အစိုးရတပ်နှင့် ကေအိုင်အေတို့ တိုက်ပွဲဖြစ်ပွားမှုမှာ ၁၉ လကျော်ရှိလာပြီး အစိုးရတပ်မှ ဒီဇင်ဘာလ ဒုတိယပတ် မှစပြီး လေယာဉ်ဖြင့်ပါ တိုက်ခိုက်ခဲ့သောကြောင့် ကေအိုင်အေခေါင်းဆောင်များက တရုတ်မှ လေယာဉ်ပစ် လက်နက်များဝယ်ယူပြီး KIA တောင်ကုန်းတွေမှာ တပ်ဆင်ဖို့ စီစဉ်ခဲ့ပါသည်။
ဇန်န ၀ါရီလ(၂)ရက်နေ့ နေ့လည်(၁)နာရီခန့်တွင် ကေအိုင်အေ စစ်ဦးစီးချုပ် ဂမ်ရှောင်မှ လေယာဉ်ပစ် လက်နက် များ တပ်ဆင်ဖို့ ကြည့် ရှုနေ့စဉ် အစိုးရတပ်မှ လေယာဉ်ဖြင့် တိုက်ခိုက်မှုကြောင့် ဒဏ်ရာ ရရှိ ခဲ့ကြောင်း KIA ဌာနချုပ်သတင်းရပ်ကွက်မှ သိရှိရသည်။ ဒဏ်ရာများကို လိုင်ဇာတွင်သာ ကုသနေသော် လည်း (၁၄)ရက်နေ့က တရုတ်နိုင်ငံသို့ သွားရောက်ဆေးကုသကြောင်း သိရှိရသည်။
ဇန်န၀ါရီလ(၁၉)ရက်နေ့ အစည်းအဝေးတွင် KIA စစ်ဦးစီးချုပ် တက်ရောက်ခြင်းမရှိဘဲ ဒုစစ်ဦးစီးချုပ်သာ တက်ရောက် ခဲ့ကြောင်း၊ ကျန်းမာရေးအခြေအနေအရ တက်ရောက်ခြင်းမရှိကြောင်းလဲ အစည်းအဝေး တက်ရောက် ခဲ့သည့် KIA အရာရှိတစ်ဦးမှ ပြောဆိုခဲ့သည်။
Time in Rangoon


0 comments:
Post a Comment