Friday, February 08, 2013

ဒန်အိုးနှင့် ဆွဲခြင်း သူခိုးဟု စွပ်စွဲပြီး ဓါးနှင့် ထိုးမှုဖြစ်

Posted by drmyochit Friday, February 08, 2013, under | No comments

ပဲခူးတိုင်းဒေသကြီး၊ သဲကုန်း မြို့နယ်၊ အင်းမ ရွှေကျောင်းကြီး ဘုရားပွဲတွင် ဖေဖော်ဝါရီ ၅ ရက် ည(၁၁)နာရီ အချိန် ခန့်၌ သူခိုးဟု စွပ်စွဲရင်း စကားများရန်ဖြစ်ရာမှ ဓားထိုးမှု တစ်ခုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ အဆိုပါနေ့ ည (၁၁)နာရီအချိန်၊ သဲကုန်းမြို့နယ်၊ အင်းမရွှေကျောင်းကြီးဘုရားပွဲ တွင် ဇော်အေး(၃၅)နှစ်၊ ဈေး ရောင်း၊ ပြည်မြို့နေသူသည် ဘုရားပွဲ၌ ဈေးရောင်းပြီးနောက် ဘုရားပွဲ ရုပ်ရှင်ရုံ အတွင်း၌ ဇနီးဖြစ်သူ မသီတာနှင့် အတူ ရှိနေစဉ် မိုးမိုးနှင့် အိသီတို့ ရောက် လာကာ အရုပ် ရောင်းသည့် ပန်းအိ၏
ဒန်အိုး နှင့် ဆွဲခြင်း ပျောက်သည့် ကိစ္စအား သူခိုးစွပ်စွဲရင်း စကားများရန်ဖြစ် နေစဉ် အိသီ၏ ယောက်ျားဖြစ် သူ ပေါက်စ(၃ဝ)နှစ်၊ ဈေးရောင်း၊ ပြည်မြို့နေသူရောက်ရှိလာပြီး မှအသင့်ပါလာသော အရိုး(၄)လက်မခွဲ၊ အသွား (၅) လက်မခန့်ရှိ စတီးဓားဖြင့် ဇော် အေးကို (၂)ချက်ထိုးခဲ့ရာ ဝဲ လက်ပြင်တွင် စူးဝင်ဒဏ်ရာ(မစိုး ရိမ်ရ) ရရှိခဲ့သည်ဟု သိရှိရသည်။

စတီး ဓားဖြင့်ထိုးသူ ပေါက်စ ကို အရေးယူ ပေးပါရန် ဇော် အေးက (၆-၂-၂ဝ၁၃)ရက် နေ့လယ် (၁)နာရီ အချိန် တိုင်တန်း ချက်အရ အင်းမရဲစခန်း(ပ) ၃၅/၂ဝ၁၃၊ ပြစ်မှုပုဒ်မ ၃၂၆ ဖြင့် အမှုရေးဖွင့်ခဲ့သည်ဆို၏။
ကျူးလွန်သူ ပေါက်စကို (၆-၂-၂ဝ၁၃)ရက် နေ့လယ် (၁)နာရီ(၁ဝ)မိနစ်အချိန်တွင် အမှု ဖြင့်ဖမ်းဆီးပြီး အမြန်ဆုံး တရားစွဲ တင်နိုင်ရန်အတွက် ဆောင်ရွက် နေကြောင်း သတင်းရရှိသည်။



မိုးမခ(ပြည်)

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်