Friday, February 08, 2013

တဒင်္ဂစိတ်ကြောင့် ဖခင် ဖြစ်သူက ကိုယ့်သမီး အရင်းကို ဓါးနဲ့ ခုတ်တဲ့ ဖြစ်စဉ်က ဒီလိုပါ

Posted by drmyochit Friday, February 08, 2013, under | No comments


မကွေးတိုင်းဒေသကြီး၊ မကွေး ခရိုင်၊ တောင်တွင်းကြီးမြို့နယ်၊ ပတုန်းမြောင်တဲတိုက်တွင် ဖခင် ဖြစ်သူက သမီးဖြစ် သူကို ဓားဖြင့် ခုတ်မှုဖြစ်ပွားကြောင်း သတင်းရ ရှိသည်။ ဖေဖော်ဝါရီ ၅ ရက် ညနေ ၃းဝဝ နာရီ အချိန်ခန့်က တောင်တွင်းကြီးမြို့နယ်၊ ကုက္ကိုကုန်း အုပ်စုညောင်မှော်ကျေးရွာနေ ဒေါ်အေးကြည် (၅၅) နှစ်၊ (တောင်သူ)သည် နေအိမ်၌ရှိနေ စဉ်ပတုန်းမြောင်တဲတိုက်သို့ အလုပ် လုပ်ရန်သွားသော သမီးဖြစ်သူ မခင် အေးမြင့် (၁၈) နှစ် (တောင်သူ) မှာ ဦးခေါင်းထိပ်တွင် (၄) လက်မခန့်ပြတ်ရှ ဒဏ်ရာတစ် ချက်ဖြင့် အိမ်သို့ ရောက်ရှိလာသဖြင့် သမီးဖြစ်သူ အားဖြစ်စဉ် မေးမြန်းရာ ဖခင်ဖြစ်သူဦးသိန်းမြင့် (၅၅) နှစ်က စိတ်ဆိုးပြီး တဲပေါ် ၌ အသင့်ရှိနေသော ဓားမဖြင့် ဦးခေါင်းကို ခုတ်သဖြင့် ဒဏ်ရာ ရရှိခဲ့သဖြင့် ညီမဖြစ်သူ မစုလှိုင်နှင်း (၁ဝ) နှစ်ကို ခေါ်၍ပြန်လာခဲ့ ကြောင်း ပြောပြသိရှိရသည်ဆို၏။

ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ မိခင်ဖြစ်သူက သမီးဖြစ်သူကို ဓားဖြင့်ခုတ်သော ခင်ပွန်းဦးသိန်းမြင့် (၅၅) နှစ်၊ ညောင်မှော် ကျေးရွာ နေသူကို ဥပဒေအရအရေးယူပေး ပါ ရန် သက်ဆိုင်ရာရဲစခန်းသို့ တိုင်တန်းခဲ့ သည်ဆို ၏။ ၄င်း ဖြစ်စဉ်နှင့် ပတ်သက်၍ကုက္ကိုကုန်း ရဲစခန်းက (ပ) ၁၂/၂ဝ၁၃ ပြစ်မှု ပုဒ်မ ၃၂၆ ဖြင့် အမှုရေး ဖွင့်ထား ကြောင်း သတင်းရရှိသည်။



ဟင်္သာ(တောင်တွင်းကြီး)

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်