Monday, February 25, 2013

အရှိန်လွန် ယာဉ်တိုက်ရာ လင်မယား(၂)ဦးစလုံးသေဆုံး

Posted by drmyochit Monday, February 25, 2013, under | No comments


နေပြည်တော်၊ ဖေဖော်ဝါရီ ၂၅

၂၄-၂-၂၀၁၃ ရက်နေ့ ၁၁၄၅ အချိန် နေပြည်တော်၊ ဥတ္တရသီရိမြို့နယ် ရန်ကုန်- မန္တလေး အမြန်လမ်း၊ မိုင်တိုင်အမှတ်(၁၉၀/၆-၇)ကြားတွင် ယာဉ် တိမ်း မှောက် မှုဖြစ်ပွားကြောင်းသတင်းအရ အမြန်လမ်း ရဲတပ်ဖွဲ့ မှူးရုံးမှ တပ်ဖွဲ့ဝင်များနှင့် ပန်းတင် အမြန် လမ်း ရဲစခန်းမှတပ်ဖွဲ့ဝင်များ သွားရောက် စစ်ဆေး ခဲ့ရာ ရန်ကုန်မှနေပြည်တော်သို့ ရန်ကုန် တိုင်းဒေ သကြီး၊ လမ်းမတော်မြို့နယ်နေ စိန်ဝင်း သန်း (၅၄)နှစ်မောင်းနှင်သော ၅င/xxxx TOYOTA PROBOX ယာဉ်မှာ အရှိန်မထိန်းနိုင်ဘဲ လမ်းယာဘက်မြေသားလမ်းပေါ်သို့ထိုးကျစဉ် စက်ဘီးစီးနင်းလာသူ လယ်ဝေးမြို့နယ်၊ သစ်တောရွာနေ မောင်ဆွေနိုင်ဦး(၁၆)နှစ်အားဝင်ရောက်တိုက်မိပြီးနောက် ယာဉ်မှာ လမ်းလယ်ကျွန်းပေါ်သို့ တက်ရောက် ကာ နောက်ဘက်သို့ပြန်လှည့်ပြီးကားလမ်းမပေါ်သို့ ပြန်လည်ရောက်ရှိရပ်တန့်သွားခဲ့သည်။


ယာဉ်တိုက်မှုကြောင့် စိန်ဝင်းသန်းတွင် ဦးခေါင်းခွံကွဲ၊ ယာဘက်လက်မောင်း/ညှပ်ရိုးကျိုး၊ ၀ဲဘက်ဒူးခေါင်းကျိုး၊ နှာခေါင်းနှင့်ပါးစပ်မှသွေးထွက်ဒဏ်ရာနှင့် ဇနီးဖြစ်သူ ဒေါ်တင်စန်းတွင် ရင်ညွန့် ရိုးကျိုး၊ ယာနံရိုးကျိုးဒဏ်ရာများဖြင့် အခင်းဖြစ်နေရာတွင်သေဆုံးသွားပြီး စက်ဘီးစီးနင်းလာသူ ဆွေနိုင်ဦးတွင် ကျောကုန်း/၀မ်းဗိုက်ပေါက်ပြဲဒဏ်ရာများရရှိခဲ့သည်။
ယာဉ်တိုက်မှုကြောင့် ၅င/xxxxTOYOTA PROBOX ယာဉ်မှာ ရှေ့ခေါင်းပိန်ချိုင့်၊ ရှေ့လေကာမှန်ကွဲ၊ ရှေ့မီးလုံး ၂ လုံးကွဲ၊ အမိုးကိုင်းပိန်ချိုင့်၊ နောက်ပိတ်မှန်ကွဲ၊ ဘေးလေကာမှန်/ တံခါးမှန်ကွဲ၊ ဘီး(၄)ဘီးပေါက်၊ ဂွေများကောက်ကွေးသွားပြီး ခန့်မှန်တန်းဖိုးငွေကျပ်(၂၅၀၀၀၀၀ိ/-)ခန့် ပျက်စီး ဆုံးရှုံးပြီး သေဆုံးသူအလောင်းများနှင့်ဒဏ်ရာရရှိသူတို့အား နေပြည်တော်ကုတင်(၁၀၀၀)ဆေးရုံသို့ တင်ပို့ခဲ့သည်။
ထို့နောက် ဒေါ်တင်စန်း၏အလောင်းနှင့် ယာဉ်ပေါ်မှ စိန်ဝင်းသန်းအမည်ပါ ယာဉ်မောင်း လိုင်စင် ၁ ခု၊ နိုင်ငံသားစိစစ်ရေးကဒ် ၁ ခု၊ ဒေါ်တင်စန်း၏နိုင်ငံသားစိစစ်ရေးကဒ် ၁ ခု၊ အ၀တ်အစား များထည့်ထားသော အနက်ရောင်ခရီးဆောင်အိတ် ၁ လုံး၊ ၀၉---------- နံပါတ်ပါ လက်ကိုင်ဖုန်း ၁ လုံး၊ ရွှေဆွဲပြားပါ ရွှေဆွဲကြိုး ၁ ကုံး၊ ရွှေချယ်နားကပ် ၁ ရံ၊ ငွေစက္ကူရောရာ(၈၈၆၆၅၅၀ိ/-)တို့အား ပန်းတင်အမြန်လမ်းရဲစခန်းမှူးမှ သက်သေများရှေ့တွင် သိမ်းဆည်းထားခဲ့သည်။
ယာဉ်တိုက်မှုနှင့်ပတ်သက်၍ စိန်ဝင်းသန်းအား ပန်းတင်အမြန်လမ်းရဲစခန်း(ပ)၄/၂၀၁၃၊ ပြစ်မှုပုဒ်မ ၃၀၄-က/၃၃၈ ဖြင့် အမှုဖွင့်အရေးယူထားပြီး ၁၇၃၀အချိန်၌ သိမ်းဆည်းထားသော ပစ္စည်းများနှင့်ငွေများအား သေဆုံးသူ၏ဆွေမျိုးတော်စပ်သူထံ စနစ်တကျလွှဲပြောင်းအပ်နှံပေးခဲ့ ကြောင်း သတင်းရရှိသည်။

ရဲဇာနည်(Facebook)

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်