Friday, February 08, 2013

၉ နှစ်အရွယ် မိန်းကလေး တစ်ဦး ကလေးမွေးဖွား

Posted by drmyochit Friday, February 08, 2013, under , | 3 comments

မက္ကစီကို နိုင်ငံမှ အသက် ၉ နှစ်သာ ရှိသေးတဲ့ မိန်းခလေး တစ်ဦးဟာ သူမရဲ့ သမီး ကမလေး တစ်ဦးကို ဇန္န၀ါရီလ ၂၇ ရက်နေ့က အောင်မြင်စွာ မွေးဖွား လိုက်တယ်လို့ အေအက်ဖ်ပီ သတင်း တစ်ပုဒ်ကို ကိုးကားပြီး ဘင်္ဂလာဒေခ်ျ့ နိုင်ငံက The Dailystar သတင်းစာမှာ ဖေါ်ပြပါတယ်။



အသက် ၉ နှစ်သာ ရှိတဲ့ မိန်းခလေးဟာ သူမရဲ့ သမီး မိန်းခလေးကို မက္ကစီကို နိုင်ငံက ဆေးရုံ တစ်ခုမှာ အောင်မြင်စွာ မွေးဖွားနိုင်ခဲ့ တယ်လို့ မိသားစုနဲ့ ဒေသ အာဏာ ပိုင်တွေက ဖေဖေါ်ဝါရီလ ၆ ရက်နေ့က မီဒီယာ တွေကို ထုတ်ဖေါ် ပြောဆိုပါတယ်။

အဲဒီ ၉ နှစ် အရွယ် မိန်းခလေးဟာ အသက် ၈ နှစ် အရွယ်မှာ စတင် ကိုယ်ဝန် ဆောင်ခဲ့တယ်လို့ ဆိုပါ တယ်။

အခု မွေးလိုက်တဲ့ ကလေးမလေးရဲ့ ဖခင်ကတော့ အသက် ၁၇ အရွယ် လူငယ် တစ်ဦးဖြစ်ပြီး သူဟာ ထွက်ပြေး သွားတဲ့ အတွက် အခု ရှာမတွေ့တော့ဘူးလို့ ဆိုပါတယ်။

ကလေးရဲ့ ကိုယ် အလေးချိန်ဟာ ၂ ဒဿမ ၇ ကီလိုသာ ရှိပြီး မက္ကစီကိုနိုင်ငံက Zoquipan ဆေးရုံမှာ မွေးဖွားခဲ့တယ်လို့ ဆိုပါတယ်။ အခုအခါမှာတော့ ဆေးရုံက ဆင်းလာကြပြီး မိခင်ကလေးနဲ့ မွေးဖွားလာတဲ့ ကမလေး နှစ်ဦးစလုံးဟာ ကျန်းကျန်းမာမာဘဲလို့ ဆိုပါတယ်။

(နိရဉ္စရာ)

3 comments:

မိခင်ရော ကလေးပါ အေးမြပျော်ရွှင်ပါစေ...

လိုအင်ဆန္ဒတွေပြည်ဝပါစေ။

ကောသလမင်း အိမ်မက်တွေ တကယ်ဖြစ်လာတာဘဲ

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်