Friday, February 08, 2013

သူရဘွဲ့ ၃ ဦး နှင့် သူရဲကောင်းမှတ်တမ်းဝင် ၂၅ ဦး သမ္မတ ချီးမြှင့်

Posted by drmyochit Friday, February 08, 2013, under | No comments


From : dvb

၂၀၁၂ ခုနှစ်အတွက် စစ်ဘက်ဆိုင်ရာ ဘွဲ့တံဆိပ်တွေကို သမ္မတက လက်မှတ်ရေးထိုး ထုတ်ပြန် လိုက် ကြောင်း ၂၀၁၃ ဖေဖော်ဝါရီ ပြန်တမ်း ဖော်ပြချက်အရ သိရပါတယ်။

စစ်ဘက် ဆိုင်ရာ ဘွဲ့တံဆိပ်တွေအနက် အမြင့်ဆုံးဖြစ်တဲ့ အောင်ဆန်းသူရိယ၊ သီဟသူရ ဘွဲ့တံဆိပ်ရသူ မရှိဘဲ သူရဘွဲ့ရသူ ၃ ယောက်နဲ့ သူရဲကောင်းမှတ်တမ်းဝင် တံဆိပ်ရရှိသူ ၂၅ ယောက် ပါရှိပါတယ်။

ဗိုလ်ချုပ်ကြီးလှဌေးဝင်း၊ ဒု-ဗိုလ်ချုပ်ကြီး ၃ ယောက် အပါအ၀င် ဒုတပ်ကြပ်ကနေ အထက်အဆင့် အရာရှိ၊ အရာခံ အကြပ် စုစုပေါင်း ၁၅၁၇ ယောက်ကိုတော့ စစ်မှုထမ်း သင်္ဂဟတံဆိပ် အပ်နှင်းလိုက်ကြောင်း ပြန်တမ်း မှာ ဖော်ပြ ထားပါတယ်။


0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်