ရုရှား နိုင်ငံသည် ၂ဝ၁၄ ခုနှစ်တွင် ကျင်းပ ပြုလုပ်မည့် G8 ထိပ်သီး ဆွေးနွေးပွဲအား Sochi မြို့တွင် အိမ်ရှင် အဖြစ် လက်ခံ ကျင်းပသွားမည် ဖြစ်ကြောင်း ဖေဖော်ဝါရီလ ၄ ရက်နေ့တွင် ထုတ်ပြန်ကြေညာ ခဲ့သည်ဟု Xinhua သတင်း တစ်ရပ်အရ သိရှိရ ပါသည်။
အဆိုပါ ဆွေးနွေးပွဲသည် ရုရှား နိုင်ငံမှ ဒုတိယ အကြိမ်မြောက် လက်ခံ ကျင်းပခွင့် ရသော အဆင့်မြင့် ဆွေးနွေး ပွဲ ဖြစ်ပြီး ပထမ အကြိမ် အဖြစ် ၂ဝဝ၆ ခုနှစ်က ပြုလုပ်ခဲ့သော G8 ထိပ်သီး ဆွေးနွေးပွဲအား စိန့်ပီ တာ စဘတ်မြို့တွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပ ခဲ့ကြောင်း သိရှိရ ပါသည်။ ၂ဝ၁၄ ခုနှစ် G8 ထိပ်သီး ဆွေးနွေး ပွဲအား ပင်လယ်နက် အပန်းဖြေ စခန်းမြို့ Sochi တွင် ကျင်းပသွားရေး ညွှန်ကြားချက်အား သမ္မတ ဗလာဒီမာ ပူတင်က လက်မှတ်ရေးထိုး ခဲ့ကြောင်းနှင့် ရုရှားနိုင်ငံ အနေဖြင့် G8 ဥက္ကဋ္ဌ ရာထူးအား လက်ခံ ရရှိ ပြီးနောက် အိမ်ရှင်အဖြစ် ကျင်းပခွင့် ရသော ဆွေးနွေးပွဲ တစ်ရပ်လည်း ဖြစ်ကြောင်း သိရှိရ ပါသည်။ Sochi မြို့သည် ၂ဝ၁၄ ခုနှစ် ဖေဖော်ဝါရီ လတွင် ပြုလုပ် မည့် ဆောင်းရာသီ အိုလံပစ် အားကစား ပြိုင်ပွဲ ကျင်းပ ပြုလုပ်မည့် နေရာ ဖြစ်ကြောင်းလည်း သိရှိရ ပါသည်။
Time in Rangoon


0 comments:
Post a Comment