Friday, October 26, 2012

ကင်မ်ဂျုံအီလ်ကို မလေးမခန့်ပြုလုပ်သည့် ဝန်ကြီး မော်တော်ကျည်ဆန်ဖြင့် ပစ်သတ်ခံရ

Posted by drmyochit Friday, October 26, 2012, under | No comments


မြောက် ကိုရီးယား နိုင်ငံတွင် သမ္မတ ဟောင်း ကင်မ်ဂျုံ အီလ်ကို မလေးမခန့် ပြု လုပ်မိသူ စစ်ဘက် ဝန်ကြီး တစ်ဦးအား မော်တာ ကျည်ဆန်ဖြင့် ပစ်ခတ် သတ်ဖြတ် ခဲ့ကြောင်း သိရသည်။ ကွယ်လွန်သူ သမ္မတဟောင်း ကင်မ်အတွက် ရက်ပေါင်း(၁၀၀)ကြာ ကြေကွဲမှု သတ်မှတ် ထားချိန် အတော အတွင်း စစ်တပ်၏ ဒုတိယဝန်ကြီး ကင်မ်ချိုလ်မှာ အရက်သေစာ သောက်စားခဲ့ မှုအတွက် သေဒဏ် စီရင် ခံရခြင်း ဖြစ်သည်။ ၎င်းသည် ယခုနှစ် အစောပိုင်းက ထောင်သွင်း အကျဉ်းချ ခံထားရပြီး ယခုအခါ ခေါင်းဆောင် သစ် ကင်မ်ဂျုံအန်းက သေမိန့် ချမှတ်ခဲ့ခြင်း ဖြစ်သည်။


သမ္မတဟောင်း ကင်မ်သည် ပြီးခဲ့သည့်နှစ်၊ ဒီဇင်ဘာလက ကွယ်လွန်ခဲ့ပြီး သားဖြစ်သူ ဂျုံအန်းက မြောက်ကိုရီးယား၏ အာဏာစက်ကို ဆက်ခံခဲ့သည်။
   
(မြောက်ကိုရီးယား စစ်ဘက်ဝန်ကြီးအား ပစ်သတ်ခဲ့သည့် မော်တာကျည် ဆန်အမျိုးအစား)

တောင်ကို ရီးယား သတင်း ဌာနများက ချိုလ်သည် သတ်မှတ် နေရာ တစ်ခုတွင် ရပ်နေရန် အတင်း အကျပ် စေခိုင်း ခံရပြီး မော်တာဖြင့် ချိန်ရွယ် ပစ်ခတ်ကာ အစိတ်စိတ် အမြွှာမြွှာ ဖြစ်သွား အောင် သတ်ဖြတ်ခြင်း ခံခဲ့ရကြောင်း ဖော်ပြခဲ့သည်။


ထို လုပ်ရပ်သည် ဂျုံအန်း၏ နိုင်ငံရေး ဝါဒအပေါ် ဆန့်ကျင် လာနိုင်သည့် အခြေ အနေ များအတွက် ပြည်တွင်းတွင် တိုက်ရိုက် ကျကျ သတိပေး ခြိမ်း ခြောက်မှု တစ်ခုဟုလည်း သတင်းများက သုံးသပ်ခဲ့သည်။

ယခုနှစ် အတွင်း ဂျုံအန်းသည် ဖခင်လက်ထက်က ခန့်အပ်ထားသည့် ထိပ်တန်း အရာရှိ အနည်းဆုံး (၁၄)ဦးကိုလည်း ရာထူးများမှ ဖယ်ရှားခဲ့ပြီး ဖြစ်သည်။ ယင်းတို့အနက် စစ်တပ် အကြီးအကဲ ရီယွန်ဟိုနှင့် ဗဟိုဘဏ် ဥက္ကဋ္ဌ ရီကွမ်ဂွန်တို့လည်း ပါရှိခဲ့သည်။ အသက်(၃၀)ပင် မပြည့်သေးသည့် ခေါင်းဆောင်သစ် ဂျုံအန်းသည် ဖခင်သေဆုံးမှုအတွက် ကြေကွဲမှု အခမ်းအနားကို ရက်ပေါင်း(၁၀၀)တိတိ သတ်မှတ် ကျင်းပ ရန် စေခိုင်းခဲ့ကြောင်း မြောက်ကိုရီးယား သတင်းရင်းမြစ်များက ချိုဆန်အီဘိုလ် သတင်းစာသို့ ပြောကြားခဲ့ကြသည်။ 

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်