Friday, February 08, 2013

အိန္ဒိယ တပ်မတော်သည် မောင်သူမဲ့ လေယာဉ် အခြေစိုက် စခန်းများ တည်ဆောက်လျက် ရှိခြင်း

Posted by drmyochit Friday, February 08, 2013, under | No comments

အိန္ဒိယ တပ်မတော်သည် တရုတ်နှင့် ပါကစ္စတန် နိုင်ငံတို့နှင့် နယ်နိမိတ် ထိစပ်နေသည့် အရှေဘက်နှင့် အနောက်ဘက် စစ်မျက်နှာ တို့ကို ရည်ရွယ်လျက် လျှို့ဝှက် လက်နက်တိုက်များ၊ ပစ်မှတ်ရှာ စနစ်များနှင့် Killer မောင်းသူမဲ့ လေယာဉ် များ အတွက် အခြေစိုက် စခန်းများ တည်ဆောက်လျက် ရှိကြောင်း ဖေဖော်ဝါရီလ ၅ ရက်နေ့ Newsnow သတင်းတစ်ရပ် အရ သိရှိ ရပါသည်။ 

ရေတပ်ဖွဲ့ အနေဖြင့် ကမ်းရိုးတန်း တစ်လျှောက်တွင် မောင်းသူမဲ့ လေယာဉ် အခြေစိုက် စခန်းများ တည်ဆောက်လျက် ရှိပြီး လေတပ်ဖွဲ့သည် အဆိုပါ မောင်းသူမဲ့ လေယာဉ်များကို တပ်တော်သွင်းလျက် ရှိကာ ကြည်းတပ်ဖွဲ့သည် Israel Aerospace Industries (IAI) ကုမ္ပဏီနှင့် ရူပီး ၁၂ဝဝ ကုဋေ (အမေရိကန် ဒေါ်လာ ၂.၂၅ ဘီလီယံ) တန်ဖိုးရှိ တာဝေး ပျံသန်းနိုင်သည့် မောင်းသူမဲ့ လေယာဉ် ၁၆ စင်း ဝယ်ယူရေး ကန်ထရိုက် စာချုပ် ချုပ်ဆိုရန် စီစဉ်လျက် ရှိပါသည်။ အဆိုပါ ကန်ထရိုက် စာချုပ်အရ ကြည်းတပ်သည် Heron မောင်းသူမဲ့ လေယာဉ်သစ် များကို ၂ဝ၁၄ ခုနှစ် ဇန်နဝါရီလမှ စ၍ လက်ခံ ရရှိမည် ဖြစ်ကြောင်း ကာကွယ်ရေး ဆိုင်ရာ အဆင့်မြင့် တာဝန်ရှိသူ တစ်ဦးက ပြောကြား ခဲ့ပါသည်။ အဆိုပါ မောင်းသူမဲ့ လေယာဉ်များအား ဝယ်ယူမှုသည် ကြည်းတပ် ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဘီကရမ်ဆင်း၏ စစ်ဘက် ခေတ်မီရေး အစီအစဉ် တစ်စိတ် တစ်ဒေသ ဖြစ်ကြောင်းနှင့် ၎င်းမောင်းသူမဲ့ လေယာဉ်များကို အသစ် ဖွဲစည်းထား သည့် ထောက်လှမ်းရေးနှင့် ပစ်မှတ်ရှာဖွေရေး (SATA) တပ်ရင်း ကြီးများတွင် ထားရှိ သွားမည် ဖြစ်ကြောင်း သိရှိရပါသည်။ ကြည်းတပ်ဖွဲသည် ဂျမူးနှင့် ကက်ရှ်မီးယားရှိ Nagrota နှင့် Manasbal ဒေသများနှင့် အရှေ့မြောက်ပိုင်းရှိ Kumbhigram ESifh Lilabri ဒေသများတွင် မောင်းသူမဲ့ လေယာဉ် အခြေစိုက် စခန်းသစ်များ တည်ဆောက်လျက် ရှိပါသည်။ ရေတပ်ဖွဲသည် ပင်လယ်ပြင် ခြိမ်းခြောက်မှု များကို ရှာဖွေ ထောက်လှမ်းရန် အတွက် ကီရာလာ ပြည်နယ်ရှိ Kochi မြို့၊ ဂူဂျာရတ် ပြည်နယ်ရှိ Porbandar မြို့နှင့် တမီးလ်နာဒူး ပြည်နယ်ရှိ Uchipuli မြို့များတွင် မောင်းသူမဲ့ လေယာဉ် အခြေစိုက် စခန်း ၃ခု တည်ဆောက်ပြီးနောက် မောင်းသူမဲ့ လေယာဉ်အုပ်သစ် များကို တိုးမြှင့် ဖြည့်ဆည်း ရန် မျှော်မှန်းလျက် ရှိပါသည်။ 

ထို့အပြင် လေတပ်ဖွဲ့သည် အဆင့်မြင့် စစ်ရေး ပစ်မှတ်များကို ရှာဖွေနိုင်သည့် အာရုံခံ ကိရိယာများ တပ်ဆင်ထားသော Killer တိုက်ခိုက်ရေး မောင်းသူမဲ့ လေယာဉ်များကို ထပ်မံ တပ်တော်သွင်း သွားရန် စီစဉ်လျက် ရှိကြောင်း သိရှိ ရပါသည်။

မြ၀တီ

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်