Friday, October 26, 2012

တရုတ်တရားရုံး၏ သေဒဏ်စီရင်ချက် ဥပဒေ နှင့် စိုင်းနော်ခမ်းအမှု

Posted by drmyochit Friday, October 26, 2012, under | No comments


၁၉၉၄ ခုနှစ်က တရုတ် တရားရုံး တော်၌  သေဒဏ် ပေးခံ ရသည့် မြန်မာ နိုင်ငံသား ရှိခဲ့ဖူး ပါသည်။ ယခု လည်းဘဲ ယူနန် ပြည်နယ် ကူမင်း(ခွန်းမင်) တရားရုံး၌ စိုင်းနော်ခမ်း တယောက် သေဒဏ် စီရင် ချက် ချ ခံရ မည်လော ဆိုသည့် အချက်က  တြိဂံ ဒေသ တရုတ် ၁၃ ဦး သတ်ခံ ရမှု သတင်း ဖတ်ပရိ သတ်များ စိတ်ဝင် စားကြ မည် ဖြစ်သည်။

Nawkham တရုတ် အစိုးရ လက်ထဲ ရောက်စိုင်း နော်ခမ်း မူးယစ် ရာဇာ အမည်ရ စိုင်းနော်ခမ်း သည် တရုတ် နိုင်ငံ တရားရုံး၌ ပထမ ဦးဆုံး အမှု ရင်ဆိုင် ရသည့်  မြန်မာ နိုင်ငံသား မဟုတ်ပါ။

၁၉၈၉ ဗမာပြည် ကွန်မြနစ် အစိပ်စိပ် အမွှာမွှာ ကွဲပြီးနောက်၊ ဝ တပ်၊ ကိုးကန့်တပ်၊ မိုင်းလားတပ် တို့မှာ မြန်မာ အစိုးရနှင့် အပစ်ရပ် ခဲ့ကြ၏။ ထိုတပ်ဖွဲ့ များ၏ စားဝတ်နေရေး အတွက် မြန်မာ စစ်အစိုးရက လွတ်လွတ် လပ်လပ် သွားလာ လုပ်ကိုင် စားသောက် ခွင့်ပြု ၏။ င်းတပ်ဖွဲ့ နယ်မြေမှ ဘိန်းဖြူ နှင့် မူးယစ် ဆေးဝါး များ နယ်စပ် မှတဆင့် တရုတ်ပြည်သို့ နည်းမျိုး စုံဖြင့် ဝင်ရောက် ခဲ့သည်။

၁၉၉၄ မေ ၉ ရက်နေ့တွင် တရုတ်မူးယစ်နှိမ်နှင်းရေးတပ်ဖွဲ့ က ကိုးကန့်ဒေသ နေ ယန်မူရှန်(ယန်ညီ အစ်ကို - ယန်မူလျံ၊ ယန်မူအန်၊ ယန်မူရှန်) နှင့်အဖွဲ့အားဖမ်းဆီးခဲ့ပြီး အောက်တိုဘာ ၇ ရက် ၁၉၉၄ ၌ ယန်မူရှန် နှင့်အတူ တရုတ် ရဲ ၂ ယောက် အပါအဝင် လူ ၁၇ ယောက်အား နေ့တဝက် တရားစီရင်ကာ သေဒဏ်စီရင် ချက်ချခဲ့သည်။

အဆိုပါ ပုဂ္ဂိုလ် ၁၇ ယောက်အား ‘မူးယစ်ဆေး ဝါးနှင့် ပတ်သက်သောကြောင့် ကျနော်၊ ကျမတို့ ယခုကဲ့သို့ အပြစ် ဒဏ်စီ ရင်ခြင်း ခံရခြင်းဖြစ်ပါသည်’ ဆိုသည့် စာသားချိတ်ဆွဲ၍ ကူမင်းမြို့တပတ် ပတ်စေကာ သေနတ်ပစ် အဆုံးစီရင်ခဲ့ သည်ဟု မျက်မြင်များက ဆိုသည်။ထိုစဉ်က တရုတ် အစိုးရ သည်မူး ယစ်ဆေး ဝါးနှင့်ပတ်သက် သူတိုင်းအား နောက်စေ့ တည့် တည့်၌ သေနတ်တချက် ပစ်ခတ်ကာ သေဒဏ်ပေး သည့်နည်းကို အသုံးပြုခဲ့သည်။

ဖုန်ကျားရှင်း ဗမာပြည် ကွန်မြူနှစ်မှ ခွဲထွက်စဉ် အဆိုပါ ယန်မျိုး နွယ်ညီအစ်ကိုတို့ပါဝင်သော်လည်း နောက် ပိုင်း ဖုန်ကျားရှင်းအား ပုန်ကန်ခဲ့၏။

 နောက်ပိုင်း မူးယစ်ဆေး ဝါးမှုဖြင့် တရုတ် တရားရုံး၌ သေဒဏ်ပေး ခံရသည့် မြန်မာ နိုင်ငံသား ကိုးကန့် တရုတ် အမျိုးသားဖြစ် ပါသည်။ င်းတို့သည် တရုတ်ပြည် အတွင်း သို့ ဘိန်းဖြူ တင်ပို့ ခဲ့သည် ဟုဆိုသည်။တရုတ် တရား ရုံးတော်ပေါ် ရောက်ရှိနေသည့် ရွှေတြိဂံဒေသမူးယစ်ရာဇာအမည်ရ စိုင်းနော်ခမ်းမှာမူ အထက် ဖေါ်ပြသည့် ယန်ညီ အစ်ကို များအမှုနှင့် မတူညီပေ။

င်းသည် တရုတ်ပြည်သို့ ဘိန်းဖြူ အပါအဝင် မူးယစ် ဆေးဝါး များအား တရုတ်ပြည် သို့တင် ပို့ခြင်း မဟုတ်၊ မိမိဒေသ အတွင်း ဖြတ်သန်းသည့် မူးယစ်ဆေးဝါး အနည်းအများ အပေါ်  အခွန်အခ ကောက်ယူ ခဲ့ခြင်း သာဖြစ် သည်။

တရုတ် ၁၃ ဦးအား သတ်ဖြတ်ပါသည် ဆိုသည့် စွပ်ဆွဲချက်သည်လည်း ယနေ့တိုင်ခိုင်လုံသည့် အထောက် အထားကို တရုတ်အစိုးရတို့ မရရှိသေး ဟု ထိုင်းရဲတပ်ဖွဲ့အသိုင်းအဝိုင်းက ဆိုသည်။

စိုင်းနော်ခမ်းအား လာအို (လောဝ်) အစိုးရက ဧပြီ ၂၄ ရက်နေ့ လောဝ်နိုင်ငံမြောက်ပိုင်း၌ ဖမ်းမိပြီး တရုတ် အစိုးရထံ မေ ၁၀ ရက် က လွှဲအပ်ခဲ့၏။ စက်တင်ဘာ ၂၀ ရက် မှပထမဦးဆုံး တရားရုံးပေါ် တင်ပြီး ၂ ရက်တိုင်တိုင် အမှု စစ်ဆေးခဲ့၏။

ထို့နောက်သီးသန့်ခုံရုံးဖွဲ့ပြီးစစ်ဆေးနေသော်လည်း ခိုင်လုံသည့် အထောက်အထား မပြည့်စုံမှု ပတ်သက် ဆက်နွယ် သူများအား ထပ်မံသိရှိလိုမှုတို့ကြောင့်စီရင်ချက်မချနိုင်ဘဲ နှစ်ရက်သာစစ်ဆေးပြီး ရပ်နားထား ရခြင်းဖြစ်သည်ဟု ပြောသံများ လည်းထွက်ပေါ်နေပါသည်။

ထို့နောက်ပိုင်း စိုင်းနော်ခမ်းဘက်မှ ရုံးတော်အတွင်း ခုခံကာ ကွယ်ပေးရန် လင်လီ အမည်ရှိ ရှေ့နေ အမျိုးသမီး တဦးကို လည်း တာဝန်ပေး ခဲ့သည်။အကယ်၍ ထိုင်းဥပဒေဖြစ်မည်ဆိုပါက -တရုတ် ၁၃ ဦးသေဆုံးမှုတွင် 


၁) တရားခံဟု စွပ်စွဲခံထားရသူ၏ နယ်မြေအတွင်း၌ သတ်ဖြတ်မှုခံရသူတို့၏အလောင်းကိုတွေ့ရခြင်း။


၂) ရုပ်အလောင်းများ၌ သေနတ်ဒဏ်ရာများတွေ့ရခြင်း။

၃) တရားခံအဖြစ် စွပ်စွဲခံထားရသူမှာ တရားမဝင် သေနတ်အမြောက်အမြား ရှိခြင်း။

၎) အသတ်ခံရသူ၏ မော်တော်ကားကို တရားခံ၏ နယ်မြေအတွင်း၌ တွေ့ရခြင်း။

၅) သတ်ဖြတ်မှုအတွက် သက်သေခံသူ ရှိခြင်း- စသည့်အချက်များကိုက်ညီရမည်။

စိုင်းနော်ခမ်း စွပ်စွဲခံရသည့်အမှုမှာ ထိုအချက်များနှင့် မကိုက်ညီသောကြောင့် ထိုင်းတရားရုံးဖြစ်မည်ဆိုပါက ကွင်းလုံး ကျွတ် အမှုမှ လွတ်ကင်းဖွယ်ရှိသည်ဟု ထိုင်းရှေ့နေတဦးက သျှမ်းသံတော်ဆင့်သို့ ဤကဲ့သို့ ပြောပြဖူး ပါသည်။

“စိုင်းနော်ခမ်းနဲ့အတူ အဖမ်းခံရတဲ့ တပည့်တွေက သူတို့ဆရာပါလို့ သက်သေထွက်ဆိုမှုဟာ လေးနက်မှု မရှိဘူး။ သူတို့ရဲ့လွတ်မြောက်ရေး သက်သာရာရရေးအတွက် ပြောတယ်လို့ ယူဆကြမှာပါ။

 အခုလို တရုတ် ၁၃ ဦး သတ်ဖြတ်ခံရတဲ့ မဲခေါင်မြစ်ဆိုတာဟာ စိုင်းနော်ခမ်း ပိုင်ဆိုင်တဲ့နယ်မြေ မဟုတ်ဘူး။ ထိုင်း၊ လော၊ မြန်မာ စတဲ့ နိုင်ငံတကာပိုင်နက် ဖြစ်တယ်။ အခုထက်ထိ တရုတ် ၁၃ ယောက်ကို ဒီသေနတ်နဲ့ သတ်ခဲ့တယ်လို့ ပြနိုင်တာလည်းမတွေ့ရသေးဘူး။ သက်သေအထောက် အထား အရမ်းနည်းတယ်။ ဒါကြောင့် ထိုင်းတ ရားရုံး မှာ အမှုရင်ဆိုင်ရရင်တော့ ဒီအမှုဟာ လွတ်မြောက်ဖို့ များတယ်”ဟု အဆိုပါ ရှေ့နေက သျှမ်းသံတော် ဆင့်အား ပြောပြသည်။

တဖက်မှာလည်း စိုင်းနော်ခမ်း၏ မိသားစုဘက်မှ အထူးရှေ့နေတဦးကို ဟောင်ကောင်မှ ငှားရမ်းပြီး င်း၏ အပြစ်ဒဏ်လျှော့ပေါ့ရေး၊ လွတ်မြောက်ရေးအတွက် ကြိုးပမ်းလျှက်ရှိသည်ဟု မိသားစုနှင့်ရင်းနှီးသည့် သတင်းအရင်း အမြစ်တဦး ကဆိုပါသည်။

၁၉၉၄ ယန်အဖွဲ့ သေဒဏ်ချရသည့်နည်း ဖြစ်သော  သေနတ်ဖြင့် နောက်စေ့ပစ်ခတ်သတ်ဖြတ် သည့် ပစ်ဒဏ်ပေး သည့်စနစ် ယခုခေတ်တွင် မရှိတော့ပါ။ ၂၀ဝ၉ မှစ၍ ဆေးထိုးနည်းဖြင့် သေဒဏ်ပေးခြင်းသာ ရှိတော့သည် ဟုသတင်းများကဆိုပါသည်။

သျှမ်းသံတော်ဆင့်


0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်