Monday, January 21, 2013

အာလမ်ရွာနှင့် အူဗျစ်ရွာမှ KIA ဖမ်းသွားသည့် လူများအနက်မှ (၆) ဦးထွက်ပြေးလွတ်မြောက်

Posted by drmyochit Monday, January 21, 2013, under | No comments

မြစ်ကြီးနား ဇန်န၀ါရီလ (၂၁) ရက်


မြစ်ကြီးနား အူဗျစ်ရွာနှင့် အာလမ်ရွာမှ (၁၅) ရက်နေ့ ညပိုင်းအချိန်တွင် ကေအိုင်အေ ရင်း (၁၁) အဖွဲ့မှ ကျောင်းသားလူငယ်တွေအပါအ၀င် (၄၄) ဦးကိုဖမ်းဆီးသွားခဲ့ပါသည်။ ဖမ်းဆီးသွားသူများအထဲမှ (၆) ဦးမှာ (၁၉) ရက်နေ့ ညနေ (၃) နာရီခွဲခန့်တွင် ထွက်ပြေးလွတ်မြောက်ခဲ့သည်ဟု သိရှိရသည်။ ထွက်ပြေး လွတ်မြောက် လာသူများမှာ -

(၁) ယာဇူးဆီ (၁၅) နှစ် အူဗျစ်ရွာ

(၂) အော့မ့်ယိန်း (၁၃) နှစ် အူဗျစ်ရွာ

(၃) မရန်ဖုန်ရမ် (၄၀) နှစ် အာလမ်ရွာ

(၄) လဆန်နော်ထန့် (၁၈) နှစ် အာလမ်ရွာ

(၅) အားပါး (၃၂) နှစ် အာလမ်ရွာ

(၆) ယာဇူလေး (၃၈) နှစ် အာလမ်ရွာ တို့ဖြစ်သည်။

ထွက်ပြေးလွတ်မြောက်လာသူများသည် နေအိမ်တွင် နေထိုင်ခြင်းမရှိဘဲ အခြားနေရာသို့ တိမ်းရှောင် နေကြောင်း သိရှိရသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်