Friday, February 08, 2013

PlayStation ဂိမ်းစက်အသစ် Sony မိတ်ဆက်သွားဖွယ်ရှိ

Posted by drmyochit Friday, February 08, 2013, under | No comments

ဂျပန် နည်းပညာ ကုမ္ပဏီကြီး၏ ငွေရေးကြေးရေး ကဏ္ဍ အတန်ငယ် ယိမ်းယိုင်နေမှုကို ဖာထေးရန်အတွက် ယခုဂိမ်းစက်သည် အကောင်းဆုံး တုံ့ပြန်နိုင်မည့် ထုတ်ကုန်လည်း ဖြစ်လာဖွယ် ရှိနေသည်။

Sony ကုမ္ပဏီသည် ယခုလအတွင်း PlayStation ဂိမ်းစက် အသစ်ကို မိတ်ဆက် ကြေညာသွားဖွယ် ရှိနေကြောင်း ဂျပန် မီဒီယာများက ဖော်ပြခဲ့သည်။ ဂျပန် နည်းပညာ ကုမ္ပဏီကြီး၏ ငွေရေးကြေးရေး ကဏ္ဍ အတန်ငယ် ယိမ်းယိုင်နေမှုကို ဖာထေးရန်အတွက် ယခုဂိမ်းစက်သည် အကောင်းဆုံး တုံ့ပြန်နိုင်မည့်
ထုတ်ကုန်လည်း ဖြစ်လာဖွယ် ရှိနေသည်။ PlayStation အစည်းအဝေးကို နယူးယော့ခ်မြို့တွင် ဖေဖော်ဝါရီလ (၂၀)ရက်နေ့၌ ကျင်းပမည် ဖြစ်ပြီး အဆိုပါ အစည်းအဝေးတွင် မျိုးဆက်သစ် PlayStation ဂိမ်းစက်ကို စတင် မိတ်ဆက် ပြသသွားမည် ဖြစ်ကြောင်း အဆာဟိရှင်ဘွမ်းနှင့် ကျိုဒို သတင်းဌာနများက ဖော်ပြခဲ့သည်။

ထိုအခြေအနေအပေါ် Sonyဘက်ကမူ အစောပိုင်းက ငြင်းဆန်ထားခဲ့သည်။ Sonyသည် ပြီးခဲ့သည့် သီတင်းပတ်က အမေရိကန်တွင် ပြုလုပ်မည့် ယခု အစည်းအဝေးအတွက် ထူးထူးခြားခြား ဖိတ်ကြားမှု အချို့ကို ပြုလုပ်ခဲ့သော်လည်း အသေးစိတ် အချက်အလက်များကို ပြောဆိုခဲ့ခြင်း မရှိချေ။ အများစုကမူ နောက်ဆုံး PlayStationမျိုးဆက်ဖြစ်သည့် PS3ကို ထုတ်လုပ်ရောင်းချပြီး (၇)နှစ် အကြာတွင် နည်းပညာပိုင်း ဆန်းသစ် ပြောင်းလဲမှုတစ်ခု စတင်တော့မည်ဟု မှတ်ချက်ပြုထားသည်။

Sonyသည် ပြီးခဲ့သည့် (၄)နှစ်အတွင်း ဈေးကွက်တွင် အရှုံးပမာဏ များပြားနေခဲ့သည်။ Sonyအပြင် ပြိုင်ဘက် Microsoftသည်လည်း ၎င်း၏ Xbox ဂိမ်းစက်သစ်ကို ယခုနှစ်အတွင်း မိတ်ဆက် ပြသလာဖွယ် ရှိနေသည်။ အဆိုပါ ဂိမ်းစက်များသည် ဂိမ်းကစားမှုအပြင် ရုပ်မြင်သံကြားလိုင်းများ ချိတ်ဆက်မှုနှင့် Social Networking ကဏ္ဍတို့ပါ ပါဝင်လာကာ Home Entertainment အသွင်ကို ပိုမို ပီပြင်လာစေဖွယ် ရှိနေကြောင်းလည်း သတင်းများက ဖော်ပြထားသည်။ 

Source: Channel NewsAsia

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်