Friday, February 08, 2013

အမေရိကန်မောင်းသူမဲ့ လေယာဉ်မှ ရရှိသည်ဆိုသော အချက်အလက်များကို အီရန်ထုတ်လွှင့်

Posted by drmyochit Friday, February 08, 2013, under | No comments

 အမေရိကန် မောင်းသူမဲ့ ထောက်လှမ်းရေး လေယာဉ်မှ ရရှိထားသော အချက်အလက်များဟု ကြေညာ ထားသည့် ဗီဒီယို မှတ်တမ်း အချို့ကို အီရန် အစိုးရက ထုတ်လွှင့် ပြသခဲ့သည်။ မိမိတို့ ဖမ်းယူ ထိန်းချုပ်ခဲ့ သည့် အမေရိကန် မောင်းသူမဲ့ ထောက်လှမ်းရေး လေယာဉ်မှ ရရှိထားသော အချက်အလက်များဟု ကြေညာ ထားသည့် ဗီဒီယို မှတ်တမ်း အချို့ကို အီရန် အစိုးရက ထုတ်လွှင့် ပြသခဲ့သည်။ တီဟီရန် အခြေ
စိုက် အစိုးရသည် (၂၀၁၁)ခုနှစ်၊ ဒီဇင်ဘာလက အမေရိကန်ပိုင် RQ-170 အမျိုးအစား မောင်းသူမဲ့ ထောက်လှမ်း ရေး လေယာဉ် တစ်စင်းကို လှည့်စားထိန်းချုပ်ကာ အမိအရ ယူနိုင်ခဲ့ကြောင်း ကြေညာ ခဲ့သည်။ အမေရိကန်ကမူ ယင်းလေယာဉ်သည် ပျက်ကျခြင်းဟု ကြေညာခဲ့သော်လည်း အီရန်ဘက်က မိမိတို့၏ နည်းပညာပိုင်းအရ ထိန်းချုပ်နိုင်ခဲ့ခြင်းဟု အခိုင်အမာ ပြောကြားခဲ့သည်။ ထိုဖြစ်စဉ်သည် အမေရိကန်အတွက် သိက္ခာကျစရာ အခြေအနေ တစ်ရပ်လည်း ဖြစ်လာသည်။

ယခုအခါ အီရန်၏ အဓိက လက်နက်ကိုင် တပ်ဖွဲ့ဖြစ်သော အစ္စလာမ်မစ် တော်လှန်ရေး အစောင့်တပ်ဖွဲ့၏ လေတပ်ဦးစီးချုပ် အမာအလီ ဟာဂျီဇာဒါး ကိုယ်တိုင် နောက်ခံ စကားပြောထားသည့် ဗီဒီယို တစ်ခုကို နိုင်ငံပိုင် ရုပ်မြင်သံကြား ဌာနများက ထုတ်လွှင့်ခဲ့သည်။ အဆိုပါ ဗီဒီယိုတွင် အာဖဂန် နစ္စတန်ရှိ အမေရိကန် အခြေစိုက် စစ်စခန်း အတွင်းပိုင်း နေရာများနှင့် အခြားသော ဝေဟင်မှ ရိုက်ယူထားသည့် ဓာတ်ပုံများ ပါရှိနေသည်။ ထိုအချက်အလက် အားလုံးကို CIAက ထိန်းချုပ်သည့် RQ-170 လေယာဉ်ထံမှ ထုတ်နုတ် ရယူထားခြင်းဟုလည်း အီရန် အစိုးရက ပြောကြားခဲ့သည်။

ဟာဂျီဇာဒါးက "ဒီပုံရိပ်တွေကို တွေ့ခဲ့ရတဲ့နောက် ကျွန်တော်တို့က ရှုတ်ချချင်ပါတယ်။ ဘာဖြစ်လို့ လဲဆိုတော့ အဲဒီလေယာဉ်ကို အသုံးပြုပြီး ဒေသတွင်း နိုင်ငံ တော်တော်များများရဲ့ လေပိုင်နက်ကို အခွင့်မ ရှိဘဲ ဖြတ်ပြီး ပျံသန်းခဲ့တာ တွေ့ရလို့ပါပဲ။ ပါကစ္စတန်မှာလည်း တော်တော်လေး ပျံသန်းထားဖြစ်တယ်"ဟု ဆိုသည်။ အဆိုပါ လေယာဉ်ကို အာဖဂန်မှတစ်ဆင့် အမေရိကန်က ထိန်းချုပ်နေရင်း အီရန်နိုင်ငံ အရှေ့ပိုင်း ကောင်းကင် ယံတွင် အဆက်အသွယ် ပြတ်တောက်ခဲ့ခြင်း ဖြစ်သည်။ 

Source: Reuters

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်