Friday, February 08, 2013

ဦးပိုင် ကမ္ပဏီ အခွန် ဆောင်ရတော့ မလား

Posted by drmyochit Friday, February 08, 2013, under | No comments



၁၉၉၀ ပြည့်နှစ် ဧပြီလ စတင်ဖွဲ့စည်း ကတည်းက ၀င်ငွေခွန် ကင်းလွတ်ခွင့် ရနေခဲ့တဲ့ စစ်တပ်ရဲ့ မြန်မာ့ စီးပွား ရေး ဦးပိုင်ကုမ္ပဏီ အခု အခွန်စည်းကြပ် ခံရတော့မဲ့ အခြေအနေ ရှိနေပြီလို့ ပြည်တွင်း သတင်းတွေ ထဲမှာ ဖော်ပြ နေကြပါတယ်။


ပြီးခဲ့တဲ့ သီတင်းပတ်ကုန် နေပြည်တော်မှာ ပြည်ထောင်စု ၀န်ကြီးတွေနဲ့ သတင်းမီဒီယာတွေ တွေ့ဆုံစဉ် ဦးပိုင် ကုမ္ပဏီကို ၀င်ငွေခွန် ဆောင်ထိုက်တယ်လို့ စီးပွားရေးဆိုင်ရာ ဆောင်းပါးတွေ ရေးသားနေတဲ့ ပြည်တွင်း အခွန် ဦးစီးဌာနက အငြိမ်းစား ဒုညွှန်ကြားရေးမှူး ဦးဟန်ထွန်းကို ပြောပါတယ်။

ဒါပေမယ့် စစ်အစိုးရ အုပ်ချုပ်စဉ်ကာလမှာ စစ်တပ်က အရာရှိကြီးတွေ ပါဝင်လုပ်ကိုင်တဲ့ မြန်မာ့ စီးပွားရေး ဦးပိုင် ကုမ္ပဏီကို ကုန်သွယ် လုပ်ငန်းခွင်ရော ၀င်ငွေခွန် ၂ မျိုးစလုံး အခွန် ကင်းလွတ်ခွင့် ပြုထားခဲ့ပြီး ၂၀၁၂ ဧပြီလ ကမှ ကုန်သွယ် လုပ်ငန်းခွင် ကင်းလွတ်ခွင့်ကို ရပ်ဆိုင်းခဲ့တာ ဖြစ်ပါတယ်။

ကုန်သွယ်လုပ်ငန်းခွင်ဟာ ၀ယ်ယူစားသုံးသူက နိုင်ငံတော်ကို ပေးဆောင်ရမယ့် အခွန်ကို ရောင်းဈေးထဲမှာ ထည့်ကောက်တဲ့ အခွန်ဖြစ်တယ်။ ရောင်းတဲ့သူက အိစိုးရကို စုပြီး ပေးရမယ့် တာဝန်ရှိတယ် လို့ ဆိုပါတယ်။ မပေးရင် နိုင်ငံတောရမယ့် ဘဏ္ဍာကို ရောင်းသူ (ကုမ္ပဏီ)က ယူထားတဲ့ သဘော သက်ရောက်တယ်လို့ ဆိုပါတယ်။

ဝင်ငွေခွန်ကတော့ ဘဏ္ဍာနှစ် တနှစ်အတွင်း ရရှိတဲ့ အမြတ်ကို သက်ဆိုင်ရာ နှုန်းနဲ့ ဆောင်ရတဲ့ တိုက်ရိုက်အခွန် ဖြစ်တယ်လို့ ပြောပါတယ်။

မြန်မာ့ စီးပွားရေး ဦးပိုင်ကုမ္ပဏီ အနေနဲ့ အရင် အခွန်ကင်းလွတ်ခွင့် ရထားခဲ့တာမို့ အခု အခွန်ဆောင်ရမယ် ဆိုရင် အဲဒီကာလက အခွန်တွေကို နောက်ကြောင်းပြန် ပေးဆောင်ဖို့ မလိုဘူးလို့ ဦးဟန်ထွန်းက ပြောပါတယ်။

စီးပွားရေး ဦးပိုင် ကုမ္ပဏီဟာ ပုဂ္ဂလိက ပိုင်ဖြစ်လို့ နိုင်ငံတော် စာရင်းစစ်ချုပ်ရုံးက ၀င်ရောက် စစ်ဆေး ပိုင်ခွင့် မရှိခဲ့ဘူး။ အခု အခွန်စည်းကြပ်မှု ရှိလာမယ်ဆိုရင် ၀င်ငွေခွန် ဥပဒေအရ ၀င်ရောက် စစ်ဆေးပိုင်ခွင့် ရှိလာ မယ်၊ စာရင်းစစ် အစီရင်ခံစာ တရားဝင် ထုတ်ပြန် ပေးလာရတော့မယ် လို့ ဆိုပါတယ်။
ပုဂ္ဂလိ က စီးပွားရေး စနစ် အောင်မြင် ဖြစ်ထွန်းဖို့ ဆိုရင် စီးပွားရေးယှဉ်ပြိုင်မှုမှာ တန်းတူရည်တူ ယှဉ်ပြိုင် ခွင့် ရှိ အောင် ဖန်တီးပေးဖို့ လိုအပ်တယ်လို့ ဦးဟန်ထွန်းက ပြောပါတယ်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်