Friday, February 08, 2013

အမည်မသိ အမျိုသမီးတစ်ဦးနှင့် တွဲနေသည့် လီယိုနာဒို

Posted by drmyochit Friday, February 08, 2013, under | No comments


Titanic ဇာတ်ဆောင် မင်းသားသည် ကမ္ဘာပေါ်တွင် အကျော်ကြားဆုံး အနုပညာ ကြယ်ပွင့် အမျိုးသမီး အတော်များများနှင့် လက်တွဲခဲ့သလို လမ်းလည်း ခွဲခဲ့ဖူးသူ ဖြစ်သည်။ သို့သော်လည်း မီယာမီတွင်မူ အမည်မထင်ရှားသော မိန်းမလှလေး တစ်ဦးကို ရွေးချယ် အချိန်ဖြုန်းနေကြောင်း သိရှိရသည်။ 

လီယိုနာဒို ဒစ်ကာပရီယိုတစ်ယောက် လတ်တလောတွင် အမည်မသိ အမျိုးသမီး တစ်ဦးနှင့် အတွဲသစ် ဖြစ်နေကြောင်း သတင်းများက ဖော်ပြခဲ့သည်။ Titanic ဇာတ်ဆောင် မင်းသားသည် ကမ္ဘာပေါ်တွင် အကျော်ကြားဆုံး အနုပညာ ကြယ်ပွင့် အမျိုးသမီး အတော်များများနှင့် လက်တွဲခဲ့သလို လမ်းလည်း ခွဲခဲ့ဖူးသူ ဖြစ်သည်။ သို့သော်လည်း မီယာမီတွင်မူ အမည်မထင်ရှားသော မိန်းမလှလေး တစ်ဦးကို ရွေးချယ် အချိန်ဖြုန်းနေကြောင်း သိရှိရသည်။


ဗုဒ္ဓဟူးနေ့က မီယာမီသို့ ရောက်ရှိနေသော လီယိုနာဒိုကို အဆိုပါ မိန်းကလေးက နမ်းရှုပ်ကာ ရင်းရင်းနှီးနှီး ရှိနေသည်ကိုလည်း ပါပါရာဇီများက မှတ်တမ်းတင်ထားခဲ့သည်။ အဆိုပါ ခရီးစဉ်တွင် လီယိုနာဒိုသည် အခြား မိတ်ဆွေများကိုပါ ခေါ်ဆောင်သွားခဲ့သည်။ လီယိုနာဒို၏ အဖော် မိန်းကလေးမှာ ၎င်းကို နှုတ်ဆက်ပြီးနောက် နေပူစာလှုံနေသော မင်းသားနှင့် သူငယ်ချင်းများ အနီးမှ ထွက်ခွာသွားသည်ကို တွေ့ရသည်။

အသက်(၃၈)နှစ်ရှိ လီယိုနာဒိုသည် ရုပ်ရှင် ရိုက်ကွင်းများမှ အချိန်အတန်ကြာ ကင်းကွာပြီး အနားယူနေ မည်ဟု မကြာသေးမီက ပြောဆိုထားပြီး ယခုအခါ မီယာမီ ကမ်းခြေတွင် သက်တောင့်သက်သာနှင့် ပျော်ရွှင် နေဟန် ရှိသည်။ လီယိုနာဒိုသည် စူပါမော်ဒယ်လ် ဂီဆလီ ဘန်ချန်နှင့် ဘားရာဖယ်လီကဲ့သို့သော အမျိုး သမီးများနှင့်လည်း ချစ်သူ အဖြစ် တွဲခဲ့ဖူးသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်