စစ်ဘေး ဒုက္ခသည် စခန်းများနှင့် တိုက်ပွဲဖြစ် ပွားနေမှု အခြေ အနေ များကို မှတ်တမ်း ဓာတ်ပုံ ရိုက်ကူးရန် အတွက် အမေရိကန် နိုင်ငံသား သတင်းထောက် တစ်ဦးနှင့် ဂျပန် နိုင်ငံသား သတင်းထောက် တစ်ဦးတို့ သည် ၅ရက် နေ့က ၀န်ဂေါဘွမ်သို့ရောက်လာပြီး ဒုက္ခသည် စခန်း အတွင်းမှ ဒုက္ခသည် များကို ဓာတ်ပုံ ရိုက်ကူး ခြင်းနှင့် စခန်း အတွင်းမှ KIA စစ်သည်များ၏ပုံများကို ဓာတ်ပုံရိုက်ကူးပြီး ယမန်နေ့ညက လိုင်ဇာ အနီးရှိ ဒုက္ခသည် စခန်းနှင့် KIA စခန်းများကို ဓာတ်ပုံ ရိုက်ကူးရန် ရောက်ရှိ ခဲ့ကြောင်း ဗဟို ဌာန ချုပ်မှ အရာရှိ တစ်ဦး၏ ပြောပြချက် အရ သိရှိ ရပါသည်။
“ ကျွန်တော်တို့ ဒု စစ်ဦးစီးချုပ်နဲ့ အစိုးရ အဖွဲ့တွေက ၄ရက်နေ့မှာ ငြိမ်းချမ်းရေး ဆွေးနွေး ပွဲတွေ လုပ်တယ်။ အဆင်ပြေတယ်လို့ပြောရမှာဘဲ။ နောက်နေ့ ဒီကောင် ၂ကောင်ရောက်လာတယ် သိပ်တော့ မရိုးသား ဘူးဗျာ၊ ကောင်းသော လာခြင်းလား မကောင်းသော လာခြင်း လားတော့ မပြော တက်ဘူးပေါ့၊ ကျွန်တော့် တို့ စစ်သားတွေက စစ်မတိုက်ချင်တော့ဘူး ငြိမ်းချမ်းရေးကို လိုချင်ပါတယ်၊ ခေါင်းဆောင်တွေ ကလည်း ဆွေးနွေး နေကြတယ်။ ဒီကောင်တွေက ကူညီဖို့လာတာမဟုတ်ဘဲ တဖက်နဲ့ တဖက်ကို သွေးထိုးဖို့လုပ်ရင် တိုက်ပွဲ တွေက ပြန်ဖြစ် လာအုံးမှာဘဲ၊ ဒီကောင်တွေက ယုံရတဲ့သူတွေထဲမှာ မပါဘူး” ဟု၎င်း အရာရှိ မှဆိုပါသည်။ KIA နှင့် အစိုးရတပ် တွေတိုက်ပွဲများကို ရပ်ဆိုင်းနေသည့်အတွက် ၂ဖက် တပ်များ အေးအေး လူလူ ရှိနေတာ ဖြစ်သည့်အတွက် ဒီထက်ပိုပြီး အေးဆေးတည်ငြိမ်းအောင် ငြိမ်းချမ်းရေး ကို အောင်မြင် အောင်ဆောင်ရွက် စေလိုကြောင်း ပြောကြားခဲ့ပါသည်။
From : KDM
Time in Rangoon


0 comments:
Post a Comment