Monday, February 25, 2013

အစိုးရမကောင်းပြောပြီး တတိယနိုင်ငံပြောင်း အထောက်ပံ့တောင်း တဲ့ ဒုက္ခသည်တစ်ဦး ဆွဲကြိုးချသေဆုံး

Posted by drmyochit Monday, February 25, 2013, under | No comments

ဒုက္ခသည်အဖြစ် နယ်သာလန်နိုင်ငံမှာ ပြောင်းရွှေ့ အခြေချနေထိုင်ခွင့်ရတဲ့ KNU ကရင်အမျိုး သားအ စည်း အရုံး ရဲဘော်ဟောင်းတဦးဖြစ်သူ စောရွှေလား တယောက် ဖေဖေါ်ဝါရီ ၁၉ မှာ ကိုယ့်ကိုယ်ကို အဆုံး စီရင် သွားခဲ့ပါတယ်။

နယ်သာလန်နိုင်ငံ Delfsen မှာနေထိုင်သူ KNUရဲဘော် စောရွှေလားဟာ ၁၉ ရက် ညနေပိုင်းက သူ့သူငယ်ချင်း တဦးရဲ့ ကားဂိုဒေါင်တွင်း ဆွဲကြိုးချ သေဆုံး သွားတယ်လို့ မျက်မြင်တွေက ဆိုပါတယ်။

ဘာ့ကြောင့် ဒီလိုလုပ်သွားရသလဲ ဆိုတဲ့ အကြောင်းရင်း အတိအကျကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေး ပဲ သူ့အလောင်းကို ဆေးရုံမှာ ဆေးစစ်နေဆဲ ဖြစ်ပါတယ်။

စောရွှေလားဟာ ၁၉၉၈ ခုနှစ် အိန္ဒိယနိုင်ငံမှာ သတ်ဖြတ်ခံခဲ့ရတဲ့ ရခိုင် လက်နက်ကိုင် ခေါင်းဆောင် ဗိုလ်ရာ ဇာ တပ် ဖွဲ့နဲ့အတူ အိန္ဒိယနိုင်ငံ လန်ဖေါ့ ကျွန်းမှာ ရေတပ်စခန်းတစ်ခုဖွင့်ဖို့ လိုက်ပါလာရင်း အိန္ဒိယနိုင်ငံက ဖမ်းဆီး ထောင်ချခဲ့ပြီး ၂၀၁၁ မှာ ပြန်လည်လွတ်မြောက် လာပါတယ်။

၂၀၁၂ မှာ သူတို့ထဲက ၂၉ ဦးကို ကုလသမဂ္ဂဒုက္ခသည်များ မဟာမင်းကြီး ရုံးနဲ့ ညှိပြီး နယ်သာလန်နိုင်ငံမှာ ခိုလုံခွင့် ပေးခဲ့ပါတယ်။


မြန်မာဒုက္ခသည်များဟာ အစိုးရမကောင်းပြောပြီး တတိယနိုင်ငံပြောင်း အထောက်ပံ့တောင်း နေသူ များဖြစ်ပြီး ပြည် သူ့အတွက်ဟု ခေါင်းစဉ်တပ်ကာ ဆန္ဒပြလေ့ရှိပြီး နိုင်ငံတကာထံမှ ပိုက်ဆံတောင်းကြလေ့ ရှိပါတယ်။ အခု သေဆုံးမှုနှင့် ပတ်သက်ပြီး ပြည်သူနာမည်နဲ့ လုပ်စား သဖြင့် ပြည် သူ့မေတ္တာ စူးကာ သေပွဲဝင် တာဖြစ်နိုင်ကြောင်း ဝေဖန်မှုတွေရှိနေပြီး နောက်ထပ် ဒုက္ခသည်တွေလည်း သတိထား ဖို့လိုပြီးဖြစ်ကြောင်း သုံးသပ်ရပါတယ်။

From:MEG

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်