Friday, October 26, 2012

ကျောက်ဖြူတွင် ဘင်္ဂလီများ မီးရှို့တိုက်ခိုက်မှုကြောင့် သေဆုံးမှုများရှိ

Posted by drmyochit Friday, October 26, 2012, under | No comments


ကျောက်ဖြူမြို့၊ မြစ်နား တန်း ရပ်ကွက်နှင့် ပိုက်သည် ရပ်ကွက်တွင် ဘင်္ဂလီများ အကြမ်းဖက် မီးရှို့ တိုက်ခိုက်မှု ကြောင့်ရခိုင် (၂) ဦး သေဆုံးသွားကြောင်း သတင်းရှိရသည်။ ယနေ့နေ့လည် (၁၁)နာရီ ကျော်တွင်လည်း ဘင်္ဂလီများသည် အဝေးပြေး ဂိတ်နားမှ ရွှေနံသာ ကျောင်းနှင့် မာရမာ ကြီးကျောင်းသို့ ဘင်္ဂလီများ မီးရှို့ရန် သွားသဖြင့် လုံခြုံရေးနှင့် မီးသတ် ကားများ ရောက်ရှိ နေကြောင်း သိရှိရသည်။


ကျောက်ဖြူမြို့ ပရဟိတ ကျောင်းဆရာတော်က " မနေ့ အခင်းဖြစ်ပွားမှုမှာ ရခိုင် (၂)ယောက်သေလို့ ဒီနေ့ ပဲမီး သဂြိုလ်လိုက် ပါတယ်။ အခုလမ်း တွေလည်း အကုန်လုံး ပိတ်ထား ပါတယ်။ တစ်ယောက်မှ ဝင်ခွင့်မ ပေးပါဘူး။ လုံခြုံရေးကို စစ်တပ်က ကိုင်ထား ပြီးတော့ ကျောက်ဖြူ မြို့တစ်ခု လုံးက တပ်ရင်း (၃) ခုဖြစ်တဲ့ ခမရ (၅၄၁ ၊ ၅၄၂ ၅၄၃) က တာဝန်ယူထား ပါတယ်။ အိမ် မီးထဲ ပါသွားတဲ့ ဒုက္ခသည် (၂၀၀) နီးပါးခန့်ကို သာသနာ့ ဗိမာန်မှာ ထားရှိထား ပါတယ်။ မနေ့ည တုန်းက ဘင်္ဂလီ (၇၀) ကျော်လောက် စုဝေးပြီးတော့ ရွှေနံသာ ကျောင်းနှင့် မာရမာ ကြီးကျောင်းကို မီးရှို့ ရန် ကြိုစားတာ ရဲနှင့် မီးသတ်တို့ ရောက်ရှိလာလို့ တားဆီးနိုင် လိုက်ပါတယ်။
အခုလက်ရှိ အခြေအနေမှာ ခမရ စစ်တပ် အဖွဲ့က မြို့ထဲကို လှည့်၍ ပုဒ်မ (၁၄၄) ညမ ထွက်ရ အမိန့် ကတော့ နံနက် (၆) နာရီ ကနေ ည (၆) နာရီထိ ထုတ်ပြန် ဖြစ်မယ် ထင်ပါ တယ်။ " ဟု ပြောသည်။ ဘင်္ဂ လီများ သည် မိမိအိမ်ကို မိမိရှို့ကာ ဘုတ်၊ လှေ အစီး (၄၀)ခန့်ဖြင့် ထွက်ပြေးသွားပြီး ကျောက်ဖြူနှင့် ရေမိုင် (၁၀) ကျော်ခန့် အဝေးတွင်စု ဝေးနေကြကြောင်း သိရှိရသည်။


Arakan Times သတင်းဌာန
 

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်