Monday, February 25, 2013

မြို့လယ်ခေါင်က ဒေါ်လာပွဲစားလူလိမ်များအား တိုင်းဒေသကြီးအစိုးရမှ ထိရောက်စွာအရေးယူရန်လို

Posted by drmyochit Monday, February 25, 2013, under | No comments

ရန်ကုန်မြို့ဆူးလေဘုရားနှင့် မြို့တော်ခန်းမအနီးရှိ နိုင်ငံခြားငွေ ပွဲစားများအနေဖြင့် အုပ်စုဖွဲ့ကာ ငွေကြေး လိမ်လည်မှု များပြုလုပ်လျက် ရှိနေပြီး ယင်းတို့ကြောင့် မြန်မာ များ အပြင်နိုင်ငံခြား ခရီးသွား ဧည့် သည်များပါထိခိုက်နစ်နာနေရသဖြင့် ယင်းတို့ အား ရန်ကုန်တိုင်းဒေသ ကြီးအစိုးရအဖွဲ့မှ အစီ အစဉ်တစ် ရပ်ချမှတ်ကာ ထိရောက်ပြင်းထန် စွာအရေး ယူသွားရန်လိုကြောင်း မကြာ ခဏမြင် တွေ့နေ ရသူတစ်ဦး ကဆိုသည်။

“သူတို့ ကအုပ်စုနဲ့ ဖွဲ့လိမ်တာ လိမ်တာ ကလည်းမြို့ လည်ခေါင် ကြီးမှာ အများစု ကဘာ သာခြားတွေ သူတို့လိမ် တာကအရေးမကြီးဘူး။ ပြဿနာတွေက အကြီးကြီးဖြစ် သွားနိုင်တယ်။ လိမ်ရင်သူတို့က ဒေါ်လာဈေးကဥပမာ ၈၅၀ ပေါက်တယ်ဆို သူတို့က ဈေးပို ပေးတယ်။ အဲဒါကိုမက်ပြီး အရောင်းအ၀ယ်လုပ်တဲ့သူကတော့ လိမ်ခံရပြီသာမှတ် ကျွန်တော်တစ် ခါဒေါ်လာရောင်းတာကျွန်တော် ကိုပေါက်ဈေးထက်ပိုပေးတယ်။ ငွေရှင်းခါနီးကျတော့ ရဲလာတယ် ဆိုပြီး။ သူတို့ထဲက တစ်ယောက် ကိုလက်ညှိုးထိုးပြတယ်။ အဲဒီမှာ ရဲဆိုတာအကြောင်းပြပြီး ပေးတဲ့ ငွေကိုလက်နဲ့ လျှိုထားလိုက်တယ်။ 

ပြီးတော့ ငွေရေကြည့်တော့ နှစ် သောင်းခွဲလောက်လျော့နေတယ်။ သူတို့ကမြန်မာတွေတင် လိမ်နေ တာမဟုတ် ဘူး။ နိုင်ငံခြားသား တွေလည်း လိမ်တယ်။ နောင်ဆို သူတို့ကိုလိမ်နေတဲ့သူတွေကြောင့် တိုင်းပြည် လည်းသိ က္ခာကျမယ်။ ရန်ကုန်မြို့ကြီးကိုလည်း လူလိမ် များတဲ့ မြို့ကိုထင်သွားနိုင်တယ်။ ဒါကို တိုင်းဒေ သကြီးအစိုးရနဲ့ အစီအစဉ်တစ်ရပ်အနေနဲ့ ပြင်းပြင်း ထန်ထန်အရေးယူသင့်တယ်”ဟု လူလိမ်ပွဲ စားများ၏ လိမ်လည် မှုကို ခံရသူတစ်ဦးဖြစ်သူဦးကျော်အေး (ဘုရင့်နောင်ကုန်စည်ဒိုင်)က ဖေဖော်ဝါရီ ၂၄ ရက်က Hot News သို့ပြောကြားသွားသည်။

မကြာသေးမီကလည်း ရန်ကုန် မြို့တော်ခန်းမရှေ့၌ မနက်အချိန် စောစော၌ လူလိမ်ခွဲစားများ မမှန် မကန်လဲ လှယ်မှုပြုသဖြင့် နိုင်ငံခြား ခရီးသွားဧည်သည်တစ်ဦးမှ အကြီး အကျယ်ဒေါသထွက်ကာ မိမိ၏ ပိုက်ဆံ အား ပြန်ပေးရန် ပြောဆို နေပြီး။ ယင်းလူလိမ်များမှ ယခု အခါတွင် အတင့်ရဲကာ ထင်ပေါ် စွာဖြင့် နိုင်ငံခြား ဧည့်သည်များအား လိမ်နေကာသက်ဆိုင်ရာ၏ ထိရောက်သောအရေးယူမှုမရှိပါက ရေရှည်တွင် အခြေအနေ ပိုဆိုးလာ နိုင်ကြောင်း မကြာခဏမြင်တွေ့ နေရသူများကဆိုသည်။

ခန့်ခန့် (ဒဿနိက)
Hot News

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်