Friday, February 08, 2013

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်(လေ)ကို ဆက်သွယ်ရေး သတင်းအချက်နှင့် နည်းပညာ ၀န်ကြီးခန့်အပ်ရန် အဆိုပြု

Posted by drmyochit Friday, February 08, 2013, under | No comments

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်(လေ) အဖြစ် တာဝန်ထမ်းဆောင်နေသော ဗိုလ်ချုပ်ကြီး မြတ်ဟိန်းကို ဆက်သွယ် ရေး သတင်း အချက်နှင့် နည်းပညာဌာန ၀န်ကြီး အဖြစ် ခန့်အပ်ရန် နိုင်ငံတော် သမ္မတ ဦးသိန်း စိန်က အဆိုပြု ခဲ့ကြောင်း သိရှိရ ပါသည်။ 

ဗိုလ်ချုပ်ကြီး မြတ်ဟိန်းအား ဆက်သွယ်ရေး သတင်းအချက်နှင့် နည်းပညာ ၀န်ကြီး ခန့်အပ်ရန် အတွက် ဖေဖော် ၀ါရီ ၈ ရက်နေ့က ကျင်းပခဲ့သော ပြည်ထောင်စု လွှတ်တော် အစည်းအဝေးသို့ နိုင်ငံတော် သမ္မ တက သ၀ဏ်လွှာ ပေးပို့ခဲ့ခြင်း ဖြစ်ပါသည်။ 

ဗိုလ်ချုပ်ကြီး အဆင့်ရှိ ကာကွယ်ရေး ဦးစီးချုပ်(လေ)ကို ပြည်ထောင်စု ၀န်ကြီးအဖြစ် ခန့်အပ်ရန် အဆိုပြု ခဲ့ခြင်းမှာ အစိုးရသစ် လက်ထက် ပထမဆုံး အကြိမ် အဖြစ် လုပ်ဆောင် ခဲ့ခြင်း ဖြစ်ပါသည်။ 

ဆက်သွယ်ရေး သတင်း အချက် အလက်နှင့် နည်းပညာ ၀န်ကြီး အဖြစ် တာဝန် ထမ်းဆောင် ခဲ့သူ ဦးသိန်း ထွန်းကို ဇန်န၀ါရီလ ၁၆ ရက်နေ့က ရာထူးမှ နုတ်ထွက်ခွင့်ပြုပြီးနောက် လစ်လပ်လျက် ရှိနေသော နေရာကို ဗိုလ်ချုပ်ကြီး မြတ်ဟိန်းဖြင့် အစား ထိုးရန် နိုင်ငံတော် သမ္မတက အဆိုပြု ခဲ့ခြင်း ဖြစ်ပါသည်။ 

ထို့အပြင် နယ်စပ်ရေးရာ ၀န်ကြီးအဖြစ် တာဝန် ထမ်းဆောင်နေသော ဒုတိယ ဗိုလ်ချုပ်ကြီး သိန်းဋ္ဌေးကို စစ်ဘက် ရာထူး ပြန်လည် ထမ်းဆောင်ရန် ဖေဖော်ဝါရီလ ၈ ရက်နေ့က ပြည်ထောင်စု လွှတ်တော်သို့ ပေးပို့ခဲ့သော နိုင်ငံတော် သမ္မတ၏ သ၀ဏ်လွှာတွင် ထည့်သွင်း ဖော်ပြခဲ့ပါသည်။ ဒုတိယ ဗိုလ်ချုပ်ကြီး သိန်းဋ္ဌေး ကို စစ်ဘက် ရာထူး ပြန်လည် ထမ်းဆောင်စေခြင်းနှင့် အတူ လစ်လပ်သွားသော နယ်စပ်ရေးရာ ပြည်ထောင် စု ၀န်ကြီး နေရာအတွက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယ ဗိုလ်ချုပ်ကြီး သက်နိုင် ၀င်းကို ပြည်ထောင်စု ၀န်ကြီးအဖြစ် ခန့်အပ်ရန် နိုင်ငံတော် သမ္မတက အဆိုပြု ခဲ့ပါသည်။ 

နိုင်ငံတော် သမ္မတ အနေဖြင့် ပြည်ထောင်စု ၀န်ကြီးများ ခန့်အပ်ရာတွင် ကာကွယ်ရေး ၀န်ကြီးဌာန၊ ပြည် ထဲရေး ၀န်ကြီးဌာနနှင့် နယ်စပ်ရေးရာ ၀န်ကြီး ဌာနများအတွက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ထံမှ သင့်လျော် သည့် တပ်မတော် သားများ၏ အမည် စာရင်းကို ရယူ ရမည် ဖြစ်ကြောင်းနှင့် ကာကွယ်ရေး ၀န်ကြီး ဌာန၊ ပြည်ထဲရေး ၀န်ကြီး ဌာနနှင့် နယ်စပ်ရေးရာ ၀န်ကြီးဌာနများ အပြင် အခြား ၀န်ကြီး ဌာနများ တွင် တပ်မတော်သားများအား ပြည်ထောင်စု ၀န်ကြီးများအဖြစ် ခန့်အပ် တာဝန်ပေးလိုပါက တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် ညှိနှိုင်း ဆောင်ရွက် ရမည် ဖြစ်ကြောင်း ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ သိရှိရပါသည်။ 

ဇန်န၀ါရီလ ၁၆ ရက်နေ့က ဦးသိန်းထွန်းကဲ့သို့ ရားထူးမှ နုတ်ထွက်ခွင့်ပြုခဲ့သည့် သာသနာရေး ၀န်ကြီးဌာန ပြည်ထောင် စု ၀န်ကြီး သူရ ဦးမြင့်မောင်၏ နေရာကို ဧရာဝတီတိုင်း ဒေသကြီး လွှတ်တော် ဥက္ကဋ္ဌ ဦးဆန်း ဆင့်အား တာဝန်ထမ်းဆောင်ရန် နိုင်ငံတော် သမ္မတက ဖေဖော်ဝါရီလ ၅ ရက်တွင်ခန့်အပ် တာဝန်ပေး အပ်ခဲ့ပါသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်