Monday, February 25, 2013

မြန်မာ့နိုင်ငံသားဥပဒေ ပြည်ပနဲ့ မဆိုင်လို့ ဦးခင်ရီပြော

Posted by drmyochit Monday, February 25, 2013, under | No comments


မြန်မာနိုင်ငံကို ​ခြောက်ရက်ကြာ ​လာရောက်ခဲ့တဲ့ ​လူ့အခွင့် အရေး ​ဆိုင်ရာ ​ကုလသမဂ္ဂ ​အထူးကိုယ် စားလှယ် ​မစ္စတာ ကင်တားနားက ​၁၉၈၂ ​နိုင်ငံသားဥပဒေကို ​ပြင်ဆင်ဖို့ ​လိုအပ်တယ် လို့ပြောခဲ့တဲ့ ​အပေါ်လူ ၀င် မှုကြီးကြပ်ရေးနဲ့ ​ပြည်သူ့အင်အားဝန်ကြီး ​ဦးခင်ရီက ​ပြည်တွင်းရေး ကိစ္စသာ   ​ဖြစ်ပြီး ​ပြည်ပ နိုင်ငံ တွေနဲ့ ​မဆိုင်တဲ့အကြောင့် ​တုန့်ပြန်ခဲ့ ပါတယ်။


 ၁၉၈၂ခုနှစ်မြန်မာ ​နိုင်ငံသား ​ဥပဒေကို ​လွှတ် ​တော် ​မှာ ​ဆွေးနွှေး ​ခဲ့တဲ့အကြောင်း၊ ​ဆွေးနွှေးပြီးနောက်မှာ ​လက်ရှိ ဥပဒေက ​ခိုင်မာမှု ​ရှိ ​နေတဲ့အတွက်၊ ​ပြင်ဆင်ဖို့ ​မလိုအပ်တဲ့ ​အကြောင်း၊ ​ပြင်ဆင်မယ်ဆိုရင်လဲ ​စာသား တွေ ​သာပြင်ဆင်ဖို့ ​လို ​အပ်တယ်လို့ ​ပြောသွားပါတယ်။ “၈၂ ​law ​ဆိုတာ က ​မြန်မာနိုင်ငံ သားဥ ပဒေ။ မြန်မာ နိုင်ငံ ​အတွင်း ​ကိစ္စဖြစ်ပါတယ်။တခြား ​ဘယ်သူနဲ့မှလည်း ​မဆိုင်ဘူး။ ​ဘယ်သူမှလည်း ​ဒါကို ​ပြောပိုင် ခွင့် ​မရှိဘူး။ဒီကိစ္စနဲ့ ​ပတ်သက်ပြီးတော့ ​ရခိုင်မှာပြဿနာတွေပေါ် ​တဲ့အခါကျတော့ ​လွှတ်တော် မှာ ​အပြန်ပြန် ဆွေးနွေးကြတယ်။ဝိုင်းပြီးဆွေးနွေးကြတဲ့အခါ ​နောက်ဆုံးမှာဘာ ​အတည်ပြုလဲ ​ဆိုတော့ဒီဥပဒေ ​သည်လက်ရှိ မှာ ​ခိုင်မာနေတယ်။ပြင်ချင်ရင် ​အတွင်းမှာ ​ရှိနေတဲ့ ​စာသားတွေ ​ကိုသာပြင်ရမယ်။

ဥပဒေက ​တစ်နိုင်ငံလုံး ​တိုင်းနဲ့ ​ပြည်နယ်တွေကို ​ဆင်းပြီးတော့၆ ​နှစ်ခွဲလောက် ​အချိန် ယူပြီးတော့ ​ပြင်ထားတဲ့ ​ဥပဒေဖြစ်တဲ့အတွက်ကြောင့်မို့လို့ ​ဒါနဲ့ ​ဆက်သုံးသင့်ပါတယ်။ မှတ်တမ်းတင်ထား ပါလို့ ​ဆုံးဖြတ်ထားတာဖြစ်တဲ့ အတွက်ကြောင့်ဒါက ​ပြည်တွင်းရေး ကိစ္စသာ ​ဖြစ်ပါ တယ်။ဘယ်ပြည်ပနိုင်ငံ များနဲ့မှ ​မဆိုင် ပါဘူး။” ဦးခင်ရီရဲ့ ​တုန့်ပြန်ချက်ထဲမှာ ​နိုင်ငံသားဖြစ်ခွင့်မှာ ​ဥပဒေအရ ​ဖြစ်တဲ့နိုင်ငံ သားနဲ့ ​မွေးရာပါနိုင်ငံ သား ​ဆိုပြီးတော့ ​၂ ​မျိုးရှိတဲ့အကြောင်း ​၁၈၂၃ခုနှစ် ​မတိုင်မီ ​ကတည်းက ​အဖေအမေ ​အဖိုးအဖွါးတွေ ​မြန်မာ ​နိုင်ငံမှာ ​နေထိုင်သူတွေဟာ ​မွေးရာပါနိုင်ငံသားတွေဖြစ်ပြီး ​နောက်တမျိုးကတော့ ​ဥပဒေအရ ​ဖြစ်တဲ့ ​နိုင်ငံသားဆိုတာ ​ရှိတဲ့အကြောင်း ​ဒီထဲမှာ ​ တရုတ်လူမျိုး၊ ​အိန္ဒိယအနွယ်တွေပါဝင်ပြီး။ ​၁၉၄၈ ​ခုနှစ်မတိုင်ခင်က ​အဖိုးအဖွါး ​က ​မြန်မာ ​နိုင်ငံမှာ ​နေထိုင်သေဆုံး ​ခဲ့တာတွေ ​ဖြစ်တဲ့ အကြောင်း၊ ​မြန်မာနိုင်ငံ တွင်းနေထိုင်ပြီး ​ဗမာ ​စကား ​ပြောတတ် သူတွေ၊ ​နိုင်ငံအကျိုး ကိုလည်း ​ထမ်းဆောင်သူတွေဟာ ​နိုင်ငံသား ​လျှောက်ခွင့် ​ရှိတဲ့အကြောင်း၊ ​ဒီအချက်တွေမှန်ကန်ရင် ​ဧည့်နိုင်ငံသား ​အဖြစ် သတ်မှတ် တဲ့ အကြောင်း ​အဲဒီက ​တဆင့် ​ထပ်ပြီးမွေးလာတဲ့ ​မြေးကျတော့မှ ​နိုင်ငံသားအဖြစ် ​သတ်မှတ်တယ်လို့ ​ရှင်းပြ သွားပါတယ်။

၁၉၈၂ ​ခုနှစ် ​ဥပဒေနဲ့ ​ပတ်သက်ပြီး ​နိုင်ငံခြားပညာရှင်တွေရဲ့အကြံပေး ​ပြောကြားချက်တွေကို ​ဂရုတ စိုက်လေ့ လာကာ ​မိမိတို့နိုင်ငံနဲ့ ​ကိုက်ညီအောင် ဆုံးဖြတ်လုပ် ကိုင်ရမှာ ​ဖြစ်တယ် လို့ ဒေါ်အောင် ဆန်းစု ကြည် က ​ပြီးခဲ့တဲ့ ​လတွေကပြောခဲ့တဲ့အကြောင်း ​အေဘီစီရေဒီယို ​သြစတြေးလျ ​သတင်းထောက်   ​မေငယ် က ​သတင်းပေးပို့ထားပါတယ်။

From:News Collection

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်