Monday, February 25, 2013

တောင်ကိုရီးယား ပထမဆုံး အမျိုးသမီးသမ္မတ ပတ်ကွမ်ဟီး ကျမ်းသစ္စာ ကျိန်ဆို

Posted by drmyochit Monday, February 25, 2013, under | No comments


Photo: တောင်ကိုရီးယား ပထမဆုံး အမျိုးသမီးသမ္မတ ပတ်ကွမ်ဟီး 
ကျမ်းသစ္စာ ကျိန်ဆို
Monday, February 25, 2013 

တောင်ကိုရီးယား၏ ပထမဆုံး အမျိုးသမီး သမ္မတအဖြစ် ကျမ်းသစ္စာ ကျိန်ဆိုခဲ့သော ပတ်ကွမ်ဟီးက အမျိုးသားလုံးခြုံရေးအတွက် 
ခိုင်ခိုင်မာမာ ရပ်တည်သွားမည်ဖြစ်ကြောင်းနှင့် စီးပွားရေး 
တိုးတက်မှုခေတ်သစ်ကို ဖော်ဆောင်သွားမည်ဟု ကတိပြုခဲ့သည်။

ဆိုးလ်မြို့ရှိ အမျိုးသားလွှတ်တော် အဆောက်အအုံရှေ့၌ လူ ၇၀၀၀၀ ရှေ့မှောက်တွင် ကျမ်းသစ္စာ ကျိန်ဆိုခဲ့သော ပတ်ကွမ်ဟီးက မြောက်ကိုရီးယားကို နျူကလီးယား ရည်မှန်းချက် ချက်ချင်းစွန့်လွှတ်ပြီး နိုင်ငံတကာ အသိုင်းအ၀ိုင်းကို ပြန်လည်
ချိတ်ဆက်ရန် တောင်းဆိုခဲ့သည်။

ဒီဇင်ဘာလ ရွေးကောက်ပွဲတွင် အနိုင်ရရှိထားသော ပတ်ကွမ်ဟီးက ကျမ်းသစ္စာကျိန်ဆိုပွဲတွင် မြောက်ကိုရီးယား၏ နျူကလီးယား 
စမ်းသပ်မှုသည် ကိုရီးယားပြည်သူများ ရှင်သန်ရပ်တည်ရေးအတွက် စိန်ခေါ်မှုတစ်ရပ်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ဆိုးရွားနေသော လုံခြုံရေး အခြေအနေကို ဖြေရှင်းရန်အတွက် ယုံကြည်မှု တည်ဆောက်ရေး လိုအပ်ကြောင်း ပတ်က ပြောကြားခဲ့သည်။

အသက် ၆၁ နှစ်အရွယ်ရှိ ပတ်ကွမ်ဟီးသည် ၅ နှစ်သက်တမ်းပြည့်၍ ရာထူးမှ ဆင်းသွားခဲ့သော အာဏာရပါတီ ဆေနူရီမှ သမ္မတလီမြောင်ဘတ်ကို ဆက်ခံပြီး တောင်ကိုရီးယားအတွက် ပထမဆုံး အမျိုးသမီးသမ္မတ
ဖြစ်လာခဲ့သည်။ တောင်ကိုရီးယားကို ဆယ်စုနှစ် နှစ်ခုကျော်ကြာ အုပ်ချုပ်ခဲ့သော စစ်အာဏာရှင်ခေါင်းဆောင် ပတ်ချုံဟီး၏ သမီးဖြစ်သူ ပတ်သည် ကိုရီးယားကျွန်းဆွယ်၌ တင်းမာမှု မြင့်တက်နေချိန်တွင် သမ္မတဖြစ်လာသူဖြစ်သည်။ နှစ်နာရီခွဲ ကြာမြင့်ခဲ့သော ကျမ်းသစ္စာ ကျိန်ဆိုခဲ့သော အခမ်းအနားကို ဖေဖော်ဝါရီလ ၂၅ ရက်နေ့ မနက်ပိုင်းတွင် ကျင်းပခဲ့ခြင်းဖြစ်ပြီး ပတ်မရောက်လာမီ ကိုရီးယားအဆိုကျော် PSY က သူ၏နာမည်ကျော် ဂန်းနမ်စတိုင် သီချင်းဖြင့် ဖျော်ဖြေခဲ့သည်။

ဓာတ်ပုံ - ပက်ကွမ်ဟီး ကျမ်းသစ္စာကျိန်ဆိုနေသည်ကို ရုပ်မြင်သံကြား
မှတစ်ဆင့် တောင်ကိုရီးယားနိုင်ငံသားများ ကြည့်ရှုနေစဉ်

Eleven Media Group
တောင်ကို ရီးယား၏ ပထမဆုံး အမျိုး သမီး သမ္မတ အဖြစ် ကျမ်းသစ္စာ ကျိန်ဆို ခဲ့သော ပတ်ကွမ် ဟီးက အမျိုးသားလုံးခြုံရေးအတွက် ခိုင်ခိုင်မာမာ ရပ်တည်သွားမည်ဖြစ်ကြောင်းနှင့် စီးပွားရေး တိုးတက်မှု ခေတ်သစ် ကို ဖော်ဆောင် သွားမည်ဟု ကတိ ပြုခဲ့သည်။


ဓာတ်ပုံ - ပက်ကွမ်ဟီး ကျမ်းသစ္စာကျိန်ဆိုနေသည်ကို ရုပ်မြင်သံကြား မှတစ်ဆင့် တောင်ကိုရီးယား နိုင်ငံသား များ ကြည့် ရှုနေစဉ်

ဆိုးလ်မြို့ရှိ အမျိုးသားလွှတ်တော် အဆောက် အအုံရှေ့၌ လူ ၇၀၀၀၀ ရှေ့မှောက်တွင် ကျမ်း သစ္စာ ကျိန် ဆို ခဲ့သော ပတ်ကွမ်ဟီးက မြောက်ကိုရီးယားကို နျူကလီးယား ရည်မှန်းချက် ချက်ချင်းစွန့်လွှတ်ပြီး နိုင်ငံတ ကာ အသိုင်း အ၀ိုင်းကို ပြန်လည် ချိတ်ဆက်ရန် တောင်း ဆိုခဲ့သည်။

ဒီဇင်ဘာလ ရွေးကောက်ပွဲတွင် အနိုင်ရရှိထားသော ပတ်ကွမ်ဟီးက ကျမ်းသစ္စာကျိန်ဆိုပွဲတွင် မြောက်ကို ရီးယား၏ နျူကလီးယားစမ်းသပ်မှုသည် ကိုရီးယားပြည်သူများ ရှင်သန်ရပ်တည်ရေးအတွက် စိန်ခေါ်မှု တစ်ရပ် ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ဆိုးရွားနေသော လုံခြုံရေး အခြေအနေကို ဖြေရှင်းရန်အတွက် ယုံကြည် မှု တည်ဆောက်ရေး လိုအပ်ကြောင်း ပတ်က ပြောကြားခဲ့သည်။

အသက် ၆၁ နှစ်အရွယ်ရှိ ပတ်ကွမ်ဟီးသည် ၅ နှစ်သက်တမ်းပြည့်၍ ရာထူးမှ ဆင်းသွားခဲ့သော အာဏာရ ပါတီ ဆေနူရီမှ သမ္မတလီမြောင်ဘတ်ကို ဆက်ခံပြီး တောင်ကိုရီးယားအတွက် ပထမဆုံး အမျိုးသမီး သမ္မတဖြစ် လာခဲ့သည်။ တောင်ကိုရီးယားကို ဆယ်စုနှစ် နှစ်ခုကျော်ကြာ အုပ်ချုပ်ခဲ့သော စစ်အာဏာ ရှင်ခေါင်းဆောင် ပတ်ချုံဟီး၏ သမီးဖြစ်သူ ပတ်သည် ကိုရီးယားကျွန်းဆွယ်၌ တင်းမာမှု မြင့်တက် နေချိန်တွင် သမ္မတဖြစ်လာသူဖြစ်သည်။ နှစ်နာရီခွဲ ကြာမြင့်ခဲ့သော ကျမ်းသစ္စာ ကျိန်ဆိုခဲ့သော အခမ်း အနားကို ဖေဖော်ဝါရီလ ၂၅ ရက်နေ့ မနက်ပိုင်းတွင် ကျင်းပခဲ့ခြင်းဖြစ်ပြီး ပတ်မရောက်လာမီ ကိုရီးယား အဆိုကျော် PSY က သူ၏နာမည်ကျော် ဂန်းနမ်စတိုင် သီချင်းဖြင့် ဖျော်ဖြေခဲ့သည်။



Eleven Media Group

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်