Monday, February 25, 2013

ရုပ်ရှင်နှင့် ဗီဒီယို ထုတ်လုပ်သူ သုံးဦးအား ရုပ်ရှင်လောကသား ၁၇၀ ကျော်က လက်မှတ်ရေးထိုး တိုင်ကြား

Posted by drmyochit Monday, February 25, 2013, under | No comments

မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံး ပျက်စီး ရာပျက် စီးကြောင်း အတွက် ဦးဆောင်လှုပ် ရှားနေသူ သုံးဦး အား အရေးယူပေးရန် ရုပ်ရှင် အနုပညာရှင် အလွှာေ ပါင်း စုံမှ စုပေါင်း လက်မှတ်ထိုး တိုင်ကြားကြောင်း သိရသည်။ ယင်းနှင့် ပတ်သက်၍ ဖေဖော်ဝါရီ ၁၅ ရက်က မြန်မာနိုင်ငံ ရုပ်ရှင် အစည်း အရုံးတွင် သတင်း စာရှင်းလင်းပွဲ တစ်ရပ် ပြုလုပ် ခဲ့ကြောင်း သိရသည်။ 

ရုပ်ရှင်လောက သားများ လက်မှတ်ရေးထိုး တိုင်ကြား ထားသည့် သူများမှာ မာန်ထက်ချီ ဗီဒီယို ထုတ်လုပ်ေ ရးမှ ထုတ်လုပ်သူ ဦးဝင်းကို၊ ဇမ္ဗူတစ်လူ ထုတ်လုပ်ရေးမှ ဦးခင်ဌေးနှင့် ဆု ဗီဒီယို ထုတ်လုပ်ရေး မှ ဒေါ်စမ်း စမ်းမော် တို့ ဖြစ်ကြောင်း အဆိုပါ သတင်းစာရှင်းလင်းပွဲမှ သိရသည်။ ရုပ်ရှင်လောကသားများ စည်းလုံးမှုပြို ကွဲအောင် နည်းမျိုးစုံဖြင့် ဆောင်ရွက်နေသောကြောင့် အရေးယူပေးရန် ရုပ်ရှင်အနုပညာရှင် အလွှာပေါင်းစုံမှ စုစုပေါင်း ၁၇၁ ဦးသည် လက်မှတ်ထိုးကာ ပြည်ထောင်စုဝန်ကြီး (ပြန်ကြားရေး ဝန်ကြီးဌာန)၊ ပြည်သူ့လွှတ်တော်၊ ဦးဆောင်ညွှန်ကြားရေးမှူး (မြန်မာ့ရုပ်ရှင်လုပ်ငန်း) တို့သို့ လိပ်မူကာ တိုင်ကြား ထားကြောင်း သိရ သည်။ မြန် မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး နာယက ပန်းချီ ဦးစိုးမိုးက “သူတို့က ကျွန်တော် တို့ကို တစ်ဖက်သတ် အမြင်မှားနေကြ တာပါ။ ကျွန်တော်တို့ အမျိုးမျိုး ခေါ်ယူဆွေးနွေး ခဲ့ကြပြီးပါပြီ။ ဒါပေမဲ့ သူတို့က ဘယ်လိုဆွေးနွေးဆွေးနွေး သဘော မတူပါဘူး။ သူတို့ရဲ့ လုပ်ဆောင်ချက်က ရုပ်ရှင်ဗီဒီယို လောကသားတွေရဲ့ စည်းလုံးမှု ပြိုကွဲအောင် လုပ်နေ တာပါ” ဟု ပြောသည်။

၎င်းတို့သည် ပစ်တိုင်စာအမျိုးမျိုးကို အမည်ခံ၍ လည်းကောင်း၊ အမည်မခံ၍ သော်လည်းကောင်း သွေး ထိုးလှုံ့ဆော်သည့်အပြင် ရုပ်ရှင်လောကသားများတို့က လိမ်လည် လက်မှတ်ရေးထိုးခိုင်းခြင်း ခံရသော ၅၃ ဦးအနက် ၂၆ ဦးမှာ ရုပ်ရှင်အစည်းအရုံးသို့ တင်ပြပြီး အရေးယူ ဆောင်ရွက်ပေးရန် ပြုလုပ်ခြင်းဖြစ်ကြောင်း မြန် မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးမှ သိရသည်။ ဟာသသရုပ်ဆောင် ဦးဧရာက “အဲဒီနေ့က ၃၅ လမ်းမှာ ကျွန်တော်တို့ သူငယ်ချင်းတွေ တစ်ဖွဲ့လုံး အရက်ထိုင်သောက်နေကြတုန်း သူတို့က ကျွန်တော်တို့တွေ အလုပ်မရှိ ဖြစ်နေကြ တာကို ရုပ်ရှင်အစည်းအရုံးကို တင်ပြပေးမယ်လို့ လာပြောပြီး လက်မှတ်ထိုးခိုင်းတော့ ကျွန်တော်တို့ လက်မှတ် ထိုးခဲ့တာပါ” ဟု ပြောသည်။ “ကျွန်တော်တို့မှာ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးကို ပျက်စီးစေချင်တဲ့ ဆန္ဒ မရှိခဲ့ပါ ဘူး။ ခုလိုမျိုး ကျွန်တော်တို့ လက်မှတ်ထိုးခဲ့တာကြောင့် ခုလိုမျိုး ပြဿနာ ဖြစ်ခဲ့ရတဲ့ အတွက်လဲ စိတ်မကောင်းဖြစ် ရပါတယ်” ဟု ယင်းက ဆက်လက်ပြောသည်။ ယင်းနှင့် ပတ်သက်၍ မာန်ထက်ချီ ဗီဒီယိုထုတ်လုပ်ရေးမှ ထုတ်လုပ်သူ ဦးဝင်းကိုက “ကျွန်တော်တို့လဲ မကြာမီမှာ သတင်းစာရှင်းလင်းပွဲ ပြန်လုပ်မယ်။ ရုပ်ရှင်အစည်း အရုံးက လုပ်တဲ့ သတင်းစာရှင်းလင်းပွဲက အစည်းအရုံးပုံစံ ပေါ်လွင်ဖို့တော့ လိုတယ်လေ။ အောက်တန်းကျဝါ ဒ ဖြန့်ချိရုံ သက်သက်တော့ မလုပ်သင့်ဘူး” ဟု ပြောသည်။ယင်းက ဆက်လက်၍ “ကျွန်တော့်နာမည် ကို ပြောပြောပြီး လုပ်နေတာက ကျွန်တော့်ကို သက်သက် ဂုဏ်သိက္ခာ ကျစေပါတယ်။ သူတို့တက်လာတဲ့ အချိန် ကစပြီး ကျွန်တော်တို့ လောကမှာ အလုပ်လက်မဲ့တွေ များလာပါတယ်။ ဒါကို တောင်းဆိုတာပါ။ ကျွန်တော်ပြော ခဲ့ပါတယ်။ ဥက္ကဋ္ဌ ဦးဇင်ဝိုင်းကို တရားစွဲမယ်လို့ ဝန်ခံတယ်” ဟု ပြောသည်။

နွေးနွေး

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်