Friday, February 08, 2013

အမေရိကန်တွင် Facebook သုံးစွဲခြင်းမှ ခေတ္တရပ်နားထားလေ့ရှိကြ

Posted by drmyochit Friday, February 08, 2013, under | No comments

အမေရိကန်တွင် Facebookကို ပုံမှန် သုံးစွဲသူ အများစုသည် ယခုအခါ အဆိုပါ Social Networking ဝက်ဘ် ဆိုက်မှ အချိန်တစ်ခုစာ ကင်းကွာအောင် အနားယူ ဖယ်ခွာလေ့ ရှိလာကြောင်း စစ်တမ်းတစ်ခုက ဖော်ပြခဲ့ သည်။ Facebookကို နေ့စဉ်နေ့တိုင်းမျှ ပုံမှန်ထိတွေ့ သုံးစွဲခဲ့သူများအနက် (၆၁)ရာခိုင်နှုန်း မျှသည်သည် အမျိုးမျိုးသော အကြောင်းပြချက်များဖြင့် Facebookကို အဆက်ဖြတ်ထားခဲ့ကြောင်း Pew သုတေသန စင်တာ၏ အမေရိကန် လူမှုဘဝ ပရောဂျက် ဌာနက ကောက်ယူသော စစ်တမ်းတွင် ဖော်ပြထား သည်။ 

ယင်းတွေ့ရှိချက်သည် လူမှုဘဝ၏ နေ့စဉ် အချိန်အများအပြားကို လွှမ်းမိုး ချုပ်ကိုင်ထားရန် ရည်ရွယ်သော Facebook အတွက်မူ သတင်းကောင်းတစ်ရပ် ဖြစ်နိုင်ဖွယ် မရှိချေ။ Pewက အမေရိကန်တွင် အရွယ်ရောက်ပြီးသူ (၆၇)ရာခိုင်နှုန်းသည် Facebookသုံးစွဲနေပြီး ယခုအခါ ထက်ဝက်ကျော်သည် Facebook ကို အချိန်ပိုင်းမျှ အသုံးမပြုဘဲ အနားယူထားရန် ရွေးချယ်လာကြောင်း ဖော်ပြခဲ့သည်။ အမေရိကန် တွင် အရွယ်ရောက်ပြီးသူ (၂၀)ရာခိုင်နှုန်းမှာ LinkedInကို အသုံးပြုပြီး Twitter အသုံးပြုသူ (၁၆) ရာခိုင်နှုန်း ရှိနေကြောင်းလည်း သိရသည်။ Pew၏ လေ့လာတွေ့ရှိမှုအရ Facebookကို ခေတ္တ ကင်းကွာအောင် နေထိုင်သူများအနက် အချို့သည် ယာယီသာဖြစ်ပြီး အချို့က စိတ်ပင်ပန်းမှုများနှင့် ကင်းကွာစေရန် ရည်ရွယ်ကြောင်းလည်း ဖော်ထုတ်နိုင်ခဲ့သည်။

လက်ရှိတွင် ကမ္ဘာပေါ်၌ Facebook သုံးစွဲသူ (၁.၀၆)ဘီလျံမျှ ရှိနေပြီး အမေရိကန်တွင်ပင် လူပေါင်း သန်း(၁၅၀)မျှ နေ့စဉ် အသုံးပြုလျှက် ရှိသည်။ ထို့အပြင် Accountခွဲရှိသူ အရေအတွက်မှာ သန်းပေါင်း အတော် များများ ရှိနေနိုင်ကြောင်းလည်း သိရသည်။ Pewက Facebook သုံးစွဲသူ အများအပြားကို မေးမြန်း သဘော ထား ကောက်ယူခဲ့သလို Facebookသုံးခြင်း ခေတ္တ ရပ်ဆိုင်းထားသူ (၂၀)ရာခိုင်နှုန်းက မိသားစု၊ ပတ်ဝန်း ကျင် ဘဝအတွက် အချိန်ပေးလိုသဖြင့်ဟု ဖြေဆိုခဲ့သည်။ ထို့အပြင် Privacyဆိုင်ရာ စိုးရိမ် ကြောင့်ကြမှု များကြောင့် Facebookသုံးစွဲမှု ရပ်ဆိုင်းသူများလည်း ရှိနေကြောင်း သိရသည်။ (၄)ရာခိုင်နှုန်းကမူ ကြော်ငြာ နှင့် Spamများကို စိတ်ပျက်ကြောင်း ဖွင့်ဟခဲ့ကြသည်။ ထိုအနေအထားများကြောင့် Facebookမှ ကင်းကွာ သော အားလပ်ရက်များထံ ဦးတည်လာစေခဲ့ကြောင်းလည်း Pewက ဖော်ပြခဲ့သည်။

စစ်တမ်းတွင် ပါဝင်ဖြေဆိုသူ (၅၉) ရာခိုင်နှုန်းက Facebookသည် လွန်ခဲ့သော တစ်နှစ်ကမူ မိမိတို့ ဘဝ တွင် အရေးအကြီးဆုံး စာရင်းဝင် ဖြစ်ခဲ့ကြောင်း ပြောကြားခဲ့သည်။ (၁၂)ရာခိုင်နှုန်းကမူ ယခုအချိန်တွင် ယခင် တစ်နှစ် ကထက် Facebook၏ အရေးပါမှုက ပိုမိုကျယ်ပြန့်လာကြောင်း မှတ်ချက်ပေးခဲ့ကြသည်။ (၈)ရာခိုင်နှုန်း ကမူ Facebookပေါ်တွင် အချိန်ကုန်မှု များလွန်းသဖြင့် တမင်တကာ အနားယူဖြစ်ခဲ့ကြောင်း ဆိုသည်။ (၆၉)ရာခိုင်နှုန်းကမူ လက်ရှိ သုံးစွဲနေသည့် အချိန်အတွက် ကျေနပ်ကြောင်း ပြောဆိုခဲ့သည်။ Pew၏ စစ်တမ်းတွင် (၂၇)ရာခိုင်နှုန်းက Facebookသုံးစွဲသည့် ပုံမှန်အချိန်ကို လျှော့ချရန် ဆုံးဖြတ်ထား ကြောင်းနှင့် (၃)ရာခိုင်နှုန်းကမူ ပိုမိုတိုးမြှင့်ရန် ဦးတည်ထားကြောင်း အသီးသီး ဖြေကြားခဲ့သည်။

Source: Planet News

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်