Monday, February 25, 2013

ပြည်ပ မောင်းသူမဲ့ လေယာဉ် တစ်စင်း အီရန် ပစ်ချ

Posted by drmyochit Monday, February 25, 2013, under | No comments


 တီဟီရန် ဖေဖော်ဝါရီ  ၂၄

အီရန် အစ္စလာမ်မစ် တော်လှန်ရေး အစောင့် တပ်ဖွဲ့ (IRGC) သည် နိုင်ငံ တောင်ပိုင်းတွင် စစ်ရေး လေ့ကျင့်မှု တစ်ရပ်ကို ပြုလုပ်စဉ် ပြည်ပ မောင်းသူမဲ့ လေယာဉ် တစ်စင်းကို ပစ်ချ၍ ဖမ်းဆီးခဲ့ကြောင်း နိုင်ငံပိုင် IRNA သတင်း ဌာနက ဖေဖော်ဝါရီ ၂၃ ရက်တွင် ထုတ်ပြန် ခဲ့သည်။


IRGC ၏ အီလက်ထရွန်နစ် တပ်ဖွဲ့ဝင် များသည် နိုင်ငံတောင်ပိုင်း ပိုင်နက် အတွင်းသို့ ဝင်ရောက်ရန် ကြိုးပမ်း နေသော ပြည်ပ မောင်းသူမဲ့ လေယာဉ်ကို ရှာဖွေ တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း ပြောရေးဆိုခွင့် ရှိသူ   ဗိုလ်ချုပ်ကြီး ဟာမစ် ဆာခေလီ၏ ပြောကြားချက်ကို ကိုးကား၍ IRNA သတင်း ဌာနက ထုတ်ပြန်ခဲ့ခြင်း ဖြစ် သည်။

IRGC မှ ကျွမ်းကျင် ပညာရှင် များသည် အဆိုပါ မောင်းသူမဲ့ လေယာဉ်၏ လေကြောင်း သွားလာမှု စနစ်ကို ထိန်းချုပ်ပြီးနောက် စစ်ရေး လေ့ကျင့်မှု ပြုလုပ်ရာ ဆာကျန်မြို့ အနီးတွင် ပစ်ချခဲ့ခြင်း ဖြစ်ကြောင်းနှင့်  စစ်ရေး လေ့ကျင့်မှုကို ဖေဖော်ဝါရီ ၂၃ ရက်တွင် စတင် ပြုလုပ်ခဲ့ကြောင်း ဆာခေလီက ပြောကြား ခဲ့သည်။

မြ၀တီ 

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်