Monday, January 21, 2013

မြန်မာ့တပ်မတော်မှ အပစ်ရပ်ပြီဟု သတင်းထုတ်ပြန်ပြီးများမကြာမီ ကေအိုင်အေမှ စတင်တိုက်ခိုက်

မြန်မာ့တပ်မတော်က ဇန်နဝါရီလ ၁၈ရက်နေ့ က စတင်ပြီး KIA အကြမ်းဖက်သောင်း ကျန်းသူများ အား အပစ်အခတ် ရပ်ဆဲ ထားပြီးဖြစ်ရာ ဇန်နဝါရီလ ၁၉ရက် မွန်းလွဲပိုင်းက ခါရာ တောင်ကုန်းနှင့် ဆက် စပ်နေသော ပူခရမ်ဘွမ် မြန်မာ့ မျိုးချစ် တပ်မတော် စခန်း ဘက်သို့ KIA အကြမ်းဖက်သောင်း ကျန်း သူအဖွဲ့ တပ်မဟာ(၁) တပ်ရင်း (၁၀)မှ အင်အား (၄၀)နီးပါးဖြင့် လာရောက်ပစ်ခတ်ခဲ့ရာ မြန်မာ့ တပ်မတော်က ခံစစ်ဖြင့်ပြန် လည်ခုခံ ချေမှုန်း ပစ်ခတ်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါတိုက်ပွဲတွင် KIA အကြမ်းဖက်သောင်းကျန်းသူများဘက်မှ အကျအဆုံးများပြီး မြန်မာ့မတော် ဘက်မှ ရန်သူ့ လက်နက်ခဲယမ်းနှင့်ု KIA အကြမ်းဖက်ခေါင်းဆောင်အား အသေဖမ်းဆီးရမိခဲ့ကြောင်း သိရှိရ သည်။ KIA အကြမ်းဖက်သောင်းကျန်းသူ ခေါင်းဆောင်ဂမ်းရှောင်သည် ကချင်လူမျိုးကောင်း စားရေး အတွက် အသံကောင်း ဟစ်ပြီး ယခုအချိန်အထိ လူသတ်၊ဆက်ကြေးကောက် ၊ပေါ်တာဆွဲ၊မိုင်းခွဲ ၊မုဒိန်းကျင့် စ သည့် အကြမ်းဖက်လုပ်ရပ်များအား လုပ်ကိုင် လျှက်ရှိရာ အပစ်အခတ်ရပ်ထားသော မြန်မာ့ မျိုးချစ် တပ်မတော် စခန်းအား ယခုလိုတိုက်ခိုက်ခြင်းက KIA အကြမ်းဖက်သောင်းကျန်းသူ ဂမ်းရှောင်မှ ငြိမ်း ချမ်းရေး လိုလားသူ မဟုတ်ကြောင်း အထင်အရှား သက်သေပြနေသည်။

ထို့ ပြင် KIA အကြမ်းဖက်ခေါင်းဆောင် ဂမ်းရှောင်သည် ကချင်လူမျိုးများသာမက ကချင်ပြည်နယ်ရှိ အခြားသောတိုင်း ရင်းသားများအား သွေးခွဲကာ ယခုအချိန်အထိ လက်နက်ကိုင် အကြမ်းဖက်ဝါဒကျင့် သုံးရေး အတွက် စစ်သင်တန်းများပေးပြီး သောင်းကျန်းသူအင်အား ဖြည့်တင်းလျှက်ရှိကြောင်း သိရှိရ သည်။

From:စင်္ကာပူဖီး 

1 comments:

ဒီလောက်တောင်နှစ်တွေကြာပြီ KIOအကြောင်းမသိကြသေးတာလား၊ဒါမှမဟုတ်လက်ရှိအစိုးရ မကောင်းပြောရရင်ဲပြီးရောလား။
ဘယ်တုန်းကမှမကောင်းခဲ့တဲ့ ပြည်သူ.အကျိုးတံတားတစ်စင်းမဆောက်၊လမ်းတစ်ပိုင်းမခင်းခဲ.တဲ.KIO သူတို.ပထွေးကိုတော.အပစ်ရပ်ဘို.မပြောဘဲ စစ်တပ်ကိုဘဲအပစ်ပြောကြတ
နင်တို.သားမယားတွေကိုလိုင်ဇာမှာသွားထားကြည်.ပါလားဟဲဟဲအပိုဆုပါရသွားမယ်။တကယ်လို.စစ်တပ်ကမပစ်ဘဲငြိမ်းချမ်းစွာလက်ပိုက်ကြည်.နေလျှင်ကော တာဝန်မယူဘူးလို.ပြောမှာလား၊

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်