
ရသေ့တောင်မြို့နယ်မူစည်းကျွန်းရှိ ညောင်ပင်ကြီးကျေးရွာ
ဖြစ်ပွါးသောဆူပူအကြမ်းဖက်မှုတွင် စစ်တပ်က ပစ်ခတ် မှုကြောင့် ခိုင်တိုင်းရင်းသား
သုံးဦး သေဆုံးခဲ့ပြီး ၁၁ဦးဒဏ်ရာရရှိကာ ယင်းဒဏ်ရာရရှိသူများကို စစ်တွေဆေးရုံးတွင်
ကုသနေကြောင်း ဒေသခံများ၏ သတင်းပေးပို့ချက် အရသိရှိရသည်။
သုံးဆုံးသူ သုံးဦးအနက် နှစ်ဦးအလောင်းကို ရရှိထားပြီဖြစ်ပြီး ကျန်တစ်ဦးကို စစ်တပ်က ပြန်မပေးသဖြင့်ဒေသခံ များနှင့် အခြေအနေတင်းမာနေကြောင်း၊ ရရှိထားသော အလောင်းနှစ်လောင်းတွင် တစ်လောင်း တွင် ဦးခေါင်း ကျည်ထိဒဏ်ရာနှင့် ကျန်တစ်လောင်းတွင် လည်ပင်းကျန်ထိ ဒဏ်ရာဖြင့် သေဆုံးဖြင်း ဖြစ် ကြောင်း ၄င်းတို့က ဆိုသည်။
ကျန်
အလောင်း တစ်လောင်းကို စစ်တပ်က သတ်သည်ဟု မပြောပဲ ဘင်္ဂါလီများ သတ်သည်ဟု ပြောဆိုမှ သာ အလောင်းကို
ထုတ်ပေးမည်ဆိုသဖြင့် ဒေသခံများနှင့် အခြေ နေ တင်းမာ နေခြင်း ဖြစ်သည်။ စစ်တပ်က ပစ်ခတ်မှုများကို
သတိပေးခြင်းမရှိပဲ ဗလီကို စစ်တပ်အကာအကွယ်ယူကာ ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်ဟု သတင်းများထွက်နေသည်။
စစ်တပ်မှာ
၅၃၆ တပ်ရင်းဖြစ်ပြီး ယင်းတပ်ရင်းတွင် ကိုင်တွယ်သော ဗိုလ်မှူး စိုးဖေသန်း မှာ မကြာသေး
ခင်က ရန်ကုန်မှ တာဝန်ကျလာ သူဖြစ်ပြီး ၄င်း၏ မိခင်မှာ မွတ်စလင်ဘာသာဝင် ကမန်ဖြစ်သည်ဟု
စစ်တွေ မြို့ လူမှုအဖွဲ့ အစည်း တစ်ခုက ပြောကြားသည်။
Rakhine
Citizen Journalists
Time in Rangoon

0 comments:
Post a Comment