Friday, October 26, 2012

KIA တပ်မဟာ(၂)တွင် (၃)ပတ်တာစစ်အခြေခံသင်တန်း ဖွင့်လှစ်

Posted by drmyochit Friday, October 26, 2012, under | No comments


အောက်တိုဘာ(၂၅)

KIA တပ်မဟာ(၂) ဌာနချုပ်ဟောင်း အောင်လောဒ့်တွင် လူသစ်ဖမ်းဆီးထားသူ(၂၀၀)ဦးဖြင့် စစ်အခြေခံ သင်တန်း အား အောက်တိုဘာလ(၂၂)ရက်နေ့က ဖွင့်လှစ်ခဲ့ကြောင်း သိရပါတယ်။
 

KIA စစ်အခြေခံလေ့ကျင်ရေးသင်တန်း သင်တန်းသားအိပ်ဆောင်တွင်တွေ့ရသော ကလေးစစ်သားများ အ ဆိုပါ လူသစ်များမှာ ဖားကန့်မြို့နယ်မှ မှော်လုပ်ငန်း လုပ်ကိုင်နေစဉ် ဖမ်းဆီးထားသူများဖြစ်ပြီး ကချင်လူမျိုး (၈၀)ကျော်ပါဝင်ပြီး ကျန်လူများမှာ ဗမာလူမျိုး၊ ရှမ်းလူမျိုးများ ဖြစ်ပါတယ်။ အဆိုပါ လူသစ်များအား အောက်တိုဘာလအတွင်းတွင် ၄င်းတို့၏ လုပ်ငန်းများလုပ်ကိုင်နေစဉ် ဖမ်းဆီးခံရသူများနှင့် ခရီးသွားစဉ်လမ်း၌ ဖမ်းဆီးထား သူများ ဖြစ်ကြောင်း သိရပါတယ်။

KIA ဟာ မိုးကောင်း-ဖားကန့်လမ်း၊ မိုးညှင်း-ဖားကန့်လမ်းများတွင် ဖားကန့်သို့ ၀င်ရောက်လာသော ကားများ အား လမ်းပေါ်တွင် ရပ်တန့်စစ်ဆေး၍ ဖားကန့်သို့ အမျိုးသမီးများကိုသာ ၀င်ခွင့်ပြုပြီး အမျိုးသား လူရွယ်များအား ဖမ်းဆီးလူသစ်စုဆောင်းလျက်ရှိကြောင်း သိရပါတယ်။

``ဖားကန့်နဲ့ မိုးကောင်းက ဘယ်လောက်မှ ဝေးတာမဟုတ်ဘူး။ ဒီလမ်းပေါ်မှာကို KIA က အဖွဲ့လိုက် အဖွဲ့လိုက် စစ်နေတာ အဖွဲ့တွေကို နည်းတာမဟုတ်ဘူး။ စစ်ရင်လည်း မိန်းမတွေကို လွတ်ပေးပြီး ယောက်ျား တွေဆိုရင် အသက်ကြီးတဲ့သူဆို ပြန်လွတ်တယ်။ (၄၀) မကျော်ရင်ဖမ်းတော့တာဘဲ၊ ဒါ့အပြင် ဆန်တွေဘာတွေတွေ့ရင် သိမ်းထားလိုက်သေးတယ်၊ ကားတွေကလဲ ပိုက်ဆံပေးရတယ်။ ဘယ်လောက်ပေးရလဲတော့မသိဘူး´´ ဟု ဖားကန့်မြို့ခံတစ်ဦး က ဆိုပါတယ်။

KIA ဟာ ကချင်ပြည်နယ်တစ်ခုလုံးတွင်ရှိတဲ့ ကျေးရွာတွေကို ၀င်ရောက်ပြီး ဒေသခံရွာသားများအား အတင်း အဓမ္မ ဖမ်းဆီးလျက်ရှိရာ အသက်မပြည့်သေးသည့် ကျောင်းသူ၊ ကျောင်းသားများ ပါဝင်လျက်ရှိကြောင်းလည်း သိရပါတယ်။

အောက်တိုဘာလ(၂၃) ရက်နေ့တွင်ပင် ပူတာအိုမြို့နယ် လုံရှာရန်ကျေးရွာမှ ကျောင်းသားများအပါအ၀င် ဒေသခံ(၂၂)ဦးကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်းလည်း သိရပါတယ်။

KIA မှ ၂၀၁၂ ခုနှစ် စက်တင်ဘာလနှင့် အောက်တိုဘာလများတွင် လူသစ်စုဖမ်းဆီးခြင်းအား စီမံချက်ချ၍ တိုးချဲ့ လုပ်ဆောင်လာရာ ယခုအချိန်ထိ ကချင်ပြည်နယ်တွင် ဖမ်းဆီး လူသစ်စု ခံရသူ(၃၀၀၀) ကျော်ရှိပြီ ဖြစ်ပြီး အဆိုပါလူများတွင် ရှမ်းလူမျိုးများမှာ (၈၀၀)ကျော်ပါဝင်ကြောင်းနှင့် ဗမာလူမျိုး၊ ချင်းလူမျိုး၊ ရခိုင်လူမျိုးများလည်း ပါဝင်ကြောင်း သိရပါတယ်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်