ရန်ကုန်-ဖေဖော်ဝါရီ၂၅
အမေရိ ကန်-မြန်မာ ကုန်သည်/စက်မှု အသင်းချုပ် တို့ အပြန်အလှန် ပူးပေါင်းဆောင်ရွက်မှုအဖြစ် အမေ ရိကန် မှ ရေနံကုမ္ပဏီများ ၊အခြား နာမည် ကျော် ကုမ္ပဏီ များနှင့်မြန်မာ နိင်ငံမှ လုပ်ငန်း ရှင် ၁ဝဝ ကျော် တို့ယနေ့နံနက်က UMFCCIတွင် တွေ့ ဆုံနေ သည်ဟု ကုန်သည်/ စက်မှုအသင်းချုပ်မှ သိရသည်။
ပြည်တွင်း /ပြည်ပ ပို့ကုန်သွင်း ကုန်လုပ်ငန်းရှင်တစ်ဦးက မြန်မာ့ စီးပွားရေးတိုးတက်စေမည့် ရလဒ် ကောင်းများ ထွက်ရှိလာနိုင်ကြောင်း သုံးသပ်သည်။
''ဒါက စီးပွားရေးအင်အား ကြီးနိုင်ငံတစ်နိုင်ငံက လာပြီး အသိ အမှတ်ပြုတဲ့ပွဲပါ။ ရိုးရိုးတောင် မ ဟုတ်ဘူး။ ပူးပေါင်းဆောင်ရွက်ကြ မယ့်အထိ လုပ်တဲ့ပွဲဆိုတော့ သူ တို့ဆီကပဲလာလာ၊ ကိုယ်တွေနဲ့ပဲ ပူးပေါင်းပူးပေါင်း ကောင်းတာချည်း ပဲ''ဟု ၄င်းကဆိုသည်။
၁၉၈၈-၈၉ မှစ၍ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေပြဋ္ဌာန်းပြီး နောက် အမေရိကန်၏ လာရောက် ရင်းနှီးမြှုပ်နှံမှုမှာ အနည်းငယ်ရှိခဲ့ ဖူးကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ် နှံမှုကော်မရှင်ထံမှ သိရသည်။
အမေရိကန်စီးပွားရေး လုပ် ငန်းရှင်များ လာရောက်ရာတွင် အစားအသောက် ထုတ်လုပ်ရေး ကုမ္ပဏီKFC အပါအဝင် ကုမ္ပဏီ အချို့ကပါ နိုင်ငံတွင်းရင်းနှီးမြှုပ် နှံရန် လေ့လာသူများအဖြစ် ပါဝင်သည်ဟု သိရသည်။
Popular Myanamr News Journal
Time in Rangoon


0 comments:
Post a Comment