Friday, February 08, 2013

စစ်ကိုင်းတိုင်း ဒေသကြီး တမူးခရိုင် မြို့သစ်မြို့နယ် ခွဲအနီးရှိ တံတား တစ်စင်းအား သောင်းကျန်းသူ အဖွဲ့တချို့က မိုင်းထောင် ဖောက်ခွဲ ဖျက်ဆီး

Posted by drmyochit Friday, February 08, 2013, under | No comments


နေပြည်တော် ဖေဖော်ဝါရီ ၇ 

ဒေသခံ တိုင်ရင်းသား ပြည်သူများ အသုံးပြုလျက် ရှိသည့် စစ်ကိုင်းတိုင်း ဒေသကြီး တမူးခရိုင် တမူး- စေတီ ပြည်ထောင်စု လမ်းမကြီး ပေါ်ရှိ မြို့သစ်မြို့ နယ်ခွဲ အနီးတွင် တည်ဆောက် ထားသော အရှည် ၂၄ဝပေ၊ အကျယ် ၁၂ ပေရှိ သံပေါင် ဘေလီ အမျိုးအစား တံတား တစ်စင်း အား ဖေဖော်ဝါရီ ၇ ရက် နံနက်ပိုင်းတွင် သောင်းကျန်းသူ အဖွဲ့ တချို့က မိုင်းထောင် ဖောက်ခွဲ ဖျက်ဆီး ခဲ့ခြင်းကြောင့် တံတား ရေလယ်တိုင် ၃ တိုင် ပြိုကျ ပျက်စီးခဲ့ပြီး သစ်သား ကြမ်းခင်း များ ပေ ၆ဝ ခန့်နှင့် သံပေါင်များ ကွေးကောက် ပျက်စီးခဲ့သည်။ 

အဆိုပါ တံတား အပျက်အစီး များကို နယ်မြေခံ တပ်မတော် စစ်ကြောင်းက ချက်ချင်း သွားရောက်၍ ရှင်းလင်း ဆောင်ရွက်လျက် ရှိပြီး ၎င်းမိုင်းထောင် ဖောက်ခွဲမှုအား နောက် ကွယ်မှ ကြိုးကိုင် စေခိုင်း လျက်ရှိသည့် သောင်းကျန်းသူ အဖွဲ့အစည်းအား ဒေသခံ ပြည်သူ များနှင့် ပူးပေါင်း ဖော်ထုတ် စုံစမ်းလျက် ရှိကြောင်း သတင်း ရရှိသည်။

မြ၀တီ

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်