Friday, October 26, 2012

ဘရာဇီးလ်ကျောင်းသူ၏ အပျိုစင်ဘဝကို ဂျပန်နိုင်ငံသား လေလံအောင်မြင်

Posted by drmyochit Friday, October 26, 2012, under | No comments



အမေရိကန် နှစ်ဦး၊ အိန္ဒိယ နိုင်ငံသား တစ်ဦးတို့ အပါအဝင် နောက်ဆုံး အဆင့် လေလံ ဈေးပေး မှုများ အပြီးတွင် နတ်ဆူ ဟုသာ အမည် ဖော်ပြသည့် ဂျပန် လူမျိုးက အသက်(၂၀) အရွယ် ကက်ထရီနာ မစ်လီ ရော်ရီ နီနှင့် ချစ်ဗျူဟာ ခင်းရန် အခွင့် အလမ်းကို အမြင့်ဆုံး ဈေးဖြင့် ရယူ သွားခဲ့သည်။

ရန်ပုံငွေ အလှူတစ်ခုအတွက် သူမ၏ အပျိုစင်ဘဝကို ရောင်းချမည်ဟု ကြေညာ ထားသည့် ဘရာဇီးလ် ကျောင်းသူလေး၏ လေလံကိစ္စသည် နောက်ဆုံးတွင် သဘောတူညီမှု ရရှိသွားပြီ ဖြစ်သည်။ အမေရိကန် နှစ်ဦး၊ အိန္ဒိယနိုင်ငံသား တစ်ဦးတို့ အပါအဝင် နောက်ဆုံးအဆင့် လေလံဈေးပေးမှုများ အပြီးတွင် နတ်ဆူ ဟုသာ အမည်ဖော်ပြသည့် ဂျပန်လူမျိုးက အသက်(၂၀)အရွယ် ကက်ထရီနာ မစ်လီရော်ရီနီနှင့် ချစ်ဗျူ ဟာခင်းရန် အခွင့်အလမ်းကို အမြင့်ဆုံးဈေးဖြင့် ရယူသွားခဲ့သည်။



ကက်ထရီ နာသည် ယခင် ကတည်းက သူမသည် ပြည့်တန်ဆာ တစ်ဦး မဟုတ် ကြောင်းနှင့် သူမ၏ ခန္ဓာ ကိုယ်ကို တစ်ကြိမ်သာ ရောင်းချ မည်ဖြစ် ကြောင်း ပြောကြား ထားသည်။ ထို့အပြင် ကက်ထ ရီနာသည် နောက်ဆုံး တွင် အပျိုစင် ဘဝကို ရောင်းချရန် ဒေါ်လာ (၇၈၀၀၀၀) ဖြင့် အဆို ပြုမှုကို သဘောတူ လက်ခံ လိုက်သည်။

ဂျက်မီလာနှင့် ဂျက်ရိုက်ဆိုသော အမေရိကန်နှစ်ဦး၊ အိန္ဒိယသူဌေး ရူဒရာ ချက်တာဂျီတို့သည် ကက်ထရီနာ အတွက် အပြိုင် လေလံ ဆွဲခဲ့ သော်လည်း နတ်ဆူ ကသာ အမြင့်ဆုံး ဈေးပေး သွားခြင်း ဖြစ်သည်။ ကက်ထ ရီနာ၏ အစီ အစဉ်သည် အင်တာ နက်တွင် လူပြော သူပြော များသော ကိစ္စတစ်ခု ဖြစ်ခဲ့ပြီး ဝေဖန်မှု အမျိုးမျိုး ထွက်ပေါ်ခဲ့သည်။
သူမသည် Virgins Wantedဆိုသော မှတ်တမ်းဗီဒီယိုအတွက်လည်း ဩစတြေးလျ ရုပ်မြင်သံကြား အဖွဲ့ တစ်ခုကို မှတ်တမ်း တင်ခွင့် ပေးမည်ဟု ပြောဆို ထားရာ အပြာ ရုပ်ရှင်မယ် တစ်ဦး အဖြစ် ပြစ်တင် မှုများ လည်း ရှိခဲ့သည်။ သူမသည် အဆိုပါအဖွဲ့က စီစဉ်ပေးသည့် လေယာဉ် ပေါ်တွင် မှတ်တမ်း ဗီဒီယို အရိုက် ခံမည် ဖြစ်သည်။
ကက်ထ ရီနာ ကမူ "ကျွန်မ ကတော့ ဒါကို လုပ်ငန်း တစ်ခုလို့ပဲ မြင်ပါတယ်။ ကျွန်မမှာ ခရီး တစ်ခု သွားဖို့ အခွင့် အရေးလည်း ရှိလာတယ်။ ဇာတ်ကား တစ်ကားမှာ အစိတ် အပိုင်း တစ်ခု အနေနဲ့ ပါဝင် ခွင့်ရမှာ ဖြစ်သလို အဲဒီ အတွက် ထိုက်သင့်တဲ့ ခံစားခွင့်လည်း ရှိဦးမယ်။ ကျွန်မ ပြောချင်တာက ဘဝတစ် လျှောက်လုံးမှာ တစ်ခါတည်းပဲ ဒီကိစ္စကို ဆောင်ရွက်တာပါ။
ကျွန်မဟာ ပြည့်တန်ဆာ တစ်ယောက် မဟုတ် ပါဘူး။ ပြောရ ရင်တော့ လူတစ် ယောက်ဟာ တစ်ခါ လောက် အံ့ဩစရာ ဓာတ်ပုံ ကောင်းတစ်ခု ရိုက်ဖူး ရုံနဲ့ ဓာတ်ပုံ ဆရာ ဖြစ်မလာ နိုင်ဘူးလေ"ဟု ပြောဆို ခဲ့ဖူးသည်။

သူမသည် လေလံအောင်မြင်သော ဂျပန်သားနှင့် အတူ ဩစ တြေးလျနှင့် အမေရိ ကန်ကြား ခရီး စဉ်တွင် လေယာဉ် ပေါ်၌ ချစ်တင်း နှီးနှော ရမည် ဖြစ်သည်။ သူမအား ယင်းကိစ္စ မတိုင် မီနှင့် ပြီးဆုံး ချိန်တို့တွင် အင်တာ ဗျူးရန်လည်း စီစဉ်ထားသည်။
နတ်ဆူ အနေဖြင့် ၎င်း၏ ရုပ်သွင်ကို မီဒီယာ များတွင် မဖော်ပြ နိုင်အောင် ဖုံးကွယ် ထားခွင့် ရမည်ဖြစ် သည်။ ယခု သဘော တူညီ ချက်အရ သူမအား လေလံဆွဲ အောင်မြင် သူသည် အပိုဆောင်း ကိရိယာ တန်ဆာ ပလာများ ယူဆောင်ခွင့် မရှိသလို အကာအကွယ် ပစ္စည်းကို မဖြစ်မနေ ထည့်သွင်း အသုံး ပြုရမည် ဖြစ်သည်။
နတ်ဆူသည် သူမနှင့် မတွေ့ဆုံမီ လိင်မှ တစ်ဆင့် ကူးစက် တတ်သော ရောဂါများ ကင်းရှင်းကြောင်း စစ်ဆေး ခံရမည် ဟုလည်း သိရသည်။ ဒါရိုက်တာ ဂျက်စတင် ဆဲလ်ဆီ တာဝန်ယူမည့် မှတ်တမ်း ဗီဒီယို အတွက် အလက် ဇန္ဒား အမည်ရှိ လူပျို တစ်ဦး သည်လည်း မှတ်တမ်း ဗီဒီယို အရိုက် ခံမည် ဖြစ်သည်။ ၎င်းအား နီနီဘီဟု အမည် ဖော်ပြသော ဘရာဇီးလ် အမျိုးသမီး တစ်ဦးက ဒေါ်လာ (၃၀၀၀)ဖြင့် ဝယ်ယူခဲ့သည်။

ကက်ထ ရီနာသည် လေလံမှ ရရှိသော ငွေကြေး များကို ဆင်းရဲ နွမ်းပါးသော မိသားစု များအတွက် အိမ်ရာ ဆောက်လုပ် ပေးမှု စီမံ ကိန်းများတွင် လှူဒါန်းမည် ဖြစ်သည်။ သူမသည် သောမတ်စ် ဝီလျံ ရုပ်ရှင် ထုတ်လုပ် ရေးက ရုပ်ရှင် အတွက် အပျိုစင် တစ်ဦး ရှာဖွေ နေမှုတွင် လက်ခံ သဘော တူခဲ့ပြီး ယခု အစီ အစဉ် အတွက် လွန်ခဲ့သော (၂)နှစ်က လက်မှတ်ထိုးခဲ့သည်။


ကက်ထ ရီနာက လေလံမှ ရရှိလာသည့် ငွေကြေးအားလုံး၏ (၉၀)ရာခိုင်နှုန်းနှင့် မှတ်တမ်း ရုပ်ရှင် အတွက် ရရှိမည့် ငွေများမှ ဒေါ်လာ (၂၀၀၀၀)တို့ကို သူမ၏ ဇာတိပြည် နယ်ဖြစ်သော ဆန်တာ ကက်ထရီနာတွင် နွမ်းပါးသူများအတွက် ခေတ်မီ အိမ်ရာများ ဆောက်လုပ်မည့် စီမံကိန်း အတွက် လှူဒါန်း သွားမည်ဟု ကြိုတင် ပြောဆို ထားသည်။
 

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်