည် စခန်းများအတွင်း လိုက်လံပြော ဆိုခဲ့ သည် ဟု ၄င်းမှ ဆိုသည်။


0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်