Friday, February 08, 2013

ဆိုင်ကယ် (၂) စီး ပျောက်ဆုံးမှုကို စစ်ဆေးရာမှ နောက်ထပ် ဆိုင်ကယ်(၇)စီး ခိုးမှု ပါပေါ်သည့် ရွှေကျင်မြို့က ဖြစ်ရပ်

Posted by drmyochit Friday, February 08, 2013, under | No comments

ဇန်နဝါရီလ (၁၇) ရက် နေ့  နံနက်(၅)နာရီ အချိန်တွင် ရွှေကျင် မြို့၊ ရှမ်းကြေး ရပ်ကွက် နေသူ ကိုစိုးထွန်းအောင် ဆိုသူမှာ ၄င်း၏ ဆိုင်ကယ် များဖြစ်သည့် ထိုင်းနိုင်ငံ လုပ် (HONDA WAVE 110)မီး ခိုးရောင် တန်ဖိုး(၈)သိန်းနှင့် တရုတ်လုပ် (NEWANBO)နီ+ နက်ရောင်တန်ဖိုး(၆)သိန်းရှိ ဆိုင် ကယ်(၂)စီးအား နေအိမ် ခြေရင်း ရှိ ဂိုဒေါင်အတွင်း သိမ်းထားခဲ့ စဉ် ပျောက်ဆုံးသွားကြောင်း သိရှိရသည်ဆို၏။

ကို စိုးထွန်းအောင်က ရွှေကျင် ရဲစခန်း၌ ဆိုင်ကယ် ပျောက်ဆုံးမှုကို သွားရောက် တိုင်တန်း သဖြင့် (ပ)၁၉/၂ဝ၁၃ ပြစ်မှုပုဒ်မ ၃၈ဝ အရ တိုင်ချက် ရေးဖွင့် ထားရှိပြီး စုံစမ်းထောက် လှမ်းခဲ့ရာ ရွှေကျင်မြို့နယ် သောင် လယ်ကျေးရွာ ကားလမ်းနံဘေးရှိ ကျော်ဝင်းထွန်းဆိုသူထံသို့ အမည်မသိ လူ(၃)ယောက်က အခင်းဖြစ် ညက ဆိုင်ကယ် တစ်စီး ပျက်နေ၍ ပြုပြင် ပေးရန် လာရောက် အပ်နှံ ထားကြောင်း သိရ၍ ဆိုင်ရှင်နှင့် ဆက်သွယ်ပြီး ဆိုင် ကယ်လာယူ သောနေ့တွင် အဆိုပါ လူ(၃)ယောက်ကို ဖမ်းဆီးခဲ့ သည်ဆို ၏။

ဖမ်းဆီး ရမိသူ အောင်ကြီး (၁၉) နှစ် ရွှေကျင်မြို့ ကျွဲတဲ ရပ်ကွက်၊ ရန်ကုန်မြို့၊ လှိုင်သာ ယာမှ ကျော်သူ(၂၃) နှစ်နှင့် စိုးမင်းထူး (၂၃)နှစ်တို့ (၃)ဦး၏ အစစ်ခံ ထွက် ဆိုချက်အရ ရွှေကျင်မှ ပျောက် သောဆိုင် ကယ်(၂)စီးအနက် (၁) စီးမှာ ၄င်းတို့ ခိုးသွားသော ညက ပျက်သွား၍ ဆိုင်တွင် အပ်ထား သော ဆိုင်ကယ် ဖြစ်ပြီး ကျန်တစ် စီးမှာ ပဲခူးမြို့တွင် ရောင်းချ ထား ကြောင်း ပေါ်ပေါက် သည့်အပြင် ယခင်ရွှေကျင်မြို့ပေါ်မှ ခိုးယူခဲ့ သော ဆိုင်ကယ်(၇)စီးပါ ဖော် ထုတ် အစစ် ခံခဲ့ သည်ဟု သိရသည်။

ပဲခူးမြို့ ဟင်္သာကုန်း(၁၉) ရပ်ကွက်နှင့် လှိုင်သာယာတွင် ၄င်းတို့ ခိုးယူရောင်းချခဲ့သော ဆိုင်ကယ်(၈)စီးကို သိမ်းယူ နိုင် ခဲ့သည်ဆို၏။

အမှုစစ် ဒုရဲအုပ် ကျော်ကျော် လင်းက ဆိုင်ကယ် ပိုင်ရှင်များထံ စုံစမ်း ဆက်သွယ် လျက်ရှိပြီး ဖမ်း ဆီးထား သော အောင်ကြီး၊ ကျော်သူ၊ စိုးမင်းထွန်းတို့အပေါ် ဥပဒေနှင့်အညီ တရားစွဲ ဆိုနိုင်ရန် စီစဉ် ထား ရှိကြောင်း သိရှိခဲ့ ရပါ သည်။



စိန်မျက်လုံး(သနပ်ပင်)

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်