Monday, February 25, 2013

အတိုက်အခံ တွေကို အားပေးတဲ့ ဧရာဝတီရဲ့ SSA ခေါင်းဆောင် နဲ့ အင်တာဗျူး ဒုတိယပိုင်း

Posted by drmyochit Monday, February 25, 2013, under | No comments


အင်တာဗျူး ဒုတိယပိုင်းမေး ။    ။ အဲဒီလို နိုင်ငံတွေရဲ့ စီးပွားရေးအခြေအနေတွေကို သိအောင်လို့ ဥက္ကဋ္ဌက ဘယ်လို လေ့ လာ၊ ဘယ်လို ဖတ်သလဲ။ မြန်မာလိုလား၊ အင်္ဂလိပ်လိုလား၊ ထိုင်းဘာသာနဲ့ ဖတ်လား။

ဖြေ ။    ။ များသောအားဖြင့်တော့ ထိုင်းဘာသာနဲ့ ဖတ်တာများတယ်၊ ပြီးတော့ မြန်မာဘာသာနဲ့လည်း ဖတ်တာရှိတယ်၊ မြန်မာဘာသာတော့ တချို့ဟာတွေ သိပ်ပြီးတော့ သဘောမပေါက်တာ ရှိတယ်။

မေး ။    ။ ထိုင်းဘာသာကို  ဘယ်မှာသင်ခဲ့ရလဲ။
ဖြေ ။    ။ ဒီတပ်ထဲကိုဝင်ပြီးတော့ ဒီနယ်စပ်မှာ လာနေခဲ့ရတာ ၁၉၇၆ ခုနှစ်ကတည်းကလေ။


မေး ။    ။  ဥက္ကဋ္ဌ ငယ်ငယ်တုန်းက ဘယ်ခေါင်းဆောင်ကို အားကျခဲ့လဲ။
ဖြေ ။    ။ အောင်မြင်မှုရရှိလာတဲ့ ခေါင်းဆောင်တွေ အားလုံးကို ကျနော် လေ့လာတယ်။
ကျနော် သဘောအကျဆုံး၊ အားအကျဆုံး ကတော့ ဟိုချီမင်း ဖြစ်ပါတယ်။

မေး ။    ။ RCSS/SSA ရဲ့ ခေါင်းဆောင်တယောက်အနေနဲ့ အလုပ်ကတော့ အရမ်းများမှာပဲ။ စိတ်အပန်းဖြေဖို့ ဘာတွေ လုပ်ပါသလဲ။
ဖြေ ။    ။ စိတ်အပန်းဖြေတာကတော့ အားကစား လုပ်တယ်၊ ကြက်တောင်ရိုက်တာ ဝါသနာပါတယ်၊ ကြက်တောင်ရိုက်လို့ အခု လက်တောင်မှ ထိခိုက်လို့ ကျောက်ပတ်တီး ထည့်ထားရတယ်။
မေး ။    ။ မိသားစုအတွက်ရော ဘယ်လိုအချိန်ပေးသလဲခင်ဗျ။
ဖြေ ။    ။ မိသားစုအတွက်ကတော့ တစ်ရာ ရာခိုင်နှုန်းမှာ သုံးဆယ် ရာခိုင်နှုန်းလောက်ပဲ အချိန်ပေးနိုင်တယ်။ အချိန်သိပ်ပြီးတော့  မပေးနိုင်သေးဘူး။

မေး ။    ။ ဧရာဝတီ သတင်းဌာနက တင်တဲ့ သတင်းတွေကိုရော ဖတ်ဖြစ်ပါသလား။
ဖြေ ။    ။ ဝဘ်ဆိုက်ထဲမှာ နေ့တိုင်း ဖတ်ပါတယ်။
မေး ။    ။ တနေ့မှာ SSA ရဲ့ခေါင်းဆောင် တစ်ယောက်ဖြစ်လာလိမ့်မယ်လို့ ရည်ရွယ် စိတ်ကူးခဲ့တာများ ရှိလား။
ဖြေ ။    ။ ဒီလိုမျိုး စစ်သား လာဖြစ်ဖို့တောင်မှ ကျနော် မထင်ထားခဲ့ဘူး၊ ကျနော်တို့ စစ်သား လာလုပ်ရတာလဲ တပ်မတော်က ဖိနှိပ်မှုကြောင့်ပဲ၊ ကျောင်းသားဘဝတုန်းက ကျနော့်ရဲ့ သူငယ်ချင်း မိန်းခလေး တစ်ယောက်ကို တပ်မတော်က မုဒိမ်းကျင့်ခဲ့တာ ရှိတယ်၊ အဲဒီအချိန်ကတည်းက တပ်မတော်ကို မုန်းတီးတဲ့စိတ် ရှိလာခဲ့တယ်၊ ဒါပေမယ့် လူမျိုးရေးမုန်းတီးတာ၊ ဗမာကို မုန်းတီးတယ် ဆိုတာတော့ မရှိဘူး။

မေး ။    ။ ငယ်စဉ်လူငယ်ဘဝ အနာဂတ်စိတ်ကူးက တပ်ထဲဝင်ဖို့မဟုတ်ဘူး ဆိုတော့ ငယ်တုန်းက ရည်ရွယ်ချက်က ဘာဖြစ်မလဲ။
ဖြေ ။    ။ ငယ်စဉ်တုန်းက ရည်ရွယ်ချက်ကတော့ စီးပွားရေးလုပ်ပြီး မိဘကို လုပ်ကျွေးမယ်ဆိုတဲ့ ရည်ရွယ်ချက်ပဲ ရှိခဲ့တယ်။
ဒု ဗိုလ်ချုပ်ကြီး ရွက်စစ်နဲ့ သူ့ရဲ့ အနီးကပ် လုံခြုံရေး အရာရှိများ

မေး ။    ။ ဥက္ကဋ္ဌရဲ့ အသက် ဘယ်လောက်လဲခင်ဗျ။
ဖြေ ။    ။ ကျနော့်ရဲ့ စိတ်ပိုင်းကတော့ ၂၅ နှစ်ပဲ ရှိပါသေးတယ်၊ တကယ့် အသက်အစစ်အမှန်ကတော့ ၅၃ ရှိပါပြီ။
မေး ။    ။ ကျောင်းသားဘဝက အကြောင်း နဲနဲပြောပြပေးပါ။
ဖြေ ။    ။ ကျောင်းကတော့ တော်တော်များများနေခဲ့ရတယ်၊ ဒါပေမယ့် အောင်တော့ သိပ်ပြီး မအောင်ခဲ့ဘူး၊ ငယ်ငယ်တုန်းက မိုက်ခဲ့တာပေါ့၊
သူများနဲ့လည်း ခဏခဏ ရန်ဖြစ်တော့ ကျောင်းလည်း ခဏခဏ အထုတ်ခံရတယ်။

ဧရာဝတီ

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်