Monday, February 25, 2013

ချောင်းဦးမြို့ သုံးပန်လှ ကျေးရွာ မိန်းကလေး ၂ ဦးပျောက်ဆုံးနေ

Posted by drmyochit Monday, February 25, 2013, under | No comments


ချောင်းဦးမြို့ သုံးပန်လှ ကျေးရွာနေ ဦးအောင်စိုး သမီး မရွှေပို(၁၄ နှစ်) နှင့် ဦးခင်လင်းသမီး မမာမာမြင့် (၂၀ နှစ်)တို့နှစ်ဦး (၁၅-၂-၁၃) ရက်နေ့က ရုတ်တရက် ပျောက်ဆုံး ခဲ့ကြပါတယ်။ မိဘဆွေ မျိုးများက အလွန်စိတ်ပူပန်တဲ့ အတွက် ကျေးရွာ အုပ်ချုပ်ရေးမှူးမှ တဆင့် ချောင်းဦး ရဲစခန်းကို အကြောင်းကြား တိုင်ကြားခဲ့ ကြပါတယ်။ 


၂၀-၂-၂၀၁၃ ရက်နေ့အထိ ဘာမှ ထူးခြားမှု မရှိတဲ့အတွက် မြို့နယ်မှူးထံ လိပ်မူပြီး စာနဲ့ အမှုဖွင့်ပါတယ်။ တိုင်စာ မှာလည်း ကလေးတွေကို သွေးဆောင်ခေါ်ဆောင်သွားသူများ ဖြစ်နိုင်တဲ့ သဲလွန်စကို ရေးသား ဖော်ပြ ထားပြီးသားပါ။ ရဲမြို့နယ်မှူးက ခင်ဗျားတို့ မိန်းကလေးတွေ ပြန်တွေ့ရင် ကျေနပ်တယ်မလား လို့ပြောပြီး ယနေ့ ထိ အမှုဖွင့်မပေးသေးပါဘူး။ ဒီစကားကြောင့် ရဲနဲ့ မိန်းကလေးတွေကို ခေါ်သွားသူတွေနဲ့ အဆက်အသွယ် များ ရှိသလားလို့ မိဘဆွေမျိုးတွေက သံသယဖြစ်နေပါတယ်။ မိန်းကလေးတွေလည်း ဒီနေ့ထိ ပြန်မတွေ့သေးလို့ လူကုန်ကူးခံရပြီး မိန်းကလေးတွေကို လက်ပြောင်း လက်လွှဲလုပ် ရောင်းစားမှာ အလွန်ဘဲ စိတ်ပူနေပါတယ်။ တစ်နေ့မှ အိပ်မပျော်ကြပါဘူး။

လူကုန်ကူးမှုတွေက နိုင်ငံတကာမှုခင်း စာရင်းဝင်ပါတယ်။ နိုင်ငံတကာအဆင့် အလုပ်ရုံ အဆင့် အလုပ်ရုံ ဆွေးနွေးပွဲတွေလည်း မြန်မာပြည်မှာ မကြာမကြာ လုပ်ကြတာပါ။ ယခု မိန်းကလေးငယ် နှစ်ဦး ပျောက်ဆုံးမှု ကိုလည်း မိဘသားသမီးချင်း ကိုယ်ချင်းစာတဲ့ အနေနဲ့ အလေးထား ဆောင်ရွက် ပေးစေလိုပါတယ်။

မင်းခေါင် - ချောင်းဦး

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်