Friday, October 26, 2012

ရခိုင်ပြည် လွတ်မြောက်ရေး ပါတီ ALP သဘောထား ထုတ်ပြန်

Posted by drmyochit Friday, October 26, 2012, under | No comments



၁။ ယခု လက်ရှိ ဖြစ်ပေါ် နေသည့် ခိုးဝင်သူ ဘင်္ဂါလီ များ၏ အကြမ်း ဖက်သောင်း ကျန်းနေမှုများသည် မြန်မာနိုင်ငံ တွင်းပြုပြင်ပြောင်းလဲရေး ကာလတွင် လူမျိုး သစ်တခုအဖြစ် အသိအမှတ်ပြုခံ ရရေး အတွက် ကြိုတင် စီစဉ် အကွက်ချ လုပ်ဆောင် နေသည့် တဖက်နိုင်ငံမှ ခိုးဝင်သူ ဘင်္ဂါလီ မူဆလင် များနှင့် ၄င်းတို့ ကို အားပေး အားမြှောက် ပြုနေ သည့်  နိုင်ငံ များနှင့် အကြမ်း ဖက်အဖွဲ့ အစည်း များ၏ လုပ်ရပ် သာဖြစ် သည်။


၂။ရခိုင် လူမျိုး များအား တမြေ တည်းနေ တရေ တည်းသောက် ညီနောင် တိုင်းရင်း သားအဖြစ် အမှန် တကယ် သတ်မှတ် ပါက မိမိ တို့၏ ဘိုးစဉ် ဘောင်ဆက် ပိုင်နက် နယ်မြေကို ဘင်္ဂါလီ များလက် တွင်းသို့ မကျ ရောက်ရေး အသက်ပေး ကြိုးပမ်းနေ သည့် ရခိုင် တို့၏ လုပ်ရပ်အား မြန်မာ အုပ်ချုပ်သူ အစိုးရနှင့် မြန်မာ ပြည်သူ တရပ်လုံး အနေဖြင့် ရခိုင်တို့နှင့် လက်တွဲ ပူးပေါင်း ပါဝင် သင့်သည်။

၃။   ယခု ဖြစ်ပေါ် နေသည့် ဘင်္ဂါလီ မူဆလင် များ၏ အကြမ်းဖက် သောင်းကျန်း နေမှု များကို လက်ရှိ အစိုးရ အနေဖြင့် နိုင်နင်းစွာ ကိုင်တွယ် ဆောင်ရွက် ရမည့်အစား မိမိတို့ ဘိုးစဉ် ဘောင်ဆက် ပိုင်နက် နယ်မြေကို အသက်ပေး ကာကွယ် နေသည့် ရခိုင်တို့ အား မြန်မာ စစ်တပ်မှ မတရား ပစ်ခတ် သတ်ဖြတ် နှိမ်နင်း နေခြင်းများသည် မြန်မာ အစိုးရမှ ကြွေးကြော်နေသည့် ပြည်ထောင်စု ဖွား တိုင်းရင်းသား အချင်း ချင်း ရိုင်းပင်း ကူညီရေး ဆိုသည့် မူနှင့် လုံးဝ လွဲချော်ပြီး “သူခိုး ဓါးရိုးကမ်း” သည့် လုပ်ရပ် ဖြစ်၍ ရခိုင် ပြည် လွတ်မြောက်ရေး ပါတီ (ALP)မှ ပြင်းထန်စွာ ကန့်ကွက်သည်။

၎။ ယခု ဖြစ်ပေါ် နေသည့် ပဋိ ပက္ခ များအား အမြန်ဆုံး ဖြေရှင်း နိုင်ရန် အတွက် ရသေ့တောင် ညီလာ ခံကြီးမှ ရခိုင်တို့ ၏ တောင်းဆို ချက်များအား မြန်မာ အစိုးရ အနေဖြင့် အမြန်ဆုံး လေးစား လိုက်နာ အကောင် အထည် ဖော်သင့်သည်။ ထို့အပြင် ၁၉၈၂ ခုနှစ် လူဝင်မှု ကြီးကြပ်ရေး ဥပဒေ အတိုင်း အမြန်ဆုံး တိကျစွာ အကောင် အထည်ဖော် ဆောင်ရွက်သင့် ပါကြောင်း ရခိုင်ပြည် လွတ်မြောက်ရေး ပါတီ (ALP)၏ သဘောထားကို ထုတ်ပြန် အပ်ပါသည်။

စည်းရုံးရေး နှင့်ပြန်ကြား ရေးဌာန
ရခိုင်ပြည် လွတ်မြောက် ရေးပါတီ (ALP)
ဗဟိုဌာနချုပ်၊ ရခိုင်ပြည်။
ရက်စွဲ။    ။ ၂၀၁၂ ခု၊ အောက်တိုဘာလ ၂၅ ရက်
ဆက်သွယ်ရန်။     ။ +၉၁ ၉၆၁၂၈၆၉၄၃၄

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်