နိုင်ငံခြား အစိုးရနှင့် ကုမ္ပဏီတို့ က သူတို့၏ ကွန်ရက် များကို ဝင်ရောက် နှောင့်ယှက်တိုက်ခိုက်နေသော တရုတ် လူမျိုး ဟက်ကာများ သည် တရုတ် နိုင်ငံ စစ်တပ်နှင့် ဆက်စပ်မှု ရှိနေသူများ ဖြစ်ကြောင်း သံသယဝင်လျက်ရှိနေ ကြသည် ဟု သိရသည်။
ထိုသို့ သံသယ ဝင်နေမှုနှင့်ပတ် သက်၍ ဖေဖော်ဝါရီ ၁၉ရက်က Mandiant အမည်ရှိ အမေရိကန်လုံ ခြုံရေး ကုမ္ပဏီက အထောက် အထား များနှင့် အတူ တင်ပြ ခဲ့သည်ဟု သိရ သည်။ ခြောက်နှစ်ကြာခန့် စုံစမ်းစစ် ဆေးမှုပြုပြီး နောက် ပေါ်ထွက်လာ သော လုံခြုံရေး ကုမ်ပဏီ ၏ အစီရင်ခံ စာတွင် တရုတ် ဟက်ကာ အုပ်စုထဲမှ အဖွဲ့ဝင်တစ်ဦး ချင်းစီကို ခြေရာကောက် ကာ စစ်ဆေးမှုပြုခဲ့ခြင်း ဖြစ်သည်။ တရုတ် ဟက်ကာ အုပ်စုသည် Ugly Gorilla နှင့် Super Hard ကဲ့သို့သော နာမည်ပွား များဖန်တီးကာ နိုင်ငံခြား ကုမ္ပဏီများ၏ ကွန်ပျူတာ များ အတွင်း ဝင်ရောက်နှောင့်ယှက်မှုပြုနေသည် ဟု သိရသည်။
အစီ ရင်ခံစာအရ ခြေရာကောက် ရာတွင် ဟက်ကာတို့၏အခြေစိုက် ရာမှာ ပြည်သူ့လွတ်မြောက်ရေးတပ် မတော်၏ ယူနစ် ၆၁၃၉၈ သို့ ဦးတည် သွားနေသည် ကို တွေ့ရှိရသည်ဟု သိရသည်။ တရုတ် နိုင်ငံ ကမူ Mandiant ၏ အစီရင်ခံစာကို ပြစ်တင်ရှုတ်ချခဲ့သည်။ ဖေဖော်ဝါရီ၂၀ ရက်တွင် မူ ကုန်ထုတ်လုပ်မှုဆိုင်ရာ လျှို့ဝှက်ချက် ခိုးယူ နေမှုကို တိုက် ခိုက်ချေမှုန်းမည့်အစီအစဉ်ကို ထုတ် ပြန် ကြေညာ ခဲ့ ကြောင်း သိရ သည်။
Mandiant ၏ ထုတ်ဖော်ချက် အရ ယူနစ်၆၁၃၉၈မှ ဟက်ကာတို့ သည် အဓိကအားဖြင့် အမေရိကန် ကုမ္ပဏီပေါင်း ၁ဝဝကျော်ထံမှ နည်းပညာစီမံ ချက်များ၊ မဟာဗျူဟာများ နှင့် ကုန်ထုတ်လုပ် မှုနည်းစနစ် များကို ခိုးယူခဲ့ ကြောင်း သိရသည်။ အစီရင် ခံစာတွင် ဟက်ကာ တို့၏ ခိုးယူခြင်းခံ ရသော ကုမ္ပ ဏီအမည်များကို ထုတ် ဖော်ခဲ့ခြင်း မရှိဟု သိရသည်။ အလား တူပင် ဟက်ကာတို့သည် အမေရိကန် ကာကွယ်ရေး ဌာန၏ ကန်ထရိုက်လုပ် ငန်းစနစ်များ အတွင်းသို့လည်း ဝင် ရောက်ခဲ့သည်ဟု သိရသည်။
ထိုသို့သောဆိုက်ဘာပြစ်မှုကျူး လွန်ခြင်းသည် အခြားသူအတွက် ကြီးမားသောဆုံးရှုံးမှုဖြစ်ပေါ်စေနိုင် သည်ကို သတိချပ်သင့် သည်ဟု အစီ ရင်ခံစာ တွင် ဖော်ပြခဲ့ပြီး သမ်မတ ဘားရတ်အိုဘားမားက အမေရိကန် ကုမ်ပဏီများနှင့် အစိုးရအေဂျင်စီများ အကြားတွင် သတင်း အချက် အလက် များမျှဝေခြင်းဖြင့် ပိုမိုကြီးမား ကျယ် ပြန့်သော ပူးပေါင်းဆောင်ရွက်မှုကို လုပ်ဆောင်ရန် ထုတ်ဖော်ကြေညာခဲ့ ကြောင်း သိရ သည်။ တရုတ်နိုင်ငံက မူ Mandiant အစီရင်ခံသည့် အပြစ် အနာ အဆာ များရှိ၍ နည်းပ ညာဆိုင် ရာ အထောက် အထား ကင်းမဲ့နေ ကြောင်း ထုတ်ဖော်ပြောကြား ခဲ့ကြောင်း သိရသည်။
Yangon Media Group
Time in Rangoon

0 comments:
Post a Comment