Monday, February 25, 2013

တစ်နိုင်ငံလုံး ကာမလှုံ့ဆော်ဆေးဝါးများ ဖမ်းဆီးနေသော်လည်း တောင်ကြီးတွင် ရောင်းမြဲ ရောင်းချလျှက်ရှိနေ

Posted by drmyochit Monday, February 25, 2013, under | 1 comment


 မြန်မာ နိုင်ငံ အတွင်း ရန်ကုန်၊ မန္တလေး ကဲ့သို့သော မြို့ကြီးများ အပါအ၀င် နေရာ အနှံ့ အပြားတွင် ယနေ့ခေတ် လူငယ်များ အတုယူ မမှားစေရန်နှင့် စိတ်ပိုင်းဆိုင်ရာများ တိုးတက်စေရေးအတွက် ကာမ ဆန္ဒ လှုံ့ဆော် စေသည့် ဆေးဝါး ပစ္စည်း များအား လိုက်လံ ဖမ်းဆီး အရေး ယူမှုများ ပြုလုပ် နေလျှက် ရှိသော်လည်း ရှမ်းပြည် နယ်၏ မြို့တော် တောင်ကြီးမြို့တွင်မူ လူစည် ကားရာ နေရာဖြစ် သော ညဈေးတန်း နေရာတွင် ရောင်းချ နေလျှက် ရှိနေကြောင်း သိရှိရ ပါတယ်။


အဲဒီ ကာမ လှုံ့ဆော် ဆေးများ ရောင်းချသည့် နေရာတွင် တောင်ကြီးမြို့ပေါ်ရှိ ရဲတပ်ဖွဲ့ဝင် များမှ လုံခြုံရေး များရှိသည့် အပြင် စည်ပင် သာယာရေး ဦးစီးဌာန ၀န်ထမ်း များလည်း ရှိနေကြောင်းနှင့် မည်သည့် အတွက်ကြောင့် ပိတ်ပင် တားဆီးခြင်း မရှိသည် ကိုမူ အသေးစိတ် မသိရှိ ရသော်လည်း အဆိုပါ ကာမ လှုံ့ဆော် ဆေးများ ရောင်းချသည့်နေရာသို့ သားအမိ သားအဖ မောင်နှစ်မများ မသွားရဲဘဲ ရှိနေသော် လည်း အဆိုပါ နေရာသည် ဈေးသွား ဈေးလာများ အဖို့ မသွားလျှင် မရသော နေရာ ဖြစ်နေကြောင်း သိရပါတယ်။

တောင်ကြီး မြို့ပေါ်ရှိ သတင်း ထောက် များမှာလည်း အဆိုပါ ကိစ္စအား သိနေ မြင်နေ သော်လည်း သတင်း မရေးပဲ လျစ်လျူ ရှုထားပြီး အဓိက တာဝန် ရှိသော စည်ပင် သာယာရေး အဖွဲ့မှာလည်း ဈေးကောက် ရရင်
ပြီးရော ဆိုသည့် စိတ်ဖြင့် လျစ်လျူ ရှုထားကြောင်း သိရှိ ရပါတယ်။

တောင်ကြီးတိုင်းမ်

1 comments:

ပြထားတဲ့ ပုံတွေက ကွန်ဒုံးတွေ။ အဲဒါ အိပ်ခ်ျအိုင်ဗွီနဲ့ကာလသားရောဂါတွေ ကာကွယ်ဖို့ပါ။ ကာမကြွဆေးပုံတွေ မဟုတ်ဘူး။

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်