Friday, October 26, 2012

EMG သတင်းထောက်၏ ကင်မရာ Memory Card သိမ်းဆည်းခံရ

Posted by drmyochit Friday, October 26, 2012, under | No comments



ကျောက်ဖြူ မြို့မှ သတင်းထောက် တစ်ဦး၏ ကင်မရာ memory ကဒ်အား ကျောက်ဖြူ ခရိုင် အုပ်ချုပ်ရေး မှူးမှ ယနေ့ ၂၅ ရက်နေ့ ၊ နေ့လည် ၁ နာရီခန့် အချိန်တွင် သိမ်းဆည်း သွားခဲ့ကြောင်း မျက်မြင် သက်သေ များက ပြောဆို ပါသည်။

ကျောက်ဖြူ မြို့တွင် ဖြစ်ပွား ခဲ့သော မီးလောင် မှုများနှင့် ပတ်သက်ပြီး EMG မှသတင်း ထောက်သည် အချိန်နှင့် တစ်ပြေးညီ သတင်း များကို ဂျာနယ် တိုက်သို့ အရောက် ပို့ပေး ခဲ့ကြောင်း လည်းသိရသည်။ ဂျာနယ် တိုက်မှ တရားဝင် ခန့်ထား သော သတင်း ထောက် တစ်ဦး၏ ဓါတ်ပုံ ရိုက်ခွင့်ကို ပိတ်ပင်ခြင်း၊နှောက်ယှက် ခြင်းများသည် ဂျာနယ် လွတ်လပ်ခွင့် များအား ပိတ်ပင်တား ဆီးနေ သည်ဟု တွေးမြင် ခံစား မိပါသည်။


ယင်းသို့ လုပ်ရပ် များသည် ရခိုင် ပြည်နယ် အတွင်းရှိ ဂျာနယ် လစ်များ ပေါ်ထွက် လာရေးကို တားဆီး ပိတ်ပင်နေ သကဲ့သို့ သက်ရောက် စေသည့် ပြင် အခြားသော သတင်း သမားများ အားလည်း ခြိမ်းခြောက်ခြင်း များဖြစ်နေ ကြောင်းသိ ရှိရ ပါသဖြင့် RSV အနေဖြင့် ထိုလုပ်ရပ်အား ကန့်ကွက် ပါကြောင်းတင်ပြအပ်ပါသည်။


ထိုသတင်း ထောက်သည် EMG မှကျောက်ဖြူ တာဝန်ခံ သတင်းထောက် ဦးရဲ မင်းနိုင်ဖြစ်ပြီး ကင်မရာ memory ကဒ်အား သိမ်းဆည်းသွားသူမှာကျောက်ဖြူခရိုင်အုပ်ချုပ်ရေးမှူးကြောင်းလည်း ကဒ်သိမ်း ယူသွားစဉ် မြင်တွေ့ လိုက်ရ သူများ ကပြော ပါသည်။


မီဒီယာ သမား များအား ထိုသို့ ပြုလုပ် ခြင်းသည် ရခိုင် ပြည်နယ် အတွင်းမှ အခြားသော မီဒီယာ သမားများ အတွက်လည်း စိုးရိမ် စရာ ဖြစ်လာ နိုင်ကြောင်း လည်းသုံး သပ်မိ ပါသည်။



 facebook တွင်းရေးသားချက်



Kyaw Zin · Friends with Aung Nay Myo
နေ့လည် 1 နာရီလောက်က ကျော်ဖြူ ခရိုင် အုပ်ချုပ် ရေးမှူး ဦးရန်အောင်က eleven နယ်ခံ သတင်းထောက် ဓာတ်ပုံ ရိုက်နေ တာကို momery card သိမ်း သွားပါတယ်။ 

ရန်ကုန်ရုံးမှ အယ်ဒီတာ များမှ အုပ်ချုပ် ရေးမှူးထံ ဆက်သွယ် မေးမြန်းမှသာ ခေတ္တ သိမ်းခြင်း ဖြစ်ပြီး ပြန်ပေး မည်ဖြစ် ကြောင်းပြော ပါတယ်။ ဓာတ်ပုံ ကလည်း ကျောက်ဖြူ မြို့နယ် သဗ္မန် ချောင်း ရပ်ကွက်မှ ဘင်္ဂါလီ တွေကို ကျောက်ဖြူ မြို့နယ် သချိုင်း အနီး ငါးကျောင်း စခန်းကို ပြောင်းရွှေ့ နေတဲ့ပုံ ကိုရိုက် တာပါ။


Rakhine Straight Views

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်