Monday, February 25, 2013

ဗိုလ်ချုပ်မှူးကြီးသန်းရွှေ(ငြိမ်း)အပါအ၀င် ယခင်စစ်ခေါင်းဆောင်များအား တရားစွဲဆိုမည်ဟုဆိုလာသည့် နိုင်ငံအကျဉ်းသားဟောင်းကိုအောင်ထွန်းနှင့် တွေ့ဆုံခြင်း

Posted by drmyochit Monday, February 25, 2013, under | No comments

ယခင်နိုင်ငံတော်အေးချမ်းသာ ယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဥက္ကဋ္ဌနှင့် တပ်မတော်ကာကွယ် ရေးဦးစီးချုပ်၊ ဗိုလ်ချုပ်မှူးကြီး သန်း ရွှေ (ငြိမ်း) အပါအ၀င် ယခင် တပ်မတော်ထောက် လှမ်းရေး မှူး  ဦးခင်ညွန့်နှင့် အခြားသော စစ်ဘက်တာဝန်ရှိသူများအား ထောင်တွင်း စစ်ကြောရေးနှင့် အခြားသော ညဉ်းပန်း မှုများအတွက် တာဝန် ရှိသည်ဟုဆိုကာ နိုင်ငံရေး အကျဉ်း သားများ ကိုယ်စားတရား စွဲဆိုမှုပြုလုပ်သွားမည့်နိုင်ငံရေး အကျဉ်း သားဟောင်း တစ်ဦးဖြစ်သူ ကိုအောင်ထွန်းအား သတင်း ထောက်မှတွေ့ဆုံ၍ ယခင်နိုင်ငံ တော်အကြီး အကဲများ အပေါ် တရား စွဲဆိုမည်ဟုဆိုခြင်းနှင့် ပတ်သက် ၍ ပတ်သက် ၍မေးခွန်း အနည်း ငယ် မေးမြန်းဖြစ်ခဲ့ပါသည်။

ကိုအောင်ထွန်းအနေနဲ့ ယခင် တပ်မတော်အကြီးအကဲဖြစ်တဲ့ ဦးသန်းရွှေ (အငြိမ်းစားဗိုလ်ချုပ် မှူးကြီး) အပါအ၀င်အခြားသော ယခင်စစ်ဘက်အဆင့်မြင့်အရာရှိ တွေကို တရားစွဲဆိုမယ်လို့သိရပါ တယ်။ တရားစွဲဆိုရတဲ့ အဓိက အကြောင်းအရင်းနဲ့ ဘယ်လိုပုဒ်မ တွေနဲ့ စွဲဆိုမလဲသိပါရစေ။

ကျွန်တောု ၁၉၉၀ စက်တင် ဘာ (၁) ရက်ကနေ ၁၉၉၄ စက်တင်ဘာ (၂၃) ထိ ဗကသ များအဖွဲ့ချုပ်စစ်ကြောရေးစခန်းနဲ့ ထောင်ထဲမှာလေးနှစ်နေခဲ့ရတယ်။ အဲဒီတုန်းက ဗကသများအဖွဲ့ချုပ် ဥက္ကဋ္ဌကိုမင်းကိုနိုင်ပါ။ ထောင်ကျ တုန်းထောင်ထဲမှာစစ်ကြောရေး ညည်းပန်းမှုတွေကို ထောင်က ထွက်လာတော့စာအုပ်ရေးတယ် အဲဒီမှာ ၁၉၉၈ မှာထပ်ဖမ်းခံရပြီး ၂၀၀၉ စက်တင်ဘာ ၁၈ မှ ပြန် လွတ်ခဲ့တယ်။ ဒီတော့ ဒီလိုမတရား ညည်းပန်းမှုတွေနဲ့ ပတ်သက်ပြီး တော့ အဲဒီအချိန်က နိုင်ငံတော် အကြီးအကဲဖြစ်တဲ့ ဦးသန်းရွှေနဲ့ ကျွန်တော်တို့ကိုနှိပ်စက်ခဲ့တဲ့ ထောက်လှန်းရေးတွေအတွက် အဲဒီတုန်းက ထောက်လှန်းရေး အရာရှိချုပ်ဦးခင်ညွန့်တို့မှာ တာဝန် အပြည့်အ၀ရှိတယ်လို့ယူဆတယ်။

 ဒါကြောင့်တရားစွဲမှာပါ။ ဥပဒေ ပုဒ်မတွေကတော့ ကျွန်တော့်ကို သေကြောင်းကြံစည်မှု အသရေ ဖျက်မှု ညည်းပန်းမှု ပုဒ်မ ၅၀၀ ပုဒ်မ ၃၀၆၊ ပုဒ်မ ၃၀၇၊ ၃၀၈ ပြီး တော့ အခြားပုဒ်မတွေအပြင် ကမ္ဘာမှာရှိတဲ့အခြား တရားစွဲဆို နိုင်တဲ့ ပုဒ်မတွေနဲ့ ပါစွဲဆိုသွားမှာ ပါ။

ဒီလိုတရားစွဲဆိုမှုနဲ့ ပတ်သက်ပြီး တရားစွဲဘယ်ထဲမှာ ပါဝင်တဲ့ ယခင်ခေါင်းဆေင်ပိုင်းတွေကို အသိ ပေးထားတာမျိုးရောရှိပါသလား။

ကျွန်တော် ၂၀၁၂ ခုနှစ် အောက်တိုဘာကစပြီး အိတ်ဖွင့် ပေးစာငါးစောင်ပေးခဲ့ပါတယ်။ ပထမအိတ်ဖွင့်ပေးစာက ဦးသန်းရွှေ (ဗိုလ်ချုပ်မှူးကြီးငြိမ်း)၊ ဒုတိယအိတ် ဖွင့်ပေးစာက ဦးခင်ညွန့် (၀န်ကြီး ချုပ်ဟောင်း) ယခင် တပ်မတော် ထောက်လှန်းရေးအရာရှိချုပ် အပါအ၀င်ယခင်တပ်မတော်အရာ ရှိတွေဖြစ်တဲ့ ဦးမြင့်ဆွေ၊ ဦးရဲမြင့်၊ ဦးကျော်ဝင်းနဲ့ ပြည်ထဲရေးဝန်ကြီး ဟောင်းဗိုလ်ချုပ်မောင်ဦး၊ တတိယ အိတ်ဖွင့်ပေးစာကိုတော့ ထောင် ဆရာဝန်တွေဖြစ်တဲ့ ဒေါက်တာ ထွန်းထွန်း၊ ဒေါက်တာအောင်သန်း၊ ဒေါက်တာစိုးရီ၊ ဒေါက်တာစိုးခိုင် တို့ကိုပေးခဲ့တယ်။ စတုတ္ထအိတ်ဖွင့် ပေးစာမှာတော့ အဲတုန်းက သတင်း စာရှင်းလင်းပွဲခေါင်းဆောင်၊ ဗိုလ်ချုပ်ကျော်ဝင်း၊ အဲဒီမှာ ရဲချုပ် စိုးဝင်းလည်းပါတယ်။ ပဉ္စမ အိတ် ဖွင့်ပေးစာမှာက ယခင်အကျဉ်း ဦးစီးညွန်ချုပ်နဲ့ ၀န်ထမ်းတွေ စုစု ပေါင်း ၅၀ ကျော်ကိုပေးခဲ့ပြီးပါပြီ။

ဒီလိုတရားစွဲဆိုမှုဟာ အစ်ကိုကို ထောင်တွင်းမှာ ညဉ်းပန်းခဲ့တာ တစ်ခုထဲကို ကိုယ်စားပြုတာလား။ ဒါမှမဟုတ် အခြားနိုင်ငံရေးအကျဉ်း သားတွေနဲ့ ညဉ်းပန်းခံရမှုတွေ အားလုံးကို ကိုယ်စားပြုပြိးစွဲမှာ လားဆိုတာသိပါရစေ။

ကျွန်တော်ကနေ စခဲ့တာပါ။ အစကတော့ တစ်ယောက်ထဲပါ။ နောက်ကြမှ ကျန်တဲ့နိုင်ငံရေး အကျဉ်းသားဟောင်းတွေလည်းပါ လာကြတာ။ ထောင်ထဲမှာ စစ်ကြောရေးနှိပ်စက်ကလူပြုတာ တွေကို ကျွန်တော်တစ်ယောက် ထဲခံခဲ့ရတာမဟုတ်ဘူး။ ဒါကြောင့် ကျွန်တော်ရဲ့ ဒီလိုတရားစွဲဆိုမှုကို လည်းတော်တော်ထောက်ခံကပါ တယ်။ မကြာခင်မှာတော့ ဒီတရား စွဲဆိုမှုကြီးဟာ အုပ်စုကြီးအထိဖြစ် လာမှာပါ။

ဒီလိုမျိုးယခင်စစ်အစိုးရ ခေါင်းဆောင် တွေကို တရားစွဲဆိုမယ်ဆိုတာနဲ့ ပတ်သက်ပြီးလက်ရှိအစိုးရပိုင်းရဲ့ တုန့်ပြန်မှုတွေနဲ့ ပြည်တွင်းက ဥပဒေပညာရှင်တွေနဲ့ သဘောထား ကရောဘယ်လိုရှိပါသလဲ။

ရန်ကုန်တိုင်းအစိုးရအဖွဲ့က တာဝန်ရှိသူတစ်ယောက်ကတော့ ဒီကိစ္စနဲ့ ပတ်သက်ပြီး ကျွန်တော့် ကိုအကြောင်းပြန်ထားတယ်။ ဒီကိစ္စတွေက နောက်ကြောင်းပြန် အရေးယူလို့မရဘူးတဲ့။ ဒါပေမဲ့ နောင်မဖြစ်အောင်တော့ သူတို့ ကာကွယ်ပေးလို့ရတယ်ဆိုတဲ့ သဘောနဲ့ ပြောတာ သူတို့ရဲ့ ပြောစကားနဲ့ လုပ်ရပ်အချို့တွေ ဟာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ အဖွဲ့ကို အကာအကွယ်ပေးနေ သေးတဲ့ဆိုတဲ့ သဘောသက်ရောက် သွားရင်လည် လက်ရှိသွားနေတဲ့ အနေအထားက ပျက်သွားနိုင် တယ်။ 

ဦးသိန်းစိန်အစိုးရအပေါ် မှာ ဦးသန်းရွှေနဲ့ သြဇာရှိနေသေး တယ်ဆိုတာမျိုးအထင်ရောက်သွား နိုင်တယ်။ ပြည်တွင်းက ဥပဒေ ပညာရှင်တွရော ပြည်ပက ဥပဒေ ပညာရှင်တွေကရော ဒီတရားစွဲဆို မှုနဲ့ ပတ်သက်ပြီး တရားစွဲလို့ရတယ် လို့ပြောပါတယ်။ ပြည်တွင်းက ဥပဒေပညာရှင်တွေနဲ့လည်း တိုင် ပင်စီစဉ်ထားပါတယ်။
ဒီလိုတရားစွဲဆိုမှုနဲ့ ပတ်သက်ပြီး ထိရောက်တဲ့ အကောင်အထည် ပေါ်မှုမရှိလာရင် ဒါမှမဟုတ်ဝေဖန် မှုတွေနဲ့အတူ မြင်သာတဲ့အရေးယူ မှုတွေ မဖြစ်လာရင်ကော ဘာ ဆက်လုပ်မလဲသိချင်ပါတယ်။

သူများနိုင်ငံတွေမှာ ခေါင်း ဆောင်တစ်ယောက်က အမှားတစ် ခုခုကြောင့် နှုတ်ထွက်သွားတဲ့အခါ လူထုကိုတောင်းပန်တယ်။ ခုဦးသန်းရွှေနဲ့ ဦးခင်ညွန့်အပါအ၀င် လူ ၅၀ ကျော်ကိုတရားစွဲမယ့်ဆို တဲ့ ကိစ္စမတိုင်ခင်ပထမအဆင့်၊ ဒုတိယအဆင့်တွေအနေနဲ့ အိတ် ဖွင့်ပေးစာတွေလည်း ပေးခဲ့ပြီးပါ ပြီ။ သူတို့ဘက်က နေပြီးတော့ တောင်းပန်စာ၊ အသနားခံစာပြန် မပို့ရင် တရားစွဲဆိုမှုလုပ်သွားမှာ ပါ။ အဲဒီတရားစွဲဆိုမှုနဲ့ ပတ်သက် ပြီး ပွင့်လင်းမှုမရှိရင်လည်း ICC, ICJ စတဲ့ နိုင်ငံတကာတရားရုံး တွေထိ တရားစွဲဆိုသွားမှာပါ။ ဒီအတွက်လည်း နိုင်ငံတကာရှေ့ နေတွေ ထိုင်းဝန်ကြီးချုပ်၊ အဘီး စစ်ကို တရားစွဲခဲ့တဲ့ရှေ့နေတွေ အပြင်ရှေ့နေကွန်ယက်နဲ့လည်း တိုင်ပင်ထားပြီးပါပြီ။

ဦးသန်းရွှေအပါအ၀င်ယခင်စစ် အစိုးရတာဝန်ရှိသူတွေကို တရား စွဲမယ်ဆိုတာနဲ့ ပတ်သက်ပြီး အဲဒီ ပုဂ်္ဂိုလ်တွေဘက်က သဘောထား တွေကိုရော ဘာများသိရသေးသလဲ ခင်ဗျား။

ကြားလူကနေတဆင့်ပဲကြား ရတာက ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ကိုမင်းတို့တရားစွဲလို့မရပါဘူး။ ကွာတဲ့ဆိုတော့ ဗိုလ်ချုပ်မှူးကြီး က တပ်မတော်အရန်တပ်ရဲ့ တပ်မှူးချုပ်ဖြစ်နေလို့တဲ့ ဦးခင်ညွန့် ကတော့ သဘောထားတစ်မျိုး ကြားလူကနေတဆင့်ကြားတာက တစ်ချန်ကြရင် သူ့အနေနဲ့လာ တောင်းပန်ပါမယ်တဲ့။ ဇန်န၀ါရီ ၅ ရက်တုန်းကလည်း အဘယ့်ကြောင့် သူတို့ကိုတရားစွဲဆိုထိုက်သနည်း ဆိုတဲ့ စာကို နိုင်ငံတကာတရား ရုံးတွေဖြစ်တဲ့ ICJ, ICC ကို ပို့ထား တယ်။ ပြီးတော့နိုင်ငံပေါင်း ၁၉၉ နိုင်ငံက နိုင်ငံတော်တရားသူကြီး ချုပ်တွေ ဆီကိုလည်းပို့ထားပြီးပါ ပြီ။ ဒီတရားစွဲဆိုမှုဟာ သူတို့ဘက် ကနေ ကာလတစ်ခုထိအကြောင်း မပြန်မှသာစတင်မှာပါ။ သူတို့ဘက် က ပြန်တောင်းပန်ဖို့အတွက်သာ မှမတုန့်ပြန်ရင် သတင်းစာရှင်းလင်း ပွဲကြီးလုပ်ပြီး တရားစွဲဆိုမှုကို စတင်မှာပါ။

ပြန်လည်ဝန်ချတောင်းပန်မှုနဲ့ ပတ်သက်ပြီးတော့ရော တရားစွဲ ဆိုမှုမှာပါဝင်တဲ့ ယခင်စစ်အစိုးရ ခေါင်းဆောင်တွေကို နေ့ရက်သတ် မှတ်ပေးထားမျိုးရောရှိပါသလား။

ကျွန်တော်တို့အနေနဲ့ကတော့ မတ်လ (၁၃) ရက်နေ့ ဖုန်းမောင် နေ့အခမ်းအနားမှာ ဦးသန်းရွှေနဲ့ ဦးခင်ညွန့် ကတောင်း ပန်လို့ရတယ်။ သူတို့လာရင် သူတို့ကိုမဲ့တစ် ယောက်တောင်မစွန်းစေရဘူး။ ဒါမှမဟုတ် TV ကလည်းတောင်း ပန်လို့ရတယ်။ အဲသလိုမှ မတောင်းပန်ရင်တော့ခုနကပြော သလို သတင်းစာ ရှင်းလင်းပွဲကြီး လုပ်ပြီး တရားစွဲသွားမှာပါ။ ဒီအတွက်အများကြီးသော နိုင်ငံ ရေးအကျဉ်းသားတွေ အထူး သဖြင့် ဘဘဦးဝင်းတင်တို့နိုင်ကျဉ်းက ကိုထွန်းကြည်တို့ကလည်းဒါကို ထောက်ခံတယ်။

အောက်ခြေပိုင်းဝန်ထမ်းအချို့ရဲ့ လုပ်ရပ်နဲ့ ပတ်သက်ပြီး အဲဒီတုန်း က နိုင်ငံတော်အကြီးအကဲတွေကို ဦးတည် တရားစွဲရတဲ့ကြောင်း သိပါ ရစေ။

ဒါကရှင်းလင်းလေးပါ။ ဒုတိယ ကမ္ဘာစစ်တုန်းက နာဇီတွေဂျူးတွေ ကိုသတ်တယ်။ သတ်တဲ့ထဲမှာ နှိပ်စက် တဲ့ထဲမှာ နာဇီခေါင်းဆောင် တွေဖြစ်တဲ့ ဟစ်တကတို့ဂတ်စတာ ပိုဗိုလ်ချုပ်ဟင်းမလားတို့က ကိုယ် တိုင်မ သတ်ပေ မယ့်။ ခေါင်းဆောင် ဖြစ်တဲ့အတွက် စစ်ရာဇ၀တ်ကောင် တွေအဖြစ် သတ်မှတ်ခံရတာ သူတို့မှာ တာဝန်ရှိ တယ်လေ။ နီးနီး လေးပြောရရင် မြန်မာ့လွတ်လပ် ရေးအကြောင်းပြောရင် ဗိုလ်ချုပ် အောင်ဆန်း က အဓိကပါနေတယ်။ သူတိုင်းဗိုလ်ချုပ်ကိုလွတ်လပ်ရေး ဗိသုကာမဖြစ်နိုင်ဘူး။ 

ကွန်မြူနစ် တော်လှန်ရေးတွေမှာလည်း လီနင် တို့စတာလင်တို့လိုချီမင်းတို့ခေါင်း ဆောင်ဖြစ်တာပဲ။ ဒါကြောင့် ကျွန်တော်တို့ နိုင်ငံရေးအကျဉ်းသား တွေ နှိပ်စက်ခံရမှုနဲ့ ပတ်သက်ပြီး အဲဒီတုန်းက တိုင်းပြည်ခေါင်းဆောင် တွေမှာ တာဝန်ရှိတယ်။ တာဝန် မယူနိုင်ရင် ခေါင်းဆေင်မရပ်နဲ့လေ အောက် လူတွေလုပ် တာပါဆိုပြီး ဘယ်ခေါင်းဆောင်မှပြောလို့မရဘူး။ တာဝန်ယူရဲမှခေါင်းဆောင်လုပ်လေး လစ်ဗျား ကိစ္စ ကဒါဖီမှာတာဝန်ရှိ တယ်။ ဆီးရီးယားကိစ္စက သတ်မှာ တာဝန်ရှိတယ်။ ကိုယ့်ကိုယ်ကို သိက္ခာရှိ တယ်လို့ယူ ဆရင် ယုံကြည် ရင်ကျွန်တော်တို့နဲ့ မဆိုင်ပါဘူး။ အောက်ခြောက်လုပ်တာပါဆိုတာ မျိုးမပြောရ ဘူး။ ခေါင်းဆောင်လုပ် ပြီး သိက္ခာမရှိရင်လူထုကဘယ်ယုံ ကြည်ပါ့မလဲ။ လူထုကိုဂရုမစိုက်ပဲ ငါတို့က လက်နက်တွေ ပိုင်တယ်။ စစ်တပ်ကြီးပိုင်တယ်ဆိုပြီးလုပ်လို့ ရတဲ့ခေတ်မရှိတော့ပါဘူး။
ဟုတ်ကဲ့ခု လိုဖြေကြားပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ်။


ခန့်ခန့် (ဒဿနိက)
Hot News

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်